ငယ်ပါ တန်းလန်းနဲ့ ပန်းဝင်ခဲ့တဲ့ မာရသွန် အပြေးသမား

ပြေးခုန်ပစ် အားကစားဟာ စည်းကမ်းတွေနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ တော်တော်လိုအပ်ပါတယ်။ လေ့ကျင်းမှုတွေ၊ ပြင်ဆင်မှုတွေ အကြီးအကျယ်လုပ်ပြီးမှာ ဒီလိုပြိုင်ပွဲတွေက ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပန်းတိုင်ထိရောက်အောင် သွားနိုင်ဖို့လည်း လိုအပ်ပါတယ်။

Elite Reader

ဒီလို ပြေးပွဲတွေနဲ့ ပတ်သက်ပြီး အမှတ်ရစရာ အဖြစ်အပျက် တော်တော်များလည်းရှိပါတယ်။ ဒီလိုထဲကမှ မာရသွန်အပြေးသမားတစ်ယောက်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူတော်တော်များများရဲ့ အာရုံကို ဖမ်းစားခဲ့ပါတယ်။ ဘယ်လိုပြောရမလဲ ဘောင်းဘီပေါက်ပြီး ထွက်ကျနေတဲ့ ငယ်ပါတန်လန်းနဲ့ ပန်းဝင်လာခဲ့တယ် ဆိုပါတော့။ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် အောက်တိုဘာလတုန်းက စလိုဗက်ကီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။

Elite Reader

သတင်းများရဲ့ ဖော်ပြချက်အရ Josef Urban ဆိုတဲ့ မာရသွန်အပြေးသမားဟာ Slovakia’s Kosice Peace မာရသွန်ပြေးပွဲမှာ မမျှော်လင့်ဘဲ့ မပေါ်သင့်တဲ့ဟာတွေ ပေါ်လာခဲ့တာပါ။ အသက် (၃၁) နှစ်အရွယ် Urban ဟာ နောက်ဆုံးအကျော့ ပြေးလမ်းပေါ်မှာ  သူ့ရဲ့ ငယ်ပါ မတော်တဆ ပေါ်ထွက်လာပြီး လူတိုင်း လူတိုင်း မြင်လိုက်ရပါတယ်။

READ
မူးယစ်ဆေးတစ်မျိုးကြောင့် Zombie တစ်ကောင်ကဲ့သို့ လမ်းပေါ်တွင်သွားခဲ့သူ
Elite Reader

Urban ဟာ (၂) နာရီ (၂၁) မိနစ် (၅၁) စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး အဆင့် (၁၀) တောင် ချိတ်နိုင်ခဲ့သူပါ။ ပန်းတိုင်တစ်ခုတည်းကိုသာ စူးစိုက်ပြီး သူကိုယ်သူ ဘာဖြစ်နေလဲတောင် ဂရုမပြုနိုင်တဲ့ ဒီအားကစားဟာ လူတစ်ယောက်နဲ့တောင် လက်ဝါချင်းရိုက်လိုက်ပါသေးတယ်။

Elite Reader

မာရသွန်ပြိုင်ပွဲ ထုတ်လွှင်မှုအပြီးမှာ Youtube ပေါ်ကို ဟာသဗီဒီယို တစ်ခုအဖြစ် ရောက်သွားခဲတယ်။ ဟာသက ဟာသတစ်ပိုင်းဖြစ်ပေမယ့်  Josef Urban ရဲ့ အားထုတ်မှုကောင်း အတွက်တော့ ဂုဏ်ပြုပေးသင့်ပါတယ်။ ပြိုင်ပွဲကိုလည်း ဆုံးခန်းတိုင်အောင် ပြိုင်နိုင်ခဲ့ပြီး တပြိုင်တည်းမှာပဲ နာမည်ကျော်တစ်ယောက်ဖြစ်သွားခဲ့တယ်။ အခုဆို သူကို့ လူတိုင်း သိနေကြပြီ။

Source: Elite Reader

Matthew (ShweMOM)

SHARE