အရက်မူးမူးပြီး စီရင်ချက်တွေချနေခဲ့တဲ့ တရားသူကြီးရဲ့ အမှုပေါင်း ၂၇၀၀ ကျော်ကိစ္စ

William Marshall/Facebook

တရားသူကြီးမင်းဆိုတာ အမှုတစ်ခုကို ပြစ်ဒဏ်စီရင်ချက်ထိုက်ထိုက်တန်တန်ချမှတ်ပေးရတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဒီလိုအားလုံးက ယုံကြည်အားထားနေခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ အရက်သေစာမူးယစ်ပြီး အမှုတွေကို ဖြစ်သလိုစီရင်နေတယ်ဆိုတဲ့ တုန်လှုပ်ဖွယ်သတင်းတစ်ခု Daily Mail မှာ တွေ့မိတဲ့အတွက် ပြန်လည်ကိုးကားဖော်ပြလိုက်ပပါတယ်။

အိုဟိုင်းရိုးပြည်နယ်အက အသက် ၆၂ နှစ်အရွယ် William T.Marshall ဟာ Scioto County Common Pleas တရားရုံးမှာ တရားသူကြီးမင်းအဖြစ် လုပ်ကိုင်နေရာမှ မနှစ်တုန်းကပင်စင်ယူကာ နားသွားခဲ့ပါပြီ။ ဒီလိုအနားယူပြီးနောက် ၂၀၁၉ ခုနှစ်အစောပိုင်းတုန်းကပဲ William T.Marshall ရဲ့မိခင်ရဲ့ William T.Marshall ရဲ့ သမီးဖြစ်သူတို့ဟာ သူ့ကိုတစ်ယောက်တည်းလွှတ်မထားဘဲ မျက်စိရှေ့မှာ ကြည့်ရှုစောင့်ရှောက်နေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာနေခဲ့တဲ့အတွက် စုံစမ်းကြည့်ရာမှာတော့ တရားသူကြီးမင်းဟောင်းဟာ အရက်စွဲနေသူဖြစ်နေပြီး အခြေအနေမှာလည်း တော်တော်လေးကို ဆိုးရွားလွန်းနေပါပြီဆိုပြီး  Cincinnati Enquirer မှာ ဖော်ပြထားပါတယ်။

William Marshall/Facebook
William Marshall/Facebook

တရားရုံးကို အရက်မူးပြီး ရောက်လာကာ တရားစီရင်ချက်တွေကိုလည်း သေသေချာချာမစဉ်းစားဘဲ မူးယစ်နေတုန်းမှာ ချမှတ်ခဲ့တာကြောင့် William T.Marshall စီရင်ခဲ့သမျှအမှုတွေအားလုံးနီးပါးကို တားရုံးမှ ပြန်လည်စီစစ်သွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ အမှုအရေအတွက်တော့ ၂၇၀၇မှု လောက် ပျမ်းမျှရှိနေခဲ့တာပါ။ ဒီအပြင် တရားသူကြီးဟောင်းဟာ အမှုနဲ့သက်ဆိုင်တဲ့ တရားခံဖြစ်ဖြစ်၊ တရားလိုဖြစ်ဖြစ်စတဲ့အမျိုးသမီးတွေကိုလည်း ခြိမ်းခြောက်ကာ တရားမဝင်ပြည့်တန်ဆာလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ဖို့အတွက် ဖိအားပေးနိုင်တယ်ဆိုပြီးလည်း သတင်းတွေထွက်နေခဲ့ပါသေးတယ်။

READ
IQ ရမှတ်162 မှတ်နဲ့ အိုင်စတိုင်း၊ စတီဗင်ဟော့ကင်းတို့ထက် IQ အမှတ်ပိုများတဲ့ ကောင်လေး

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားသူကြီးမင်းဟောင်း William T.Marshall ကတော့ တရားစီရင်ချက်ချတဲ့အခါ တစ်ယောက်တည်းလုပ်လို့ရတာမျိုးမဟုတ်ဘဲ စာနဲ့ရော၊ အသံဖိုင်တွေပါ မှတ်တမ်းတင်ထားရတဲ့အတွက် သူ့အနေနဲ့အခုလိုမျိုးတွေ ကျူးလွန်ခဲ့တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ မဟုတ်ဘူးဆိုပြီး အပီအပြင်ငြင်းထားခဲ့ပါတယ်။ အမှုတွေကို စီစစ်ပြီး မှားယွင်းစွာစီရင်ချက်မချမှတ်ထားဘူးဆိုရင်တော့ အကြောင်းမဟုတ်ပေမယ့် အကယ်၍ အရက်မူးပြီး စီရင်ချက်အမှားတွေချတာ၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ဆေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ထားတာတွေရှိနေတယ်ဆိုရင်တော့ William T.Marshall ကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်။

Penny

 

SHARE