(၁၇) နှစ်ကြာအောင် ကိုယ်ပိုင်လက်ရေးနဲ့သတင်းစာတွေ,ရေးသားထုတ်ဝေနေဆဲအမျိုးသားကြီး

သတင်းစာတစ်စောင်ထွက်လာဖို့အတွက် စာစီဖို့၊ ဘာသာပြန်ဖို့၊ စာစောင်ရိုက်နှိပ်ဖို့ကွန်ပြူတာနဲ့ စက်တွေလိုအပ်တယ်ဆိုတာကို အကြမ်းအားဖြင့်သိကြမှာပါ။ ဒါပေမယ့် သတင်းစာတစ်စောင်ထွက်နိုင်ဖို့ ဒါတွေအားလုံးရှိမှဖြစ်မှာလား။

အိန္ဒိယနိုင်ငံသားUttar Pradesh ပြည်နယ်နေ ဒီနက်ရှ်အမည်ရှိတဲ့အမျိုးသားတစ်ဦးကတော့ ဖော်ပြပါပစ္စည်းကိရိယာတွေအစုံအလင်မရှိပေမယ့် ဂျာနယ်လစ်ဖြစ်ချင်ပြီး ကိုယ်ပိုင်သတင်းစာထုတ်ဝေချင်တဲ့သူ့ဆန္ဒကို မလျော့ခဲ့ပါဘူး။ ဒီနက်ရှ်က နေ့စဉ်နေ့တိုင်းသတင်းစာတွေကို လက်ရေးနဲ့ရေးသားပါတယ်။ ဗြောင်စာရွက်စက္ကူစာရွက်တွေအပေါ်မှာ ဆော့ပင်တစ်ချောင်းနဲ့သတင်းတွေရေးသားနေတဲ့ ဒီနက်ရှ်က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိပုံပေါ်နေပါတယ်။

ဒီနက်ရှ်က အသက်(၅၁) နှစ်ရှိနေပါပြီ။ နေ့တိုင်းအချိန်(၃)နာရီကျော်လောက်ယူပြီး သူ့လက်ရေးနဲ့ကိုယ်တိုင်သတင်းတွေရေးပါတယ်။ ဒီနက်ရှ်ဟာလတ်တလောအရေးကြီးနေတဲ့ နိုင်ငံတွင်းသတင်းကိစ္စတွေအပေါ်အာရုံစိုက်တတ်ပြီး  သတင်းစာထဲမှာတော့ ထိုကိစ္စတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ အသေးစိတ်အမြင်တွေကိုရေးသားလေ့ရှိပါတယ်။ ဒီနက်ရှ်ဟာ ၀ါသနာအတွက်သတင်းရေးသားတဲ့အပြင် ၀မ်းရေးအတွက်လည်း ရေခဲမုန့်နဲ့သကြားလုံးလေးတွေကို လမ်းဘေးမှာရောင်းချလေ့ရှိပါတယ်။

ဒီနက်ရှ်နဲ့ပတ်သက်ပြီး ချီးကျူးထိုက်တဲ့အချက်တစ်ချက်က သူ့ဝါသနာအရသတင်းတွေကိုကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရွာစဉ်လိုက်ဖြန့်တာတွေလုပ်နေပေမယ့် ဘယ်သူ့ဆီကမှ ငွေရေးကြေးရေးနဲ့ပတ်သက်လို့အကူအညီမတောင်းခံဖူးလို့သိရပါတယ်။ တစ်နေ့တာအတွင်းမှာ ဒီနက်ရှ်ကသတင်းတွေကိုလက်ရေးနဲ့အရင်ရေးသားပါတယ်။ ပြီးတဲ့နောက် သူရေးထားတာလေးတွေကို အဖြူ၊အမည်းနဲ့ မိတ္တူတွေကူးလိုက်ပါတယ်။

မိတ္တူစာရွက်တွေရတာနဲ့ တစ်ပြိုင်နက် စက်ဘီးတစ်စီးနဲ့ ရွာတွေဆီလိုက်ပြီး သူရဲ့နေ့စဉ်ထုတ်သတင်းစာကိုလိုက်လံဖြန့်ဝေပါတယ်။ ဒီနက်ရှ်ကဒီလိုနဲ့ တစ်နေ့တာကိုကုန်ဆုံးစေပါတယ်။ ဒီနက်ရှ်ရဲ့အပြောအရ အ၀တ်လျှော်တဲ့အချိန်တောင်မပေးနိုင်လောက်အောင် အလုပ်တွေများတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီနက်ရှ်က သူဟာသတင်းရေးသားရာမှာဝါသနာထုံသူဖြစ်ပြီး ဒီအလုပ်ကိုချစ်မြတ်နိုးတာကြောင့် အိမ်ထောင်ပြုတာ၊ ကလေးမွေးတာတွေနဲ့ အချိန်ကုန်မခံဘူးလို့ဆိုပါတယ်။ တခြားသောဂျာနယ်လစ်တွေလိုပဲ ဒီနက်ရှ်က သူ့ရေးသားတဲ့စာတွေဟာ လူတွေကိုအကျိုးကျေးဇူးပြုနိုင်ဖို့ မျှော်လင့်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူရေးသားတဲ့စာတွေကိုဖတ်ပြီး ပျော်ရွှင်ကျေနပ်တဲ့လူတစ်ဦးတစ်လေရှိနေရင်ပဲ ကျေနပ်တယ်လို့ဒီနက်ရှ်ကပြောပြပါတယ်။

A few days ago I saw a post on my friend Bikram profile. He posted about this great man who's story is a defination of passion for all of us. Meet Dinesh ji, 51yrs – the most passionate journalist of this country. He has been publishing his hand written news paper for last 16 yrs. It takes 3 hrs for him to hand write it daily and then photostate it for distribution. His full time profession is selling ice-cream and snacks through which he makes 250rs per day. When is I asked him what inspires him to do what he does everyday, in his own words, he said – "Zindgi to Kutte Billi ko bhi milti hai, insaan bane hn to desh aur duniya k liye kuch to krna chaiye" Thanks to Bikram, I got to get on a call with him recently and this is the video of that to conversation. Prepare yourself, you are bound for goosebumps! I am going to do my bit to help him out, your more then welcome to contribute.

Posted by Vinay Singhal on Sunday, April 8, 2018

အခုဆိုရင်တော့ ဒီနက်ရှ်ဟာ ကိုယ်တိုင်သတင်းတွေရေးပြီး သတင်းစာတွေဖြန့်ဝေနေတဲ့အလုပ်ကိုလုပ်ကိုင်နေတာ (၁၇)နှစ်လောက်ရှိပြီလို့သိရပါတယ်။ လူတွေတော်တော်များများဆီက သူ့ရဲ့ သတင်းစာလုပ်ငန်းနဲ့ ပတ်သက်ပြီးငွေကြေးအထောက်အပံ့တွေရခဲ့ပေမယ့်လည်း မယူခဲ့ပါဘူး။ သတင်းရေးဖို့အချိန်(၃) (၄)နာရီလောက်သုံးပြီး သူတတ်နိုင်သလောက်သာ အကောင်းဆုံးလုပ်ချင်တယ်လို့ ဒီနက်ရှ်ကပြောပြခဲ့ကြောင်း သိရပါတယ်။

READ
အမှိုက်သိမ်းသမားဘဝမှ ကမ္ဘာ့ဖလားဒိုင်လူကြီးဘဝသို့ တက်လှမ်းနိုင်ခဲ့တဲ့ ပနားမားအမျိုးသား

လင်းလင်း (ShweMom)

Ref: wittyfeed

SHARE