ပြိုင်ဘက်တွေဆီ ညဘက်သန်းခေါင် ဖုန်းဆက်ပြီး ခြိမ်းခြောက်လေ့ရှိတဲ့ လက်ဝှေ့ကျော်

ESPN/YouTube

လက်ဝှေ့ထိုးတယ်ဆိုတာ သတိနဲ့အသိ အမြဲကပ်နေရတဲ့ အားကစားနည်းတခုပါ။ အမှားလေးတခုလုပ်မိတာနဲ့ ကြိုးဝိုင်းထဲမှာ ခင်ဗျားနောက်ဆုံးမှတ်မိမဲ့အရာက ကင်းဗတ်စ်စနဲ့ ကိုယ်လုံးထိသွားတာ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် လက်ဝှေ့သမားတွေဟာ ပြိုင်ဘက်ကို ကြိုးဝိုင်းထဲမှာကော၊ ကြိုးဝိုင်းအပြင်မှာပါ စိတ်တိုဒေါသထွက်လာအောင် ဆွလေ့ရှိပြီး အမှားများအောင် လုပ်လေ့ရှိကြတာပါ။

Anthony Joshua Twitter

ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအားရဲ့ အပြောအရတော့ ဒီလိုလုပ်တဲ့နေရာမှာ တကယ်တော်တဲ့သူက တိုင်ဆင်ဖျူရီပါတဲ့။ ဂျိုရှူအားရဲ့ အပြောအရတော့ တိုင်ဆင်ဖျူရီဟာ သူ့ရဲ့ပြိုင်ဘက်တွေကို ဖုန်းမကြာခဏခေါ်တတ်ပြီး ငါမင်းကို အလဲထိုးပစ်မှာလို့ ဆွလေ့ရှိပါသတဲ့။

 

 

View this post on Instagram

 

Had a great time, thanks for looking after us @vickiphimy 👑 @shreksadventure

A post shared by Tyson Fury (@gypsyking101) on

သူတို့(၂)ယောက်ကြားမှာလည်း အခုလို ဖုန်းတွေဆက်ပြီး စကားပြောလေ့ရှိကြောင်း ဂျိုရှုအားက ပြောခဲ့ပါတယ်။ ‘ကျွန်တော်နဲ့ တိုင်ဆန်တို့ကတော့ ဖုန်းပြောဖြစ်ရင် ဟိုအကြောင်း၊ ဒီအကြောင်း ရီလိုက်၊ မောလိုက်ပါပဲ။ အဲလိုပြောနေတုန်းမှာလည်း ဒီဘဲက တခါတလေ ဘာမဆိုင်ညာမဆိုင် ငါမင်းကို အလဲထိုးနိုင်တယ်လို့ လုပ်တတ်တယ်လေ… သူ့ဆီက အဲ့လိုကြားတိုင်း ကျွန်တော် ပြန်ပြောဖြစ်တာကတော့ေ–ာက်ပါးစပ်ကိုပိတ်ထားလိုက်.. ငါကပဲ မင်းကို အလဲထိုးပစ်မှာလို့ ပြန်ပြောတာပါပဲ’ လို့ ဆိုခဲ့ပါတယ်။

သူတို့(၂)ယောက်ရဲ့ ဆက်ဆံရေးက တယောက်နဲ့တယောက် လေးစားမှုရှိပေမဲ့လည်း သူတို့ဟာ သူငယ်ချင်းတွေတော့ မဟုတ်ဘူးလို့ ဂျိုရှူအားက ပြောခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ ဗြိတိန်လက်ဝှေ့သမား (၂)ဦးကို ကြိုးဝိုင်းထဲမှာ တွေ့ချင် နေကြပြီဖြစ်ပေမဲ့ ဂျိုရှူအားကတော့ လောလောဆယ် မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာနဲ့ မကြေပွဲပြန်လည်ထိုးသတ် ဦးမှာပါ။ ဂျိုရှူအားနဲ့ အန်ဒီရုဇ်ဂျူနီယာတို့ရဲ့ မကြေပွဲကို လာမဲ့အောက်တိုဘာလမှာ ဆော်ဒီအာရေဗျမှာထိုးသတ်မှာဖြစ်ပြီး ဒီပွဲမတိုင်ခင် တိုင်ဆန်ဖျူရီက အန်သိုနီအနေနဲ့ မကြေပွဲမှာမှ ထပ်ရှုံးရင် လက်ဝှေ့လောကကနေ အနားယူလိုက်တော့လို့ လှမ်းပြီး ကလိခဲ့ပါသေးကြောင်း BehindTheGloves အွန်လိုင်း အားကစားချန်နယ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

KYM

SHARE