(၇-၆-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Eurosport

အိုဇေးလ် – ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ဖို့ နီးကပ်လာတဲ့အချိန်မှာပင် ဒူးဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အိုဇေးဟာ အသင်းနဲ့ လေ့ကျင့်ရေးမဆင်းနိုင်တာ လေးရက်ရှိနေပြီလို့ သိရပြီး သြစတီးယားနဲ့ ပွဲစဉ်ပြီးကတည်းက ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

Sky Sports

စပါး – စပါးအသင်းဟာ ၎င်းတို့ ခေါ်ယူလိုနေတဲ့ အေဂျက်အသင်းရဲ့ ခံစစ်မှူး၊ Matthijs de Ligt အတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၈)သန်းအထိ ပေးချေရဖို့ ရှိနေကြောင်း သိရပါတယ်။ Matthijs ဟာ အသက်(၁၈)နှစ်သာ ရှိသေးပြီး ပေးချေရမယ့်ပမာဏကတော့ စပါးအတွက် ကလပ်စံချိန်တင် ဈေးနှုန်း ဖြစ်သွားနိုင်ပါတယ်။ Matthijs ကို မန်ယူအသင်းကလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံ – အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ယူတိုက်စစ်မှူး လူကာကူနဲ့၊ ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ဟာဇက်တို့ဟာ အသီးသီးဂိုးတွေ သွင်းယူနိုင်ခဲ့ကြပြီး (၃-၀)ရလဒ်နဲ့ အီဂျစ်တို့ အရှုံးပေးခဲ့ရပါတယ်။ ဒီခြေစွမ်းကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့ဖလားပွဲစဉ်အတွက် ဘယ်လ်ဂျီယံက အဆင်သင့်ဖြစ်နေပြီဆိုတာ သက်သေပြနေပါတယ်။

READ
ဒေါက်မြင့်ဖိနပ်နဲ့ ဘောလုံးအလှပြသွားတဲ့ဘရာဇီးသူလေး
90min

ပါးမား – ဆီးရီးအေကို တန်းပြန်တက်နိုင်ခဲ့တဲ့ ပါးမာအသင်းဟာ စတုတ်စီးတီးတိုက်စစ်မှူး ပီတာခရော့ခ်ျကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ပီတာခရော့ခ်ျဟာ ထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူး၊ စပါး စတဲ့အသင်းပေါင်းများစွာမှာ ကစားခဲ့သူဖြစ်ပြီး စတုတ်စီးတီးမှာသာ ကစားသမားဘဝကို အများဆုံး ကြင်လည်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ စတုတ်အသင်းမှာ (၂၀၂)ပွဲကစားပြီး (၄၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဆာလက် – အီဂျစ်အသင်းနည်းပြရဲ့ ထုတ်ဖော်ဝန်ခံချက်အရ ဆာလက်ဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာတောင် ပြန်လည်ပါဝင်လာနိုင်ကြောင်း သိရပါတယ်။ ဒါပေမယ့် အီဂျစ်အသင်းနည်းပြ ဟက်တာကူးပါးက ဆာလက်ရဲ့အခြေအနေဟာ တိုးတက်လာနေတယ်ဆိုတာ မှန်ပေမယ့် သူ့ကို ဆရာဝန်ထောက်ခံချက်မပါဘဲ အရဲစွန့်သုံးသွားမှာ မဟုတ်ကြောင်း ဆိုပါတယ်။

Sports Of The Day

မိုက်ကယ်ဘောလက် – ချယ်လ်ဆီးနဲ့ဂျာမန် ဂန္ထဝင်ကစားသမားဟောင်းကြီး မိုက်ကယ်ဘောလက်က ဂျာမနီအသင်းလူစာရင်းမှာ ဆားနေးကို ချန်ရစ်ခဲ့တဲ့ နည်းပြအာချင်လိုရဲ့ လုပ်ရပ်ကို အလွန်အံ့သြတုန်လှုပ်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သတင်းစာတစ်ချို့မှာတော့ ဂျာမန်အသင်းမှာ အသားရောင်ခွဲခြားမှုတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ PSG ကစားသမား Yacine Adli ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ Adli အတွက် £223,000 သာ ပေးချေခဲ့ရကြောင်း သိရပြီး၊ သူဟာ အာဆင်နယ်အသင်းနဲ့အတူ (၃)နှစ် စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ Adli ဟာ အသက်(၁၇)နှစ်သာ ရှိပါသေးတယ်။ ဒီသတင်းကိုတော့ နှစ်ဘက်အသင်းနှစ်ခုစလုံးက ကြေညာခြင်းတော့ မရှိသေးပါဘူး။

READ
၁၅-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Metro

မန်ယူ – မန်ယူအသင်းဟာ ၎င်းတို့အလိုရှိနေတဲ့ ပေါ်တိုကစားသမား ဒီယိုဂိုဒလော့ကို ပြောင်းရွှေ့ကြေး ပေါင်(၁၉)သန်းနဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒီယိုဂိုဟာ အသက်(၁၉)နှစ်သာ ရှိသေးပေမယ့် အရွယ်နဲ့မလိုက်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားသူဖြစ်လို့ သူ့ကို အသင်းကြီးတော်တော်များများက ခေါ်ယူလိုနေကြပါတယ်။

မန်ယူ – ရီးယဲအသင်းမှာ မပျော်တော့ဘူးဆိုတဲ့ ဒိုလေးကို မန်ယူအသင်းက စတင်ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဒိုလေးဟာ လာမယ့်ရာသီမှာ အသင်းပြောင်းဖို့ရှိကြောင်း ထုတ်ဖော်ခဲ့သူဖြစ်ပြီး သူရဲ့မိခင်ကလည်း မန်ယူကိုသာ ပြန်ပြောင်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Real Madrid

နတ်စည်တော် (Shwemom)

Ref : thesun.co.uk
Ref : goal.com
Ref : mirror.co.uk

SHARE