ဓနုရာသီဖွား(Sagittarius) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

ယခုနှစ် 2017 ရာသီအတွက် ဓနုရာသီဖွားတွေရဲ့ ကံဇာတာဟာ ကိုယ်ပိုင်ကြိုးစား အားထုတ်မှုမရှိရင်တောင်မှ အပေါင်းအသင်းတွေ အစုအဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ အလိုလိုအောင်မြင်နေမယ့် သူတွေ ဖြစ်ပါတယ်။ ဓနုရာသီဖွားတွေရဲ့ ရာသီခွင် သဘောသဘာဝအရကိုက ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သူများ ဖြစ်ကြပြီး၊ တစ်စုံတစ်ဦးအ
ပေါ်ကို မှီခိုလိုစိတ်ကင်းမဲ့သူတွေ ဖြစ်ပါတယ်။

ပညာရေး

2017 ခုနှစ် ဇွန်လမှာတော့ ဓနုရာသီဖွားတွေရဲ့ ပညာရေးအခွင့်အလမ်းတွေဟာ လဒုတိယအပတ်လောက်ထိ သာမန်ပါ ဘဲ။ အဲဒီနောက်မှာတော့ ပညာရေးအခွင့်အလမ်းတွေ ပွင့်လင်းသွားဖို့ရှိပြီး၊ ပညာတော်သင်ဆုကဲ့သို့သော မြင့်မားတဲ့ ဆုတံဆိပ်တွေအထိ မှန်းမျှော်လို့ ရတဲ့ အနေအထားပါ။ ဒါပေမယ့် နိုင်ငံခြားပညာရေးထက် ပြည်တွင်းပညာရေးက ပိုပြီး ဘ၀အတွက် အရေးပါမယ့်သဘောကို တွေ့ရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဘဏ္ဍာရေး

ဝင်ငွေနဲ့ဘဏ္ဏာရေးအခြေအနေကတော့ စီးပွားရေးသမား ဓနုရာသီဖွားတွေအတွက် သိပ်ကောင်းတဲ့လဖြစ်ပါတယ်။ အနီးစပ်ဆုံး အပေါင်းအသင်းတွေနဲ့အတူ စပ်တူရှယ်ယာလုပ်ငန်းတွေ အောင်မြင်မှု များပြားစွာ ရရှိနိုင်ပြီး၊ ၀န်ထမ်းတွေဆို ရင်လည်း လုပ်ခလစာပိုကောင်းတဲ့ အလုပ်/ရာထူးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရဖို့ ရှိပါတယ်။

READ
Pisces(မိန်)ရာသီဖွားတွေကို ချစ်မိရင် သိထားသင့်တဲ့ အချက်များ

အချစ်ရေး/အိမ်ထောင်ရေး

တစ်ကိုယ်ရေတစ်ကာယသမားတွေ စိတ်တူကိုယ်တူ၊ ဘာသာအယူဝါဒတူသူနဲ့ အချစ်ရေစက် ပါဖို့ရှိပါတယ်။ မိတ်ဆွေအ
သစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရဖို့ရှိပြီး အိမ်ထောင်သည်များအဖို့တော့ အချစ်တွေ မျှတနေပြီး၊ အေးချမ်းတဲ့အချိန်တွေကို ပိုင်ဆိုင်ရမယ့် လဖြစ်ပါတယ်။

ကျန်းမာရေး

2017 ဇွန်လမှာ ဓနုရာသီဖွားတွေ သတိထားရမယ့် အရာကတော့ သွားနဲ့ခံတွင်းရောဂါပဲ ဖြစ်ပါတယ်။ အလုပ်ဒဏ်ပိပြီး အားအင်ကုန်ခမ်းခြင်းလည်း ဖြစ်တတ်လို့ အာဟာရဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုပါတယ်။ စိတ်ဖိအားတွေလည်း အနည်းငယ်ရှိနိုင်လို့ ဘုရားသွား၊ ကျောင်းတက် ပြုလုပ်ရင်း စိတ်အပန်းဖြေဖို့ စဉ်းစားသင့်ပါတယ်။

မဒီလေး (Shwemom)

source : sunsigns.org

SHARE