9/11 ကို ပြန်အမှတ်ရသွားစေခဲ့တဲ့ မက်ဟက်တန်မြို့က ရဟတ်ယာဉ်မတော်တဆမှုကြီး

LHKoonce, FDNY/ Twitter

၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တုန်းက နယူးယောက်ရဲ့ မန်ဟက်တန်မြို့လယ်ခေါင်မှာ ပေါက်ကွဲမှုအသံ အကြီးကြီးနဲ့အတူတူ ရဟတ်ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Insider သတင်းမီဒီယာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ဟာ Tim McCormack ဆိုတဲ့ အမျိုးသားပိုင်ဖြစ်ပြီး ကိုယ်ပိုင်ရဟတ်ယာဉ်ကို မန်ဟက်တန်ရဲ့ ၃၄ လမ်းကနေ နေ့ခင်းပိုင်း ၁ နာရီနဲ့ ၃၂ မိနစ်မှာ ထွက်ခွာလာခဲ့ပြီး လင်ဒန်၊ နယူးဂျာစီကို မိနစ်ပိုင်းလောက်အကြာမှာ ဆိုက်ရောက်ရာခဲ့ရာ နယူးယောက်စံတော်ချိန် ၁ နာရီနဲ့ ၄၅ မိနစ်မှာတော့ ယခုလိုပဲမတော်တဆမှုဖြစ်ပွားကာ ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။

လေယာဉ်ပျက်ကျတဲ့နေရာဟာ 787 Seventh Ave အဆောက်အဦးရဲ့ ခေါင်မိုးပိုင်းပေါ်ကို ပျက်ကျခဲ့တာပါ။ အမှန်က ရဟတ်ယာဉ်မောင်းလာခဲ့တဲ့ Tim McCormack ဟာ ရဟတ်ယာဉ်ကို ခေါင်မိုးပေါ်မှာ ရပ်နားဖို့အတွက် ပြင်ဆင်နေခဲ့ပေမယ့်လည်း ထိန်းမရတော့ဘဲ အဆောက်အဦးပေါ်ကို ပျက်ကျခဲ့တာလို့ မျက်မြင်တွေကပြောခဲ့ပါတယ်။

အဆောက်အဦးထဲကို လေယာဉ်ပျက်ကျသွားတဲ့အတွက် မီးလောင်မှုဖြစ်ပွားခဲ့ပေမယ့် မတော်တဆမှုဖြစ်တဲ့နေရာကို မီးသတ်တွေ ချက်ချင်းရောက်လာခဲ့တာကြောင့် မီးမပျံ့ခင်မှာပဲ အလွယ်တကူငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လေယာဉ်ပိုင်ရှင်လည်းဖြစ်၊ လေယာဉ်မောင်းလာတဲ့လူလည်းဖြစ်တဲ့ Tim McCormack ကတော့ နေရာမှာတင် အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ အဆိုးထဲက အကောင်းကိုပြောပါဆိုရင်တော့ အဆောက်အဦးထဲက လူတစ်ယောက်မှ ထိခိုက်ခြင်းမရှိဘဲ အဆောက်အဦအပိုင်းမှာလည်း ကြီးကြီးမားမားပျက်ဆီးသွားတာမျိုးတွေ မရှိခဲ့ပါဘူး။

 

READ
ဘင်လာဒင် သေဆုံးခါနီးပြောခဲ့တဲ့စကားကိုဖွင့်ဟခဲ့တဲ့ ဘင်လာဒင်ရဲ့ စတုတ္ထဇနီး

ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရတဲ့နယူးယောက်သားတချို့ကတော့ ၉ လပိုင်း ၁၁ ရက်နေ့တုန်းက တစ်ကမ္ဘာလုံးကိုအကြီးအကျယ်တုန်လှုပ်စေခဲ့တဲ့ World Trade Center အကြမ်းဖက်မှုနဲ့ ခပ်ဆင်ဆင်ဖြစ်တာကြောင့် စစချင်းမှာအကုန်လုံး အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်လို့ ပြောနေခဲ့ကြပါတယ်။

မတော်တဆမှုမှာ လျင်လျင်မြန်မြန်နဲ့အချိန်တိုအတွင်း ကျွမ်းကျင်စွာကိုင်တွယ်ဖြေရှင်းသွားခဲ့တဲ့ သက်ဆိုင်ရာ မြို့နယ်မှမီးသတ်တပ်ဖွဲ့အမှတ် ၂၄/၇/၃၆၅ ကိုတော့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင် သူ့ရဲ့ကိုယ်ပိုင် Twitter မှာ tweet လုပ်ကာ ဂုဏ်ပြုစကားပြောကြားရင်း လိုအပ်တာမှန်သမျှတောင်းဆိုနိုင်တယ်ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Penny

SHARE