ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ အခေါ်ခံရတာကို ဂုဏ်ယူတဲ့ ဥရုဂွေးနိုင်ငံရဲ့ သမ္မတဟောင်း

ဥရုဂွေးနိုင်ငံရဲ့ မြို့တော်မွန်တီဗီယိုရဲ့ မလှမ်းမကမ်းက တောမြို့လေး ရင်ကွန် ဒယ်လ် ကာရွန်မှာ ရဲနှစ်ယောက် အမြဲတမ်း ကင်းစောင့်နေတဲ့ အိမ်လေးတစ်လုံး ရှိပါတယ်။ အိမ်လေးရဲ့ နောက်ဖေးမှာတော့ ပန်းခြံလေး တစ်ခုရှိပြီး အိမ်ဝင်းထဲမှာ ခွေးလေခွေးလွင့်တွေ အများကြီးပါ။ အိမ်ရှင်ကတော့ အသက်(၈၂)နှစ်အရွယ် အဘိုး အိုနဲ့ သူ့ရဲ့ဇနီး အသက်(၇၃)နှစ် အဘွားအိုတို့ပဲ ဖြစ်ပါတယ်။

အဘိုးအိုကတော့ နိုင်ငံရေးလောက ကနေ အနားယူသွားပြီဖြစ်တဲ့ ဥရုဂွေးနိုင်ငံရဲ့ သမ္မတဟောင်း ဟိုဆေး မူယီ ကာ(José Mujica) ဖြစ်ပါတယ်။ သူဟာ (၂၀၁၀)ခုနှစ် မတ်လ(၁)ရက်နေ့ကနေ (၂၀၁၅)ခုနှစ် မတ်လ(၁)ရက် နေ့အထိ (၅)နှစ်တိုင်တိုင် ဥရုဂွေးနိုင်ငံရဲ့ သမ္မတဖြစ်ခဲ့သူပါ။ သမ္မတာရာထူး ပထမသက်တမ်းအပြီးမှာ ပြည်သူ တွေက ဒုတိယသက်တမ်း ထပ်ရွေးဖို့ လိုလားခဲ့ပေမယ့် ကျန်းမာရေးကြောင့် နိုင်ငံရေးလောက ထဲကနေ အပြီး အပိုင် အနားယူခဲ့တာဖြစ်ပါတယ်။

READ
အခက်အခဲအမျိုးမျိုးကြားကဈေးရောင်းပြီး တက္ကသိုလ်ပြီးဆုံးအောင်တက်ခဲ့သည့်ကျောင်းသား
UPI
TruthandAction

ဥရုဂွေးပြည်သူတွေက ဟိုဆေးကို ချစ်တာလည်း မဆန်းပါဘူး။ ဟိုဆေးဟာ သူ့ရဲ့ သမ္မသက်တမ်း(၅)နှစ် အတွင်းမှာ သမ္မတလစာ တစ်လ ဒေါ်လာ(၁၂,၀၀၀)ထဲက (၉၀)ရာခိုင်နှုန်းကို လစဉ်လတိုင်း နိုင်ငံတစ်ဝန်းက ဆင်းရဲတဲ့ ပြည်သူတွေနဲ့ မိဘမဲ့ဂေဟာတွေကို လှူခဲ့ပါတယ်။ သမ္မတဘ၀က အနားယူခဲ့ချိန်မှာလည်း ဘာစီးပွားရေးမှ မလုပ်တတ်တဲ့ ဟိုဆေးဟာ မိန်းမရဲ့ အိမ်မှာ ကပ်နေရင်း ပန်းပင်တွေစိုက်ပြီး ပန်းရောင်းသမားတစ်ဦးအဖြစ် အသက်မွေးနေသူပါ။

thefamouspeople

ဟိုဆေးမှာ ပိုင်ဆိုင်မှုဆိုလို့ ဒေါ်လာ (၁,၈၀၀)တန် (၁၉၈၇)ခုနှစ်မော်ဒယ် ကားဟောင်းတစ်ဦး၊ လက်ရှိနေ,နေ တဲ့ အိမ်နဲ့ ပန်းစိုက်တဲ့ ပန်းခြံသာ ရှိပါတယ်။ ဟိုဆေးကတော့ “ကျွန်တော့်မှာ ရှိသလောက်နဲ့ အဆင်ပြေ အောင် နေတတ်ပါတယ်။ ဘာမှ မပိုင်ဆိုင်ရင် ဘာမှ ပူပန်စရာ မလိုပါဘူး။ လွတ်လပ်မှု တစ်ခုပါ” ဆိုပြီး ကမ္ဘာကျော် BBC ရုပ်သံနဲ့ လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

READ
အသက် (၁၅) နှစ်နဲ့ ဂျာမနီမှာ PhD သုတေသနလုပ်နေပြီဖြစ်တဲ့ လူငယ်လေး
Cbc
Telegraph

ဟိုဆေးကို မီဒီယာတွေက “ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ” လို့ အမည်ပေး ခေါ်ဝေါ်ကြပါတယ်။ ဟိုဆေးကို ကြည် ညိုတဲ့ ဥရုဂွေးနိုင်ငံသားတွေကတော့ သူတို့ချစ်တဲ့ သမ္မတကြီးကို အဲလိုမျိုး ခေါ်တာကို မကြိုက်ကြပါဘူး။ ဒါပေ မယ့် ဟိုဆေး “ ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ အခေါ်ခံရပေမယ့် ကျွန်တော့်ကို ကျွန်တော် ဆင်းရဲတယ်လို့ ဘယ်တုန်းကမှ မခံစားဖူးပါဘူး။ ဆင်းရဲတဲ့ လူတွေဆိုတာ အသုံးအဖြုန်းကြီးတဲ့ ဘ၀မှာ အဆင်ပြေဖို့ ကျွန်တစ် ယောက်လို မရပ်မနား အလုပ်,လုပ်နေရတဲ့ လူတွေလို့ ကျွန်တော်ကတော့ ထင်ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

Ref : wikipedia , thefamouspeople, BBC

SHARE