ဟိုတလောတုန်းက Shwemom မှာပဲ သီချင်းတွေနဲ့ရန်ဖြစ်နေကြတဲ့ ဟောလိဝုဒ်ရဲ့နာမည်ကြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆယ်လီသတင်းတစ်ပုဒ်တင်ခဲ့ဖူးပါတယ်။ အဲဒီဇာတ်လမ်းကတော့ Olivia Rodrigo, Joshua Bassett နဲ့ Sabrina Carpenter ဆိုတဲ့ လူငယ်အနုပညာရှင်လေး ၃ ယောက်ကြားထဲက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။

အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်တော့ သုံးယောက်သားဟာ Highschool Musical ဇာတ်လမ်းတွဲသစ် ထဲမှာ အတူတူပါခဲ့ကြရင်း ရင်းနှီးခဲ့ကြပါတယ်။ ဒါပေမဲ့ Olivia Rodrigo နဲ့ Joshua Bassett ကတော့ ခေါင်းဆောင်မင်းသမီး၊ မင်းသားအဖြစ်သရုပ်ဆောင်ရင်းနဲ့မှ ရင်းနှီးပြီးတော့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ Disney ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်စည်းမျဉ်းတွေအရ လူသိရှင်ကြားချစ်သူဖြစ်ကြောင်း ၀န်ခံလို့တော့ မရခဲ့ပါဘူး။ Olivia နဲ့ Joshua တို့ တိတ်တိတ်လေး တွဲပြီးကာမှ Sabrina Carpenter တစ်ယောက် ဝင်ရောက်လာတဲ့အတွက် Olivia နဲ့ Joshua တို့ ပြတ်သွားခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Olivia တစ်ယောက် Drivers License ဆိုတဲ့ သီချင်းကိုထုတ်ပြီးတော့ Joshua နဲ့ Sabrina တို့နှစ်ယောက်ကို ရွဲ့စောင်းပြောဆိုခဲ့ပါတယ်။ ဥပမာဆိုရရင် “နင်နဲ့ငါ နောက်ဘဝမှာတွေ့ရင်တော့ သူငယ်ချင်းဖြစ်ကောင်းဖြစ်နိုင်မယ်” တို့၊ “ရွှေရောင်ဆံပင်နဲ့က ငါတစ်ယောက်ပဲ ရှိတာလား” တို့၊ “ကောင်လေးက ငါ့ကိုထိနေချိန် နင်ကတော့ အသည်းတွေကွဲပေါ့” စသဖြင့်ပေါ့။
View this post on Instagram
ထပ်ပြီး Sabrina ကနေ “Skin” ဆိုတဲ့ သီချင်းနဲ့ Olivia ကို ပြန်ပြီးတုန့်ပြန်ခဲ့ပါတယ်။
View this post on Instagram
အခုတော့ ထပ်ပြီး Joshua က သီချင်းသစ်တစ်ပုဒ်ထုတ်ကာ Olivia ကို ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်တဲ့လေ။ သီချင်းနာမည်ကတော့ “Only Matter of Time” ပါတဲ့။ သီချင်းထဲ “You can say what you like, doesn’t mean that you’re right” (နင်ပြောချင်တာလျှောက်ပြောလို့ရတယ်၊ ဒါပေမဲ့ နင်ပြောတာတွေ မှန်နေတာတော့မဟုတ်ဘူး) ဆိုပြီး ပြောထားခဲ့သလို ဖြစ်ပျက်ခဲ့သမျှအားလုံးဟာ အချိန်တန်ရင်အဖြစ်မှန်ပေါ်သွားမှာပါဆိုတဲ့ သဘောနဲ့သီချင်းကို ထုတ်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တော်တော်လှနေပါပြီ။
View this post on Instagram
penny