ချစ်ကြိုက်ယောင်ဆောင်ပြီး အမျိုးသမီးအ၀တ်မဲ့ပုံတွေကို စုဆောင်းနေတဲ့ အမျိုးသား

rawpixel.com

အမေရိကန် အီလီနွိုက်ပြည်နယ် တောင်ပိုင်းနေ အမျိုးသားတစ်ဦးကို အမျိုးသမီးငယ်ပေါင်း အယောက် (၁၀၀) ကျော်တို့ရဲ့ ဗလာကျင်းပုံတွေအား ခြိမ်းခြောက်အကျပ်ကိုင်ကာ ရယူမှုနဲ့ ထောင်ဒဏ်(၃၅) နှစ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ၄င်းအမျိုးသားဟာ အသက်(၂၁) နှစ်အရွယ် ဂျိုရွှာဘရက်ကယ်လ်ဆိုသူ ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံနဲ့ တခြားနိုင်ငံက အမျိုးသမီးတွေရဲ့ အတွင်းကျကျဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာမျိုးစုံအသုံးပြုကာ လိုက်လံစုဆောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဂျိုရွှာရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးငယ်တွေထဲမှာတော့ အသက်အငယ်ဆုံး (၁၀) နှစ်အရွယ်ထိ ကလေးတွေပါ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ဂျိုရွှာဟာ Snapchat ၊ Facebook ၊ Instagram ၊ Kik စတဲ့ ဆိုရှယ်မီဒီယာပေါင်းများစွာကို အသုံးပြုခဲ့တာပါ။ သူဟာ အမျိုးသမီးငယ်တွေနဲ့ မိတ်ဖွဲ့ကာ ချစ်ကြိုက်ချင်ယောင်ဆောင်၊ ပြီးတဲ့အခါမှ ၄င်းအမျိုးသမီးငယ်တွေရဲ့ အ၀တ်မဲ့ဓာတ်ပုံတွေကို သူ့ဆီပို့ပေးဖို့ ခြိမ်းခြောက်ပြီးပဲ ဖြစ်ဖြစ်၊ ပိုက်ဆံပေးပြီးပဲ ဖြစ်ဖြစ် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ သားကောင်ဖြစ်ကြရသူတွေထဲ အသက်(၁၅) နှစ်အရွယ်၊ အသက်(၁၂) နှစ်အရွယ်နဲ့ အသက်(၁၀) နှစ်အရွယ် ကလေးတွေတောင် ပါဝင်ပါတယ်။

READ
အမျိုးသမီးကိုဝင်ပူးခဲ့တဲ့မကောင်းဆိုးဝါးကို နာမည်ကြီးရုပ်သံမှမှတ်တမ်းတင်ခဲ့
Sothern District of Illionis , Federal Court

ဂျိုရွှာဟာ ကောင်မလေးတွေကို သူ့ဆီဓာတ်ပုံတွေမပို့ရင် လာသတ်မယ်ဆိုပြီးတော့တောင် ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အသက်(၁၅) နှစ်အရွယ် ကောင်မလေးတစ်ယောက်က သူနဲ့ Whisper app မှာ သိလာတဲ့ အမျိုးသားတစ်ယောက်ဟာ သူမရဲ့အ၀တ်မဲ့ဓာတ်ပုံတွေကို အတင်းအကြပ်ပို့ခိုင်းနေတယ်ဆိုပြီး မိခင်ထံ ပြောပြရာကနေ ရဲတိုင်ခဲ့ရာမှ ဂျိုရွှာရဲ့ လုပ်ရပ်အကုန်လုံးကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။

Pexels/Tracy Le Blanc

ဂျိုရွှာဟာ ကောင်မလေးကို သူမရဲ့ အ၀တ်မဲ့ဓာတ်ပုံတွေအပြင် သူမသူငယ်ချင်းတွေရှိရင်လည်း ခုလိုရိုက်ပြီး သူ့ဆီဓာတ်ပုံနဲ့ ဗီဒီယိုတွေပို့ပေးဖို့ တောင်းဆိုခဲ့ကာ ဒေါ်လာ(၅) ထောင် ပေးမယ်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ကောင်မလေးက မလုပ်နိုင်တဲ့အခါမှာတော့ သူမရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ လျှောက်ဖြန့်လိုက်မယ်ဆိုပြီး ဂျိုရွှာက ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

READ
နယူကလီးယားစစ်ဖြစ်ရင်ပုန်းဖို့ Bunkerတွေကြိုဆောက်နေတဲ့ဗလာဒီမာပူတင်

၎င်းဖြစ်ရပ်အပြီး ရက်သတ္တပတ် (၆) ပတ်အကြာမှာတော့ တဏှာဘီလူးကောင် ဂျိုရွှာကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူနေထိုင်ရာ အိမ်က ကွန်ပြူတာထဲမှာလည်း အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ မဖွယ်မရာပုံတွေကို အများကြီး တွေ့ရှိရပါသေးတယ်။ သူဟာ အမျိုးသမီးငယ်တွေဆီက ဓာတ်ပုံတောင်းတဲ့အခါ ဓာတ်ပုံထဲမှာ မျက်နှာတွေပါ ပါဖို့၊ ဓာတ်ပုံဟာ အစစ်မှန်းသိရလေအောင် သက်သေအဖြစ် လက်သုံးချောင်းထောင်ပြဖို့တွေအထိ ယုတ်မာရက်စက်စွာ တောင်းဆိုခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE