America’s Got Talent မှာယှဉ်ပြိုင်ဖို့အတွက် စတင်ထွက်ခွာသွားကြပြီဖြစ်တဲ့ Junior Creative

facebook.Junior Creative

Myanmar Got Talent ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Junior Creative အကအဖွဲ့ကတော့ သူတို့ရဲ့ ထူးခြားဆန်းသစ်တဲ့ တင်ဆက်မှုတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ သူတို့ကတော့ America’s Got Talent: the Champions Season 2 မှာ ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အဖြစ် ဖိတ်ကြားခံထားရတာဖြစ်ပြီး ဒီကနေ့ အစောပိုင်းမှာတော့ လောစ်အိန်ဂျလိစ်ကို ထွက်ခွာသွားကြပြီဖြစ်ပါတယ်။

facebook.Junior Creative
facebook.Junior Creative

American’s Got Talent: the Champions  ကတော့ ကမ္ဘာပေါ်မှာ ရှိသမျှ Got Talent တွေမှာ အနိုင်ရခဲ့တဲ့ Champion တွေ၊ Finalist တွေကို AGT ပရိုဂျူဆာတွေကိုယ်တိုင် ရွေးချယ်ခေါ်ယူပြီး Simon၊ Heidi၊ Alesha၊ Howie တို့ Judge လုပ်တဲ့ Champion of the Champions အတွက် ယှဉ်ပြိုင်ကြရမယ့် LA မှာလုပ်တဲ့ America’s Got Talent: Champion ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲတွေက အနိုင်ရရှိထားသူတွေချည်း ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်လို့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမယ့် ပွဲလည်းဖြစ်ပါတယ်။

facebook.Junior Creative
facebook.Junior Creative

America’s Got Talent: the Champions Season 2 ပြိုင်ပွဲကတော့ လာမယ့် တနလာင်္နေ့မှာ စတင်မှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအဖွဲ့ဖြစ်တဲ့ Junior Creative ရဲ့ ယှဉ်ပြိုင်တင်ဆက်မှုလည်း စောင့်မျှော်အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။ Junior Creative အဖွဲ့ ဆုကြီးတွေ သိမ်းပိုက်ပြီး ပြန်လာနိုင်ဖို့လည်း ဆုတောင်းပေးလိုက်ပါဦးနော်။

A Big Announcement… – AGT: The Champions

American's Got Talent: the Champions Season 2 မှာ ပြိုင်ကြမယ့် ပြိုင်ပွဲဝင် champion စာရင်းထွက်လာပါပြီ ✨🔥ကျွန်တော်တို့ သွားပြိုင်မယ့် AGT: the Champions က ရိုးရိုး Got Talent ပြိုင်ပွဲမဟုတ်ဘဲ ကမ္ဘာပေါ်မှာ ရှိသမျှ Got Talent တွေမှာ အနိုင်ရခဲ့တဲ့ Champion တွေ၊ Finalist တွေကို AGT ပရိုဂျူဆာတွေကိုယ်တိုင် ရွေးချယ်ခေါ်ယူပြီး Simon၊ Heidi၊ Alesha၊ Howie တို့ Judge လုပ်တဲ့ Champion of the Champions အတွက် ယှဉ်ပြိုင်ကြရမယ့် LA မှာလုပ်တဲ့ America's Got Talent: Champion ပြိုင်ပွဲဖြစ်ပါတယ်။ အကောင်းဆုံးထဲက အကောင်းဆုံးတွေကို ရွေးချယ်ယှဉ်ပြိုင်ရမှာဖြစ်လို့ ကျွန်တော်တို့အတွက် အရမ်းကို ခက်ခဲမယ့်ပြိုင်ပွဲတစ်ခုပါ။ ဒီ AGT Champions ပွဲမှာ တခြား Got Talent မှာ အနိုင်ရခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ကမ္ဘာကျော်အဆိုတော်တွေ (Jack Viden တို့၊ Mike Yung တို့) အကပညာရှင်တွေ (ဥပမာ – Star War ဝတ်စုံတွေနဲ့ကတဲ့ Boogie Stormsတို့၊ V-Unbeatableတို့၊ Accordion Hans တို့)၊ တယောပညာရှင်တွေ၊ ကျွမ်းဘားပညာရှင်တွေ၊ မျက်လှည့်ပညာရှင်တွေ စတဲ့ ကဏ္ဍအသီးသီးက Champion တွေအတူတူယှဉ်ပြိုင်ရမှာဖြစ်လို့ ကျွန်တော်တို့ Junior Creative က Myanmar's Got Talent: 2018 winner အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ပြိုင်ရမှာမို့လို့ အရမ်းရင်ခုန်နေပါပြီ။ အများကြီးလည်း ကြိုးစားထားပါတယ်။ LA မှာလည်း ရာသီဥတုပြောင်းမှာတွေ၊ အချိန်မတူတာတွေ ကြုံရမှာ သိနေတော့လည်း ပိုပြီး အပင်ပန်းခံကြိုးစားလေ့ကျင့်နေပါတယ်။ 🇲🇲Keep supporting us and don't miss us on AGT:the Champions Season 2 starting Jan 6 on NBC. ❤ #AGTChampions #JuniorCreative

Posted by Junior Creative on Tuesday, December 31, 2019

Source: Junior Creative

SHARE