Mask မတပ်ထားသူတွေကို အထာကျကျ ပညာပေးခဲ့တဲ့ သတင်းထောက်

[email protected]

အခုလက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ကာလဖြစ်တာကြောင့် လူတိုင်းအနေနဲ့ အပြင်သွားတိုင်း Facemask တွေကို မဖြစ်မနေတပ်ထားသင့်ပါတယ်။ ဒါပေမယ့် COVID 19 ကပ်ရောဂါကို စဖြစ်တဲ့အချိန်လောက်တုန်းကတော့ ဘယ်သူမှ မကြောက်ကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရောဂါဖြစ်ပွားမှုတွေဟာ အရင်ကထက် တဖြည်းဖြည်းလျော့ကျသွားနေပြီဖြစ်လို့ပါပဲ။ ဒါပေမယ့် ရောဂါအရှင်းမပျောက်သေးတာကြောင့် အနည်းဆုံးတော့ အပြင်သွားရင် လူတိုင်း Facemask တပ်ထားသင့်ပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံက သတင်းထောက်တစ်ဦးဟာ လမ်းမပေါ်မှာ Facemask မတပ်ပဲ လျှောက်သွားနေတဲ့ လူတစ်ယောက်ကို အထာကျကျနဲ့ ပညာပေးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါဗီဒီယိုကို တင်ခဲ့တဲ့ လူကတော့ အိန္ဒိယနိုင်ငံ၊ Odisha ပြည်နယ်ရှိ IPS Officer ဖြစ်သူ Arun Bothra ပဲ ဖြဟ်ပါတယ်။ ဗီဒီယိုအစမှာတော့ အဆိုပါသတင်းထောက်ဟာ သူ့ဟာသူ လမ်းဘေးမှာ လှဲနေတဲ့ မြည်းတစ်ကောင်အနားကိုသွားပြီးတော့ အမေးအဖြေသွားလုပ်နေပါတယ်။ ဒါပေမယ့် လူနဲ့ တိရစ္ဆာန်ဖြစ်တာကြောင့် မြည်းဟာ ဘာမှ မပြောနိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ အဆိုပါမြည်းဟာ ကားတွေသွားနေတဲ့ လမ်းမပေါ်ကို တစ်ကောင်တည်း လျှောက်သွားနေခဲ့ပါတယ်။ အဲဒါနဲ့ အဆိုပါသတင်းထောက်ဟာ သူ့အနားရှိ Mask မတပ်ပဲ လျှောက်သွားနေတဲ့ အမျိုးသားတစ်ယောက်ကို အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။

READ
လက်ရှိဇနီးသုံးယောက်အပြင် ညီနှစ်ယောက်ရဲ့ ဇနီးနှစ်ဦးကိုပါ လက်ထပ်ဖို့ပြင်နေတဲ့အမျိုးသား
[email protected]

အဆိုပါမြည်းဟာ သူပြောတာဘာမှ နားမထောင်ကြောင်း၊ စကားလည်းပြန်မပြောကြောင်း၊ လမ်းပေါ်မှာ ဒီလိုလျှောက်သွားနေရင် ကားတိုက်ခံရမှာကို သတိပေးခဲ့ပေမယ့် သူ့စကားကို နားမထောင်ကြောင်း အဆိုပါအမျိုးသားကို သတင်းထောက်က ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ Mask မတပ်ထားတဲ့ အမျိုးသားဟာ မြည်းဟာ တိရစ္ဆာန်ဖြစ်တာကြောင့် အန္တရာယ်ရှိတာတွေဘာတွေကို သူ့အနေနဲ့ နားမလည်နိုင်ကြောင်း ရှင်းပြပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ အဆိုပါသတင်းထောက်ဟာ အဲဒါဆို ဒီလောက်အန္တရာယ်ရှိတဲ့ COVID 19 ခေတ်ကြီးမှာ အန္တရာယ်ရှိမှန်းသိသိရက်နဲ့ အဆိုပါအမျိုးသားအနေနဲ့ ဘာကြောင့် Mask မတပ်ပဲ အပြင်ထွက်လာရတာလဲ၊ အကိုကမြည်းလားလို့ မေးလိုက်တဲ့အချိန်မှာတော့ အဆိုပါအမျိုးသားဟာ ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဗီဒီယိဖိုင်လေးဟာ လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များနေတဲ့ ဗီဒီယိတစ်ခုဖြစ်ပြီး လူတိုင်းကလာ်း သတင်းထောက်ရဲ့ ပညာပေးအစီအစဉ်ကို အရမ်းကြိုက်နှစ်သက်ကြောင်း သိရပါတယ်။

READ
မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ကျနေသူဟာ ဖခင်ကောင်းတစ်ယောက်လည်းဖြစ်နိုင်ပါတယ်
[email protected]

Pyi Hein Kyaw

SHARE