America’s Got Talentမှာ မြန်မာ့ကိုယ်စားပြုအဖွဲ့အဖြစ်နဲ့မှတ်တိုင်ထူနိုင်ခဲ့ပြီဖြစ်တဲ့Junior Creative

facebook.junior creative/youtube

Junior Creative အဖွဲ့ကတော့ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Myanmar Got Talent ပြိုင်ပွဲကြီးမှာ winner ရရှိခဲ့တဲ့ လူငယ်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Shadow art အကအဖွဲ့ဖြစ်ပါတယ်။ သူတို့ကတော့ နိုင်ငံတကာက အနိုင်ရရှိသူပြိုင်ပွဲဝင်တွေကို ရွေးချယ်ဖိတ်ခေါ်တဲ့ America’s Got Talent: the Champion ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပါတယ်။

facebook.junior creative
facebook.junior creative

ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ရန်ကုန်မြို့ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ America’s Got Talent: the Champion ပြိုင်ပွဲကိုတော့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ညနေပိုင်းမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ အမြဲထူးခြားဆန်းသစ်တဲ့ တင်ဆက်မှုတွေပဲ ပြုလုပ်လေ့ရှိတဲ့  Junior Creative  အဖွဲ့ကတော့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ စင်မြင့်ထက်မှာ စစ်ပွဲ ပဋိပက္ခတွေကြောင့် ဝေးကွာသွားရတဲ့ မိသားစုတွေရဲ့ အကြောင်းကို Shadow art နဲ့ပြသသွားခဲ့တာဖြစ်ပါတယ်။

READ
ကာဗွန်ဒိုင်အောက်ဆိုဒ် ရိုက်ကွင်းပုံရိပ်များ
facebook.junior creative
facebook.junior creative

America’s Got Talent: the Champion ရဲ့ အကဲဖြတ်ဒိုင်တွေအားလုံးကတော့ မြန်မာနိုင်ငံက လူငယ်လေးတစ်စုရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စိတ်ကူးနဲ့ တီထွင်ဆန်းသစ်နိုင်မှုတွေကို ကြည့်ပြီး အံ့သြမဆုံးဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေလည်း Junior Creative ရဲ့ တင်ဆက်ပြသမှုလေးကို ကြည့်လိုက်ပါဦးနော်။

Source: Junior Creative

SHARE