Han Yeseul ကို မြင်ပြီး ဖြစ်သွားတဲ့ အမူအရာကြောင့် Jungkook ဝေဖန်ခံနေရ

Image:IG/Han Yeseul & Jungkook

(၃၄)ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Golden Disc Awards ပွဲ ပထမ နေ့ ကိုတော့ ဇန်န၀ါရီ (၄)ရက်နေ့ နဲ့ (၅)ရက်နေ့ တို့က Gocheok Sky Dome မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဇန်န၀ါရီ (၄)ရက်နေ့ ပွဲမှာတော့ အစီအစဉ် တင်ဆက်သူတွေ အဖြစ် Sung Si Kyung နဲ့ Lee Da Hee တို့က ပါဝင် ပေးထားပါတယ်။ (၅) ရက်နေ့မှာတော့ Park So Dam နဲ့ Lee Seung Gi တို့က အစီအစဉ် တင်ဆက်သူတွေ အဖြစ် ပါဝင် ပေးခဲ့ကြပါတယ်။ဒီပွဲမှာတော့သရုပ်ဆောင် အနုပညာရှင်တွေ က ဆုရခဲ့တဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေကို ဆု ကြေညာ ချီးမြှင့် ပေးခဲ့ တာ ပါ။ဒီပွဲကို တော့ မင်းသမီး Han Yeseul က  အမိုက်စား ဖက်ရှင်၊မိတ်ကပ် အပြင် အဆင်နဲ့ တက်ရောက်ခဲ့ပါတယ်။

Image:IG/Han Yeseul
Image:IG/Han Yeseul

နှာ နု ကွင်းကိုပါ တပ်ထားပြီး ထူးခြားတဲ့ မိတ်ကပ် အပြင်အဆင်နဲ့ တက်ရောက်ခဲ့ပါတယ်။ ဆု ကြေညာ ချီးမြှင့်ဖို့ Han Yeseul က  စင်ပေါ် တက်လာတဲ့ အချိန်မှာတော့  BTS အဖွဲ့ဝင်  Jungkook  လုပ်လိုက်တဲ့ အမူအရာ က လူပြောစရာ ဖြစ်ခဲ့ပါတယ်။တကယ်က နှာနု ကွင်းတပ်ထားတာကို ဘေးမှာ ရှိတဲ့ V ကို လှမ်း ပြော ပြခဲ့တာပါ။ပွဲမှာ အသံ က အရမ်းဆူ နေတဲ့ အတွက် အမူအရာနဲ့ သေချာ လှမ်းလုပ်ပြခဲ့ပုံရပါတယ်။

READ
ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ တမျိုးလှနေတဲ့ အိချောပို
Image:IG/Han Yeseul

 

View this post on Instagram

 

📸 @giuklee__

A post shared by 한예슬 (@han_ye_seul_) on

ဒါပေမယ့်လည်း ဝေဖန်သူ တစ်ချို့ကတော့ သူ့ရဲ့ အပြုအမူ ဟာ တစ်ဖက်သားကို ကဲ့ရဲ့ မနှစ်မြို့ တဲ့ ပုံစံ မျိုး ဖြစ်ေ နတယ်ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

Source:kstarlive

SHARE