(၁၁-၆-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

The Sun

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ဖရိုင်းဘက်အသင်း ခံစစ်ကစားသမား Caglar Soyuncu ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနှစ်မှာ ခံစစ်ပိုင်းကို အထူးဦးစားပေး ပြုပြင်နေတာကို တွေ့ရပြီး အခု Caglar အတွက်ကိုတော့ အာဆင်နယ်ဘက်က ပေါင်(၃၅)သန်းအထိ ပေးချေရဖွယ် ရှိနေပါတယ်။ Caglar ဟာ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ ကစားသမားတစ်ဦးပါ။

The Epoch Times

နေမာ – ဒဏ်ရာကနေ ပြန်လည်သက်သာလာလို့ ဘရားဇီးရဲ့ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ခွင့်ရနေတဲ့ နေမာဟာ သြစတီးယားနဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် နေမာ ဒဏ်ရာရရှိတဲ့သတင်းကိုတော့ ဘရားဇီးအသင်းက အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသလို၊ သတင်းမီဒီယာတွေက Fake လုပ်တာလို့လည်း စွပ်စွဲနေပါတယ်။

အီယန်ရွိုက် – အင်္ဂလန်၊ ပဲလေ့စ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဝါရင့်ဂန္ထဝင်ကစားသမားကြီး အီယန်ရွိုက်က အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရွိုက်က ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းလိုအပ်နေတဲ့ ဉာဏ်ရည်အသုံးချနည်းပြတစ်ဦးဖြစ်ပြီး၊ ယခု WC မှာ အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Goal

မာရီယိုဂေါ့ဇီ – ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်ကစားသမား ဂေါ့ဇီက သူဟာ လီဗာပူးအသင်းနည်းပြ ကလော့ပ်ရဲ့ လက်အောက်မှာ ကစားချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂေါ့ဇီဟာ ဒေါ့မွန်နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ကလော့ပ်ရဲ့လက်အောက်မှာ ကာလအနည်းငယ်သာ ကစားခဲ့ရသူဖြစ်ပါတယ်။ ဂေါ့ဇီကို မန်စီးတီးအသင်းက ချင်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

READ
ဘရာဇီးလိဂ်ပွဲစဉ်တစ်ပွဲတွင် ပရိသတ်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ပရိသတ်တစ်ဦး သေဆုံး

PSG – PSG အသင်းနည်းပြ တူချယ်က ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ကန်တီဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး (၂၀၁၆)ခုနှစ်မှာ လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်ပါတယ်။

ITV

ဆာလက် – အီဂျစ်တိုက်စစ်မှူး ဆာလက်ဟာ အခုအခါမှာ ဒဏ်ရာကနေ လုံးဝနီးပါး ပြန်လည်သက်သာနေပြီဖြစ်ကြောင်း သိရပါတယ်။ ဆာလက်ဟာ အီဂျစ်အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။

လင်ဒီအော့ဖ် – မန်ယူအသင်းရဲ့နောက်ခံလူ လင်ဒီအော့ဖ်ဟာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့အတွက် အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လင်ဒီအော့ကို အသင်းဟောင်း ဘီဘာအိုအသင်းက ပြန်လည်ချိတ်ဆက်မှုတွေ ပြုလုပ်နေသလို၊ အခုအခါမှာ အဲဗာတန်အသင်းကလည်း သူ့ကို အလိုရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Daily Express

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ နောက်ခံလူ ဗာမယ်လန်ကို တစ်နှစ်စာချုပ်နဲ့ သက်တမ်းတိုးလိုနေကြောင်း သိရပါတယ်။ ဒါပေမယ့် ကစားသမားဘက်က လက်ခံဖို့မရှိဘဲ ပွဲထွက်ခွင့်သေချာစေမယ့် အခြားအသင်းတစ်ခုကို အလုံးစုံအပြောင်းအရွှေ့ပုံစံနဲ့ ပြောင်းလိုနေပါတယ်။ ဗာမယ်လန်ဟာ အာဆင်နယ်အသင်းမှာ ဘာစီလိုနာကို (၂၀၁၄)ခုနှစ်မှာ ရောက်ခဲ့သူဖြစ်ပြီး ဘာစီလိုနာမှာ (၂၅)ပွဲသာ ကစားခွင့်ရခဲ့ပြီး ရိုးမားအသင်းကို အငှားချခြင်း ခံခဲ့ရပါတယ်။

READ
မန်ယူအသင်းသို့ ပြန်လာပြီဖြစ်တဲ့ Adnan Januzaj

ဂွါဒီယိုလာ – ဂွါဒီယိုလာဟာ အာဖရိကတိုက်သားတွေနဲ့ အဆင်ပြေသူမဟုတ်ကြောင်း၊ အသားရောင်ခွဲခြား ဆက်ဆံတတ်သူဖြစ်ကြောင်း တပည့်ဟောင်း တိုရေးရဲ့ စွပ်စွဲမှုကို ဂွါဒီယိုလာက ပယ်ချလိုက်ပြီး၊ ဒီစကားတွေဟာ တိုရေးရဲ့ ပုဂ္ဂိုလ်ရေးအညှိုးအတေးကြောင့် ဖြစ်ပေါ်လာတဲ့ အလိမ်အညာတွေသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက ” ဒီစကားတွေကို ကျနော့်မျက်နာ ဒဲ့ကြည့်ပြီး သူ မပြောခဲ့ဖူးပါဘူး “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

Ref : thesun.co.uk
Ref : metro.co.uk
Ref : mirror.co.uk

SHARE