အခုခေတ်စားနေတဲ့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ စအိုနေလောင်ခံတဲ့ကိစ္စထဲမှာ မင်းသားကြီး Josh Brolin လည်း ပါဝင်ခဲ့တာပါ။ နေကနေ တိုက်ရိုက်လာတဲ့ UV အလင်းတန်းနဲ့ စအိုနဲ့ ထိတွေ့တာဟာ ကျန်းမာရေးကောင်းမွန်စေတယ်လို့ ဆိုကြပါတယ်။
MUC ရဲ့ Infinity War နဲ့ Endgame ရုပ်ရှင်တွေမှာ အဓိက ဗီလိန် Thanos အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Josh Brolin ဟာ စအိုနေလောင် ခံခဲ့ပါတယ်။ ကံအကြောင်းမလှစွာနဲ့ပဲ တကယ့်ကို ပြင်းပြင်းထန်ထန် နေလောင်ခဲ့လို့ ဒုက္ခရောက်သွားကြောင်းကို IG မှာ ရေးသားခဲ့ပါတယ်။
perineum sunning လို့ ခေါ်တဲ့ စအိုနေလောင်ခံခြင်းကို စမိတ်ဆက်ခဲ့သူကတော့ influencer တစ်ယောက်ဖြစ်တဲ့ Metaphysical Meagan ပါ။ အောက်တိုဘာလမှာ သဲကန္တရာရထဲမှာ ကျောက်တုံးတစ်တုံးမှာ သူ(မ)ကိုယ်တိုင် ပက်လက်လန်ကာ စအိုကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပုံတွေကို တင်ခဲ့ပါတယ်။ ဒီလို စအိုနေလောင်ခံခြင်းကြောင့် ကိုယ်ခန္ဓာအတွင်းက ဇီဝဖြစ်စဉ်တွေဟာ ပိုကောင်းမွန်လာစေတယ်လို့ ပြောဆိုခဲ့တာပါ။
ဒီလို ကျန်းမာရေးကောင်းစေတယ်လို့ ရေပန်းစားနေတဲ့ စအိုနေလောင်ခံခြင်းကို ပြုလုပ်ခဲ့တဲ့ Josh Brolin ကတော့ တကယ့်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရပုံပေါ်ပါတယ်။
“Perineum Sunning လို့ ခေါ်တဲ့ ခေတ်စားနေတဲ့ အရာကို ကျနော် စမ်းသပ်ကြည့်ခဲ့ပါတယ်။ ကျနော် အကြံပေးချင်တာ တစ်ခုက ကျနော် လုပ်ခဲ့သလိုမျိုး အချိန်အကြာကြီး နေလောင်မခံပါနဲ့။ ကျနော့်ရဲ့ စအိုပေါက်က တော်တော်လေးကို နေလောင်သွားတယ်။ ကျနော့် မိသားစုနဲ့ ရှော့ပင်းထွက်ဖို့ စီစဉ်ထားထားတယ်။အဲဒီအစား ကျနော် အခု တော်တော်နာနေလို့ ရှားစောင်းလက်ပတ်နဲ့ ရေခဲနဲ့ ပွတ်နေရတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒီလို တော်တော်လေး နေလောင်သွားတဲ့ Josh Brolin ဟာ ညွှန်ကြားချက်ကို သေချာမဖတ်ဖြစ်လို့ ဒီလို ဖြစ်သွားခဲ့တယ်လို့ မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။ စအိုနေလောင်ခံဖို့အတွက် မူရင်း အကြံပြုချက်တွေအရ စက္ကန့် (၃၀) လောက်ပဲ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရုံနဲ့တင် လုံလောက်တယ်လို့ ဆိုပါတယ်။
Ye Yint Kyaw