အာကာသယာဉ်မှ ပေးပို့ခဲ့တဲ့ ဂျူပီတာဂြိုဟ်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံများ

ဂျူပီတာဂြိုဟ်ဟာ နေပတ်လမ်းကြောင်းအတွင်းမှာ ပဉ္စမမြောက်နေရာမှာရှိနေတဲ့ ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းရှိ ဂြိုဟ်များထဲမှာ အကြီးဆုံးဂြိုဟ်လည်းဖြစ်ပါတယ်။ ဂျူပီတာဟာ နေအဖွဲ့အစည်းထဲက အခြားဂြိုဟ်များ အားလုံးပေါင်းခြင်းရဲ့ နှစ်ဆခွဲရှိပြီး ဓာတ်ငွေ့တွေနဲ့ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်အမျိုးအစားလည်းဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ်ဓာတ်ငွေ့တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ဂျူပီတာဂြိုဟ်ဟာ အခြားဂြိုဟ်များလိုပဲ မျက်နှာပြင် ညီညာခြင်းမရှိဘဲ လျင်မြန်စွာ လည်ပတ်မှုကြောင့် ထိပ်နှစ်ဘက်ပြားနေတဲ့ ဘဲဥပုံသဏ္ဍာန်ရှိပါတယ်။ နာဆာမှ တင်လွှတ်လိုက်တဲ့ ဂျူနိုအာကာသယာဉ်ဟာ (၂၀၁၆)တုန်းက ဂျူပီတာပတ်လမ်းကို ရောက်ရှိခဲ့ပြီး ဂျူပီတာနဲ့ နေအဖွဲ့အစည်းတို့ကို ဆန်းစစ်လေ့လာမှာ ဖြစ်ပါတယ်။

photo from NASA

ဂျူနိုယာဉ်ဟာ ဂျူပီတာဂြိုဟ်ရဲ့ မြေပြင်ဆွဲအားတွေ၊ သံလိုက်စက်ကွင်းတွေ၊ လေထုဖွဲ့စည်းမှုတွေကို လေ့လာမယ့် အာကာသယာဉ်ဖြစ်ပါတယ်။ ဂျူပီတာရဲ့ လှပလှတဲ့ ဓာတ်ပုံတွေကို ဂျူနိုအာကာသယာဉ်က အောက်ပါအတိုင်း ရိုက်ကူးနိုင်ခဲ့ပါတယ်။

photo from NASA
photo from NASA
photo from NASA
photo from NASA
photo from NASA
photo from NASA
photo from NASA

White (Shwemom)

Ref: 9GAG

SHARE