မိဿရာသီ(Aries) ဖွားများအတွက် 2017 ဇွန်လ အထွေထွေဟောစာတမ်း

2017 ဇွန်လမှာတော့ မိဿရာသီဖွားတွေအတွက် အစစဇာတာဆန်းလာဘ် တက်နေချိန်လို့ ဆိုရမှာပါ။ ယူနေနပ်စ်ဂြိုဟ်ရဲ့ တွန်းအားကြောင့် မိတ်ကောင်းဆွေကောင်းတွေနဲ့ ပေါင်းဖော်ရပြီး၊ ဆုံးဖြတ်ရန်ခက်ခဲတဲ့ ကိစ္စရပ်တွေမှာ တစ်နည်းနည်းနဲ့ အထောက်အကူ ပေးပါလိမ့်မယ်။ မိဿရာသီဖွာ ကျောင်းသားကျောင်းသူတွေအတွက်လည်း ပညာရေးအခွင့်အလမ်း ကောင်းတွေ ပွင့်လာမှာ မလွဲပါဘူး။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ရာထူး

ဒါပေမယ့် ဇွန်လနှောင်းပိုင်းမှာ အတိုက်အခိုက်တစ်ချို့ရှိတတ်ပြီး၊ မပြုသင့်တာတွေကို ပြုမိတတ်ပါတယ်။ ကိုယ့်မကျေနပ်
ချက်တွေကို ကိုယ့်ပုံရိပ် တက်ဖို့အတွက် လွှဲပြောင်းအသုံးချနိုင်ဖို့လည်း လိုပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပွင့်လမ်းမယ့် လဖြစ်လို့ အမိအရ ဆုပ်ကိုင်ဖို့ လိုပါတယ်။ 2017 ဇွန်လဟာ မိဿရာသီဖွားများအတွက် ရာထူးတိုးဖို့ အခွင့်အလမ်း အကောင်းဆုံးပါ။ ဒါ့အပြင် အလုပ်အသစ်ကို ပြောင်းရွှေ့ရတယ်ဆိုရင်လည်း တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။

ဘဏ္ဍာရေး

မိဿရာသီဖွားတွေအတွက်တော့ ၀င်ငွေအခွင့်အလမ်း အရှိဆုံးဟာ ကုန်ရောင်းကုန်ဝယ်မှတစ်ဆင့် ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါ့အပြင် စာချုပ်စာတမ်းတွေဆီကနေ အမြတ်အစွန်းတွေလည်း ရတတ်ပြီး၊ ရေရှည်ငွေကြေးရင်း နီး မြှုပ်နှံမှု ပြုလုပ်သင့်တဲ့ လလည်း ဖြစ်ပါတယ်။ မိသားစုဝင်တွေရဲ့ အကူအညီကြောင့်လည်း အိမ်ခြံမြေရင်းနီး မြှုပ်နှံမှုတွေ စွံမယ့် လဖြစ်ပါတယ်။

READ
(Libra)တူရာသီဖွားတွေရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း

အချစ်ရေး

အချစ်ရေးမှာတော့ မိဿရာသီဖွားတွေအတွက် ဇွန်လဟာ အချစ်အိမ်ကို ဂျူပီတာဂြိုဟ်က ကြီးစိုးနေလို့ အချစ်ကမ္ဘာအတွင်း သက်ဆင်းနေရသူတွေလည်း အမြန်အိမ်ထောင်ကျကိန်း ရှိပါတယ်။ ချစ်သူရည်းစားမရှိတဲ့ မိဿရာသီဖွားတွေအတွက် တော့ ဇွန်လဟာ ဖူးစာရှင်ဆုံတဲ့လလို့ ဆိုရင် မမှားပါဘူး။

ကျန်းမာရေး

2017 ခုနှစ် ဇွန်လဟာ မိဿရာသီဖွားတွေအတွက် စိတ်ဖိအားတွေများပြားပြီး၊ အားအင်တွေ ကုန်ခမ်း ညှိုးရော်နွမ်းနယ်နေ မယ့်လဖြစ်ပါတယ်။ စိတ်တည်ငြိမ်မှု နည်းပါးပြီး၊ များပြားလှတဲ့ အလုပ်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိဖို့လိုပါတယ်။ အစားမှား အသောက်မှာလည်း သတိထားဆင်ခြင်ဖို့ လိုပြီး၊ သွေးတိုးသွေးကျရောဂါသမားတွေ သတိထားရမယ့် လ ဖြစ်ပါကြောင်း။

မဒီလေး (Shwemom)

source :

SHARE