မိနစ်ပိုင်းအတွင်း ဘီယာကို အေးအေးလေးဖြစ်အောင်လုပ်ပေးမယ့် မိုက်ခရိုဝေ့ဖ်စက်

Twitter/PetePachel

“ငါအိမ်ပြန်ဖို့ မစောင့်နိုင်တော့ဘူး။ဘီယာပူပူလေးသောက်ပြီး အေးဆေးလေးနေချင်တယ်ကွာ”လို့ ဘယ်သူပြောတာကြားဖူးလဲ?သင်ဘယ်လိုလုပ်ပြီးကြားဖူးမှာလဲ။ဘယ်သှူ ဘီယာပူရင် သောက်ချင်ကြမှာလဲ။ဘယ်သူမှလဲ ဘီယာပူပူကိုမကြိုက်ကြပါဘူး။အခုချိန်ကစပြီးတော့ ရိုးရိုးဘီယာကို ရေခဲသေတ္တာထဲ ၁နာရီကျော်ကြာအောင်ထည့်ထားပြီး အေးအောင်စောင့်နေစရာမလိုတော့ပါဘူး။

@Juno/Matrix

“ Juno ”လို့ခေါ်တဲ့ မိုက်ခရိုဝေ့ဖ်ထဲကို ဘီယာပုလင်းထည့်ထားရုံနဲ့ ၃မိနစ်အတွင်း ဘီယာအေးအေးလေးသောက်နိုင်ပါပြီ။ဒီစက်ကို Las Vegas မြို့မှာ ကျင်းပခဲ့တဲ့ CES Technology ပွဲမှာ ပြသမိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။Juno  မိုက်ခရိုဝေ့ဖ်ထဲကို ဘီယာပုလင်း ထည့်မယ်ဆိုရင် အေးအောင် (၃)မိနစ် စောင့်ရမှာဖြစ်ပြီး ၀ိုင်ပုလင်းထည့်မယ်ဆိုရင်တော့ (၅)မိနစ်ကြာအောင် စောင့်ရမှာပဲ ဖြစ်ပါတယ်။

@Juno/Matrix

“ Juno ”မိုက်ခရိုဝေ့ဖ်မှာ Thermoelectric  နည်းပညာပါဝင်ပြီး စက်ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အပူတွေကို စုပ်ယူပြီး အအေးဓာတ်ကို ပြောင်းလဲပေးတာပဲ ဖြစ်ပါတယ်။ဘီယာနဲ့ဝိုင်ကိုသာမက ကော်ဖီပူကနေ ကော်ဖီအေးကိုပါ ပြောင်းပေးနိုင်ကြောင်း သိရှိရပါတယ်။” Juno မိုက်ခရိုဝေ့ဖ်စက်ဟာ ဘီယာနဲ့ဝိုင်ကို အေးအောင်လုပ်နိုင်တာထက် ပိုပါတယ်။လက်ဖက်ရည်အပူကနေအအေး၊ ကော်ဖီအပူကနေကောဖီအအေးတို့ကိုပါ ပြောင်းလဲနိုင်ပြီး လတ်လတ်ဆတ်ဆတ်ပါ သောက်သုံးနိုင်ပါတယ်”လို့ Matrix ကုမ္ပဏီက တီထွင်သူတွေက ပြောပါတယ်။

READ
ဆယ်လီတွေရဲ့ ဖက်ရှင်ကို တုပဖန်တီးရင်း နာမည်ကြီးလာသူလေး

 

@Juno/Matrix

“ Juno မှာပါဝင်တဲ့ Thermoelectric နည်းပညာက အနာဂတ်မှာ ထုတ်လုပ်မယ့် တခြားစက်ကိရိယာတွေ အတွက်အရမ်းအသုံးဝင်လာမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Juno အသုံးပြုတွေဟာ လတ်လတ်ဆတ်ဆတ် ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဘီယာအေး၊ ဆိုဒါအေးအေးလေးတွေကို သောက်သုံးနိုင်တော့မှာ ဖြစ်ပါတယ်”လို့ Matrix ကုမ္ပဏီရဲ့ CEO Akram Boukaiက ပြောကြားခဲ့ပါတယ်။

READ
အိမ်သာသုံးစက္ကူသူခိုးတွေရန်က အကာအကွယ်ပေးနိုင်မယ့် တရုတ်အဆင့်မြင့်ရေအိမ်များ

Pyi Hein Kyaw

SHARE