ဖခင်ဖြစ်သူက ခေါင်းနှိပ်ပေးနေတာကို ချစ်စရာကောင်းစွာ ငြိမ်ခံနေတဲ့ (၁၀) ရက်သမီးလေး

youtube/hijosh

အောက်မှာတွေ့ရမယ့် ဗီဒီယိုဖိုင်လေးကတော့ မွေးပြီးတာ (၁၀) ရက်ပဲရှိသေးတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ ဖခင်က ခေါင်းနှိပ်နယ်ပေးနေတာကို ပြုံးပြီး ငြိမ်ခံနေတဲ့ ကလေးငယ်လေးကို ချစ်စရာကောင်းစွာ တွေ့ရမှာ ဖြစ်ပါတယ်။ Dailymail ကနေတဆင့် တွေ့ရှိရတဲ့ ဒီသတင်းကိုတော့ ဖေ့စ်ဘုတ်ပေါ်မှာ ကလေးငယ်ရဲ့ဖခင် ဂျော့ရှ်ဟောကင်းက ပို့စ်တင်ထားတာ ဖြစ်ပါတယ်။

ဂျော့ရှ်ဟာ သူ့ရဲ့မွေးကင်းစသမီးလေး ဘီလီကိုချီပိုးကာ ထိုင်နေတာ ဖြစ်ပြီး သူမရဲ့ ခေါင်းလေးကို လက်နဲ့အသာအယာ ပွတ်သပ်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ဘီလီကတော့ ဖခင်ရဲ့ သူမအပေါ် ကြင်နာတဲ့အပြုအမူကို သဘောကျပုံရပါတယ်။ ကလေးငယ်ဟာ ပြုံးနေပြီး လျှာကို ဖြည်းဖြည်းလေးထုတ်ကာ မျက်လုံးလေးတွေ မှေးစင်းနေတာကိုလည်း တွေ့ရပါတယ်။

ဒီဗီဒီယိုလေးဟာ အကြိမ်ပေါင်း(၈.၂) သန်းကျော် ကြည့်ရှုခံခဲ့ရပြီး share ပေါင်း၊ like ပေါင်းများစွာနဲ့ ရှိခဲ့ပါတယ်။ ဂျော့ရှ်ဟာ ဗီဒီယိုလေးနဲ့အတူ “မိန်းကလေးတိုင်း တစ်စုံတစ်ယောက်က သူတို့ဆံပင်ကို ပွတ်သပ်ပေးတဲ့အခါ…” ဆိုပြီး စာရေးသားထားပါသေးတယ်။ သူ့သမီးလေးဘီလီက ခေါင်းအနှိပ်ခံရတာ ကြိုက်တဲ့အကြောင်းလည်း ဂျော့ရှ်က ပြောပြခဲ့ပါတယ်။

READ
ရိုးသားမှုကြောင့် တန်ပြန်ရရှိခဲ့တဲ့ အကျိုးကျေးဇူးကို တွေ့မြင်ရတဲ့ ကြည်နူးဖွယ်ဖြစ်ရပ်

 

ဂျော့ရှ်ဟာ အရင်တုန်းကလည်း အွန်လိုင်းမှာ “How to speak Australian” ဆိုပြီး သူငယ်ချင်းတစ်ဦးနဲ့အတူ ဗီဒီိယိုတင်ခဲ့ရာမှာ အခုလိုပဲ ပေါက်ခဲ့ပါသေးတယ်။ ဂျော့ဂ်ျမှာ ကိုယ်ပိုင်ဝက်ဆိုက်ဒ်လည်း ရှိသလို ၀က်ဆိုက်ဒ်ပေါ်မှာတော့ သူ့ရဲ့ကောင်းနိုးရာရာ ဗီဒီယိုလေးတွေကို မျှဝေပေးထားပါတယ်။ ဂျော့ရှ်က “ဒီဗီဒီယိုတွေက ဂျာနယ်တွေလို သဘောမျိုးပါပဲ။ ကျွန်တော် အသက်(၈၀) လောက်ရောက်လာတဲ့အခါ၊ သက်ကြီးဂေဟာရောက်နေတဲ့အခါမျိုးမှာ၊ ကျွန်တော့်ကိုယ် ကျွန်တော် မသယ်နိုင်တော့တဲ့အခါမျိုးမှာ သူနာပြုကို ဒီဗီဒီိယိုလေးတွေ ပြန်ဖွင့်ခိုင်းပြီး အပျင်းပြေကြည့်ရတာပေါ့။ ဒီလိုဆို ကျွန်တော် ခံစားကြုံတွေ့ခဲ့ရတဲ့ အရာတွေအားလုံးကို ပြန်မှတ်မိလိမ့်မယ်ထင်တယ်….” လို့လည်း သူဗီဒီယိုတွေ ရိုက်ကူးရခြင်း အကြောင်းရင်းကို ပြောသွားခဲ့ပါတယ်။

READ
တီဗီရှိုးကြည့်ရင်း ဖခင်ဖြစ်သူနဲ့ စကားလက်ဆုံကျနေတဲ့ ကလေးငယ်လေး

လင်းလင်း (ShweMom)

SHARE