Jurassic Park ထဲက ကြောက်စရာ ဒိုင်နိုဆောတွေကို ဖိုတိုရှော့နဲ့ ပြင်ကြည့်လိုက်တဲ့အခါ ..

[email protected] that are not aesthetic

Jurassic Park ဇာတ်ကားတွေကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ ကြည့်ဖူးကြမှာပါ။ အဆိုပါ ဇာတ်ကားတွေထဲက ဒိုင်နိုဆောတွေဟာ အရမ်းအသက်ဝင်လွန်းလှသလို Jarassic Park ဇာတ်ကားတိုင်းကလည်း တော်တော်လေးကို ကြည့်လို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်တုန်းကတောင် Jarassic Park ဇာတ်ကားထဲက ဒိုင်နိုဆောတွေနေရာမှာ ကြောင်လေးတွေကို အစားထိုးထားတဲ့ ပုံတစ်ချို့ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ခေတ်စားခဲ့ပါသေးတယ်။ အခုလည်း facebook က ပေ့ခ်ျတစ်ခုမှာ Jurassic Park ဇာတ်ကားထဲက ဒိုင်နိုဆောတွေနေရာမှာ မြွေပါဖြူလေးတွေကို အစားထိုးပြီး ဖိုတိုရှော့လုပ်ထားတဲ့ ပုံတွေဟာ တော်တော်လေးအသက်ဝင်လွန်းလို့ ဆိုရှယ်မီဒီယာမှာ တော်တော်လေးခေတ်စားနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Things that are not aesthetic
Things that are not aesthetic

အဆိုပါ ပေ့ခ်ျကတော့ Things that are not aesthetic လို့ အမည်ရတဲ့ ပေ့ခ်ျပဲ ဖြစ်ပြီး followers ၃ သန်းကျော် ရှိတဲ့ ပေ့ခ်ျတစ်ခု ဖြစ်ပါတယာ်။ အဆိုပါပုံတွေကို ဘယ်သူက ဖိုတိုရှော့လုပ်ထားသလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပေမယ့် လူတော်တော်များများက Jurassic Park ဇာတ်ဝင်ခန်းတစ်ချို့ကို ဖိုတိုရှော့လုပ်ထားတာ တော်တောလေး ကို ကြိုက်နှစ်သက်နေခဲ့ပါတယ်။

READ
Instagram ပေါ်မှာ ရေပန်းစားနေတဲ့ ခွေးလေးတွေရဲ့ ဟာသဗီဒီယိုလေးတွေ
Things that are not aesthetic
Things that are not aesthetic

ပုံတွေထဲမှာ တွေ့ရတဲ့အတိုင်း ဒိုင်နိုဆောတွေရဲ့ နေရာမှာ မြွေပါဖြူလေးတွေရဲ့ ပုံကို အစားထိုးခဲ့ပြီး Jurassic Park ဇာတ်ကားကို မကြည့်ဖူးတဲ့ လူတွေတောင် အဲဒီပုံတွေကို ကြည့်လိုက်ရင် ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေကို screenshoot ရိုက်ပြီး ပြန်တင်ထားတယ်လို့တောင် ထင်နေကြမှာပါ။ ဒီပုံတွေဟာ facebook မှာသာမက twitter, instagram, imgur အစရှိတဲ့ ဆိုရှယ်မီဒီယာတွေအထိတောင် ပျံ့နှံ့ခဲ့ပါတယ်။

Things that are not aesthetic

ဒီပုံတွေကို တွေ့တဲ့လူတိုင်းကလည်း ဒီပုံတွေကို ဖန်တီးသူရဲ့ ဖိုတိုရှော့လက်ရာကို ချီးကျူးခဲ့ကြပြီး တော်တ်ာလေးကို နှစ်ခြိုက်ခဲ့ပါတယ်။ အဆိုပါ ပို့စ်ကို like လုပ်သူ 60k, comment ပေးသူ 23k နဲ့ share လုပ်သူ 57k အထိတောင် ရှိခဲ့ပါတယ်။

READ
Memes ထဲမှ ပါခဲ့ကြတဲ့လူများရဲ့ အပြင်လောကမှလတ်တလောဓာတ်ပုံများ

 

Pyi Hein Kyaw

SHARE