Liza Soberano နဲ့ Lesbian ဇာတ်ကား ရိုက်ချင်တယ်ဆိုတဲ့ Julia Barretto

Image:IG/Julia Barretto

Julia Barretto ကတော့ ဖိလစ်ပိုင်ရဲ့ ချစ်စရာကောင်းတဲ့ နာမည်ကြီး မင်းသမီးချောလေးပါ။Julia Barretto ကတော့ သူမဟာ Lesbian ဇာတ်ကားမှာ ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေ ပြီ၊Lesbian ဇာတ်ကားရိုက်ချင် တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဖိလစ်ပိုင် မော်ဒယ် မင်းသမီးချော လေး  Liza Soberano နဲ့ အတူ တွဲ ရိုက်ချင်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Photos by @andreabeldua 📷

A post shared by Julia (@juliabarretto) on

Image:IG/Liza Soberano & Julia Barretto

Fan တစ်ချို့က သူတို့နှစ်ယောက် အတူ တွဲပြီး Lesbian စုံတွဲ အဖြစ်နဲ့ ဇာတ်ကား ရိုက်ရင် ကောင်းမှာပဲ ဆိုပြီး အကြံ ပြုခဲ့ကြပါတယ်။Barretto  ကတော့ တကယ်အဲ့လို ဖြစ်လာ ခဲ့ရင်တော့ မလွဲ မသွေ လုပ်ပါမယ် လို့ ဆိုခဲ့ပါတယ်။တွစ်တာ အသုံးပြု သူ တစ်ဦးက Black Sheep နဲ့ ဒါရိုက်တာ Dan Villegas  နဲ့ Antoinette Jadaone တို့ကို Tag လုပ်ပြီး Lesbian ကားရိုက်ပေးပါ ဆိုပြီး အကြံပြု ခဲ့ပါတယ်။“LESBIAN MOVIE FOR @lizasoberano PLEASE HEAR ME OUT  @Black_SheepPH @danvillegas @tonetjadaone,”  ဆိုပြီး တွစ်တာမှာ ရေးခဲ့တာပါ။

READ
IGမှာ ဗီဒီယိုဖိုင်လေးတွေ ကိုယ်စီတင်ထားကြတဲ့ ယွန်းယွန်းနဲ့ အုပ်စိုးခန့်
Image:IG/Julia Barretto
Image:IG/Liza Soberano & Julia Barretto

ဇန်န၀ါရီ (၂၂)ရက်နေ့က တွစ်တာပေါ်မှာ တင်လိုက်တာဖြစ်ပြီး သူမရဲ့ Post ကိုတော့ Soberano က ဦးထုပ် ဆောင်ထားတဲ့ ပုံလေးတွနဲ့ အတူ တင်ခဲ့တာပါ။အားလုံးကလည်း အဲ့ဒီ Post ကို ၀ိုင်းပြီး ထောက်ခံ အားပေး ခဲ့ ကြပါတယ်။အဲ့လို ကားလေးရိုက် ပေးပါဆိုပြီး ၀ိုင်းတောင်းဆိုခဲ့ကြပါတယ်။

Image:IG/Liza Soberano & Julia Barretto

အသက် (၂၂)နှစ်အရွယ် မင်းသမီးလေး Julia Barretto ကလည်း တောင်းဆိုလာတဲ့ ပရိသတ်တွေ ကို ” ကျ မရိုက်ပါမယ်.” ဆိုပြီး ပြန် တုံ့ပြန်ခဲ့ပါတယ်။Fan တွေ ကလည်း အရမ်းပျော်သွားပြီး ဇာတ်ကားသာ တကယ်ရိုက်ဖြစ်ရင် အဲ့ဒီဇာတ်ကားကို ၀န်းရံ အားပေးသွား ပါ့မယ် ဆိုပြီး  ပြောခဲ့ကြပါတယ်။

 

View this post on Instagram

 

Rivalry? What rivalry?! 👭

A post shared by Julia (@juliabarretto) on

Barretto  ကတော့  လက်တလောမှာ ဒါရိုက်တာ  Mikhail Red ရဲ့ ဇွန်ဘီ ဇာတ်ကား   “Block Z”မှာ ပါဝင် သထားပါတယ်။အဲ့ဒီဇာတ်ကားကိုတော့ ဇန်န၀ါရီ (၂၉)မှာ ပြသမှာပါ။ Soberano ကတော့ လက်ရှိမှာတော့ ABS-CBN ရဲ့ TV စီးရီးသစ်  “Make It With You” မှာ မင်းသား Enrique Gil နဲ့ အတူ တွဲ သရုပ်ဆောင်ထားပါတယ်။အဲ့ဒီဇာတ်ကားကိုတော့ ဇန်န၀ါရီ (၁၃)တည်းက ပြသ နေပါတယ်။

Source:entertainment

SHARE