စက်ရုံကိုလည်း လေ့လာခွင့်ရမယ်… သွားတဲ့လမ်းမှာလည်း အမုန်းရှော့ရမယ့် ခရီးစဉ်

သင့်အနေနဲ့ ခရီးထွက်ရင်း ခရီးစဉ်တစ်လျှောက်လုံး Tequila ကို ရှော့ရမယ့်ဆို ဘယ်လိုများသဘောရလဲ….

stock image

Jose Cuervo Express က ခရီးသွားရင်း Tequila ရှော့နိုင်မယ့် ခရီးစဉ်တွေကို ကမ္ဘာ့ပထမဆုံး အနေနဲ့ ပြေးဆွဲနေပါတယ်။ (၂၀၁၂) ခုနှစ်ကတည်းက ဒီ ရထားလိုင်းက နေထွက်၊ နေ၀င် ပုံမှန်ပြေးဆွဲလျက်ရှိခဲ့တာလို့လည်း သိရပါတယ်။

BBC/Mundo Cuervo

ဒီ ရထားပေါ်မှာဆို ရှိသမျှ Tequila တွေကို စိတ်ကြိုက်ရှော့နိုင်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကတော့  မက္ကဆီကို အနောက်ပိုင်း Guadalajara ကနေ နေထွက်ချိန်ကတည်းက စထွက်မှာဖြစ်ပြီး Tequila မြို့ကို သွားမှာပါ။ မြို့ပတ်သွားမယ့် ခရီးလည်းဖြစ်ပြီး ရထားပေါ်မှာ ဘားကောင်တာပါဝင်ပြီး မုန့်ပဲသရေစာလည်း ရနိုင်တယ်။

BBC/Mundo Cuervo

ကုမ္ပဏီရဲ့ ကျွမ်းကျင်သူတွေနဲ့ အရသာ ခွဲခြားပုံတွေကို လေ့လာခွင့်ရမှာဖြစ်ပြီး Tequila မြို့မှာရှိတဲ့ အမေရိကတိုက်ရဲ့ ရှေးအကျဆုံးတစ်ခုဖြစ်တဲ့ Jose Cuervo အရက်ချက်စက်ရုံကိုလည်း အလည်အပတ်သွားရောက်ခွင့်ရမှာပါ။ ပြီးရင် အဲ့ဒီ့မှာ ကျင်းပတဲ့ မက္ကဆီကန်ရိုးရာပွဲမှာလည်း ပါဝင်ဆင်နွှဲနိုင်မယ်။

READ
စင်္ကာပူမှာ လည်ပတ်စရာနေရာတွေ
twitter

ခရီးစဉ်က မနက် နေထွက်ချိန်နဲ့ နေ၀င်ချိန် နှစ်မျိုးရှိကြောင်းသိရပါတယ်။ ခရီးစဉ်က အမေရိကန်ဒေါ်လာ (၁၁၁) ဒေါ်လာကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။

Ref: Mentalfloss

Matthew (ShweMOM)
SHARE