Thanos အဖြစ် ဘာကြောင့် သရုပ်ဆောင်ခဲ့လဲဆိုတာ ဖွင့်ဟခဲ့တဲ့ Josh Brolin

[email protected] joshbrolin

Thanos ကြီးကိုတော့ စူပါဟီးရိုး ပရိသတ်တော်တော်များများနဲ့ Marvel ပရိသတ်တွေတိုင်း သိကြမှာပါ။ Marvel က ထွက်ခဲ့သမျှ ဇာတ်ကားတိုင်းရှိ ဗီလိန်တိုင်းထက် ပိုပြီးသရုပ်ဆောင် ပီပြင်တဲ့ ဗီလိန်ကြီးတစ်ယောက် ဖြစ်သလို လူကြိုက်အများဆုံး ဗီလိန်တစ်ယောက်၊ ပရိသတ်တွေ အသနားခံရဆုံး ဗီလိန်ကြီးတစ်ယောက်ဆိုလည်း မမှားပါဘူး။

Thanos နေရာမှာ သရုပ်ဆောင်ခဲ့တာကတော့ Hollywood ရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Josh Brolin ပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Josh ဟာ ဘာကြောင့် Thanos ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းတစ်ခုကို ဖွင့်ဟပြောကြားခဲ့ကြောင်း Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Monday already looking like a Lower Eastside prom.

A post shared by Josh Brolin (@joshbrolin) on

အမှန်တစ်ကယ် Thanos နေရာက တော်ရုံတန်ရုံလူ သရုပ်ဆောင်လို့ မရသလို တော်ရုံလူကလည်း သရုပ်မဆောင်ချင်ပါဘူး။ ဘာ့ကြောင်လဲဆိုတော့ Thanos ကို CGI နဲ့ ဖန်တီးရိုက်ကူးထားတာဖြစ်သလို စကားပြောတဲ့ပုံ၊ ကိုယ်လက်လှုပ်ရှားမှုအမူအရာတွေကိုပဲ အဆိုပါ သရုပ်ဆောင်ကလုပ်နိုင်ပြီး ကိုယ်ဘယ်သူလဲဆိုတာ ရုပ်က မမြင်ရနိုင်လို့ပဲ ဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများဟာ ဇာတ်ကားထဲမှာ ကိုယ့်ရုပ်ကိုယ်မြင်ရတဲ့ ဇာတ်ရုပ်ကိုပဲ ရွေးချယ်လေ့ရှိကြပြီး ဒီလို CGI effect နဲ့ ကိုယ့်ရဲ့ ရုပ်ကို အခြားဇာတ်ရုပ်နဲ့ အစားထိုးထားတဲ့ ဇာတ်ကားတွေကို ရှောင်လေ့ရှိပါတယ်။ ဒါပေမယ့် Josh ကတော့ အဆိုပါ Thanos ဇာတ်ရုပ်ကို ဝင်ရောက်သရုပ်ဆောင်ခဲပါတယ်။

READ
အကယ်ဒမီဆုပေးပွဲရဲ့ ဒါရိုက်တာဆု အတွက် တစ်ပြေးနေကြသူများ

Josh Borlin ရဲ့ Thanos ကို ပထမဦးဆုံးအဖြစ် Gurdians of The Galaxy ဇာတ်ကားမှာ ပထမဆုံး တွေ့  မြင်ခဲ့ရပြီး Avengers: Age Of Ultron ဇာတ်ကားရဲ့ Credit scene မှာ ပြန်ပေါ်လာခဲ့ပါတယ်။ တတိယအကြိမ်မှာတော့ Avengers: Infinity War ဇာတ်ကားမှာ ဇာတ်လမ်းအပြည့် ပါဝင်ခဲ့ပြီး Infinity stones တွေကို လိုက်လံစုဆောင်းခဲ့ပါတယ်။ အဲဒီနောက် Vision ဆီက နောက်ဆုံးကျန်တဲ့ Mind Stone ကို ယူဖို့အတွက် Wakanda နိုင်ငံမှာ စစ်ပွဲကြီးတစ်ပွဲဆင်နွှဲခဲ့ပြီး Vision ကို သတ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လက်ဖျောက်တစ်ချက်တီးကာ စူပါဟီးရိုးတော်တော်များများ အပါအဝင် လောကကြီးထဲမှာ ရှိသမျှ သက်ရှိတစ်ဝက်လောက်ကို ဖျောက်ပစ်ခဲ့ပါတယ်။ ပြီးတော့ Avengers: Endgame ဇာတ်ကားရဲ့ နောက်ဆုံးအပိုင်းမှာဆိုရင်လည်း Hulk ရဲ့ လက်ဖျောက်တစ်ချက်ကြောင့် ပျောက်ကွယ်သွားတဲ့ စူဟီးရိုးတွေဟာ Doctor Strange ဖန်တီးထားတဲ့ portal တွေထဲက အသီးသီး ထွက်ရှလာခဲ့ပြီး Thanos ကြီးရဲ့ စစ်တပ်နဲ့ ရေကုန်ရေခမ်း ချခဲ့ကြတဲ့ တိုက်ပွဲဟာ Avengers ပရိသတ်တွေရဲ့ အကျေအနပ်ဆုံးနဲ့ အကြိုက်ဆုံး ဇာတ်ဝင်ခန်း ဖြစ်ခဲ့ပါတယ်။

READ
Han Yeseul ကို မြင်ပြီး ဖြစ်သွားတဲ့ အမူအရာကြောင့် Jungkook ဝေဖန်ခံနေရ

Thanos ရဲ့ နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Josh ရဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ “ကျွန်တော် Thanos ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တာ ပိုက်ဆံအများကြီး ရလို့ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က Thanos ရဲ့ ဇာတ်ရုပ်ကို တော်တော်လေးကြိုက်လို့ပါ။ သာမန် ဗီလိန်တစ်ကောင်ဆိုရင် စူပါဟီးရိုးချတာနဲ့ ဇာတ်ကားတစ်ကားရဲ့ အဆုံးမှာတင် သေသွားပါပြီ။ ဒါပေမယ့် Thanos ရဲ့ ဗီလိန်ဇာတ်ရုပ်ကတော့ အဲဒီလို မဟုတ်ပါဘူး။ MCU မှာ ရှိသမျှ စူပါဟီးရိုးတွေကို စိတ်ကြိုက် ချနိုင်ပြီး တော်ရုံနဲ့မသေနိုင်တဲ့ ဗီလိန်ဇာတ်ရုပ်ဖြစ်လို့ကို ကြိုက်တာပါ။ ”လို့ Josh က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

Eat your heart out @therock. I’m coming for you next, little guy. 😈 #feelgreatlookgreat @empiremagazine

A post shared by Josh Brolin (@joshbrolin) on

Pyi Hein Kyaw

SHARE