Hollywood ဆိုတဲ့စာလုံးကြီးကို မြင်ဖူးကြတယ်မဟုတ်လား။ အဲဒီစာလုံးကြီးကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ Holly“boob” ဖြစ်အောင် လူတစ်စုကနေပြီး လုပ်ခဲ့ပါတယ်တဲ့လေ။ ခေါင်းဆောင်သူကတော့ Julia Rose ဆိုတဲ့ မော်ဒယ် influencer တသ်ယောက်ပါ။ သူမနဲ့အတူ တခြား influencer တွေလည်း ပါဝက်နေခဲ့ပါတယ်။ အကြောင်းကတော့ IG မှာ ဝတ်လစ်စလစ်ပုံတွေ ပေးမတင်တာကို ပယ်ဖျက်ပေးဖို့ပါတဲ့။


အရာတိုင်းမှာ သတ်မှတ်ချက်ဆိုတာမျိုး ရှိနေပါတယ်။ Social platform တွေမှာတော့ ဆင်ဆာပေါ့လေ။ စကားလုံးတွေမှာ လူမျိုးရေးခွဲခြားတာမျိုး၊ လိင်ပိုင်းဆိုင်ရာ ဖော်ကေူးတဲ့ စကားလုံးတွေ၊ နိုင်ငံရေးနဲ့ မှုခင်းဆိုင်ရာတွေကို စောင့်ကြည့်ပြီး ဖယ်ရှားနေခဲ့သလို ပုံတင်တဲ့အခါမေိုးမှာလည်း သွေးထွက်သံယိုတွေ၊ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်တဲ့ ပုံတွေဆို community standard ဆိုတာငြိစွန်းပြီး warning အပေးခံရတတ်ပါတယ်။
Hollywood မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆယ်လီတွေကြားထဲ Instagram နဲ့ ပြသနာတွေ တက်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Ig ဟာ အမျိုးသားနဲ့ အမျိုးသမီးခွဲခြားလို့ပါ။
ဒီလိုပါ။ အမျိုးသားတွေကိုတော့ Ig မှာ ဝစ်လစ်စလစ်ပုံတွေ တင်ခွင့်ပြုပြီး အမေိုးသမီးတွေ အပေါ်ပိုင်း ဗလာကျင်းတဲ့ပုံတွေ တင်ရင်ကျ Ig က ဖျက်ပစ်တာမလို့ပါ။ ဒီကိစ္စဟာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီးတွေတောင် complain တက်ခဲ့ဖူးပါသေးတယ်။ ဥပမာ Amber Herd လိုပေါ့။

ဒါကြောင့်လည်း အခုလိုမျိုး လှုပ်ရှားမှုကို ပြုခဲ့တာပါ။ Hollywood နေရာမှာ Holly“boob” ဆိုတဲ့ ရင်သားကို ကိုယ်စားပြု “boob” ကို သုံးပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါလို့ Julia Rose ကပြောခဲ့ပါတယ်။

penny