ပရိသတ်စိတ်ဝင်စားမှုခံရဖို့ လူငှားပြီး ကိုယ့်ကိုကိုယ် ပြန်နှိပ်စက်ခိုင်းခဲ့တဲ့ သရုပ်ဆောင်

Jussie Smollett ဟာ နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Empire ရဲ့ သရုပ်ဆာင်တစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ဇန်နဝါရီ (၂၉) ရက်နေ့တုန်းက Jussie Smollett ကို လူနှစ်ယောက်မှ နှိပ်စက်ကာရိုက်နှက်မှုဖြစ်ပွားခဲ့ပါတယ်။

တရားခံနှစ်ဦးဟာ Jussie Smollett ကို လူမျိုးရေးခွဲခြားတဲ့စကားတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့စကားတွေပြောခဲ့တဲ့အပြင် လည်ပင်းကို ကြိုးချည်ကာ ဘာမှမသိတဲ့ အရည်တွေ လောင်းချခဲ့တယ်ဆိုပြီး ထွက်ဆိုခဲ့ပါတယ်။

Instagram

ဒါကြောင့်ချီကာဂိုရဲတပ်ဖွဲ့ကို အကြောင်းကြားကာ အကူအညီတောင်းခံ အမှုဖွင့်ခဲ့ပါတယ်။ Jussie ရဲ့ ထွက်ဆိုချက်အရတော့ သူ့ကိုဝိုင်းပြီးနှိပ်စက်ကြတဲ့ နှစ်ယောက်ဟာ လူဖြူတွေဖြစ်ပြီး လူမျိုးရေးခွဲခြားတဲ့အနေနဲ့ သူ့ကိုတိုက်ခိုက်တာလို့ ယူဆကြောင်း လူတွေကို အသိပေးခဲ့ပါတယ်။ Jussie ရဲ့ အဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံတစ်ဝန်းလုံးမှာ လူအများ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပြီး ပြည်သူတွေ၊ နိုင်ငံရေးသမားတွေ၊ ဘ၀တူ အနုပညာတွေဟာ Jussie ဘက်ကနေ တစ်ညီတစ် ညွတ်တည်း ရပ်တည်ပေးခဲ့ကြပါတယ်။

READ
သဘောကျတဲ့ကာတွန်းမင်းသမီးနဲ့တူဖို့ နံရိုး(၆)ချောင်းဖယ်ထုတ်ခဲ့သူ

လူမျိုးရေးခွဲခြားခြင်းဟာ အနောက်နိုင်ငံတွေမှာ အရမ်းကို ထိလွယ်ရှလွယ်တဲ့ ကိစ္စတစ်ရပ်ဖြစ်နေတော့ Jussie ဖက်မှအနုပညာရှင်တွေရော၊ မီဒီယာတွေပါ ရပ်တည်ကာ နှိပ်စက်သွားခဲ့တဲ့ လူ(၂) ယောက်ကို လက်မိမဖမ်းနိုင်ခဲ့သေးတဲ့ ချီကာဂိုရဲတပ်ဖွဲ့များကို ရှုံ့ချခဲ့ကြပါတယ်။

သို့ပေမယ့် နောက်ဆုံးသိလာရတာကတောာ့ Jussie ဟာ လူအများရဲ့ စိတ်ဝင်စားမှုကို ခံချင်တာကြောင့် ညီအစ်ကိုနှစ်ယောက်ကို ဒေါ်လာ (၃၅၀၀) ပေးကာ ဂွင်ဆင်ခဲ့တယ် ဆိုတာပါပဲ။

Instagram

ဒီအကြောင်းအရာအပြည့်အစုံကိုတော့ ချီကာဂိုမြို့ရဲ့ ရဲမှူးကြီး Eddie Johnson မှ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ပြောသွားခဲ့တာပါ။ အပြင်ဖက်မှ ဖိအားပေးမှုကြောင့် Jussie ရဲ့အမှုကို အားသွန်ခွန်စိုက်ကာ ချီကာဂိုရဲတပ်ဖွဲ့မှစုံစမ်းခဲ့ကြတာပါ။ ဒါကြောင့်လည်း အခုလို တစ်လမပြည့်ခင် အချိန်မှာပဲ Jussie ရဲ့ ဒရာမာချိုးခဲ့တဲ့ လှည့်ကွက်တွေကို ထုတ်ဖော်မိခဲ့တာပဲဖြစ်ပါတယ်။

Chicago Police Department

အခုလိုလီဆယ်မှုနဲ့ပဲ Jessie ဟာ ၂၀၁၉ ဖေဖော်ဝါရီလ (၂၁) ရက်နေ့က အဖမ်းခံခဲ့ရပြီး လူမျိုးရေးခွဲခြားမှုကို လှုံ့ဆော်တဲ့အနေနဲကရော အမှုကိုလီဆယ်ပြိး တိုင်တန်းခဲ့တဲ့အတွက်ရော ရဲဘက်မှတရားဆွဲခြင်းကိုခံခဲ့ရပါတယ်။

READ
ကိုမာဖြစ်နေတဲ့ သားကို ဆယ်နှစ်ကျော်ကြာ ပြုစုစောင့်ရှောက်နေခဲ့တဲ့ (၇၅) နှစ်အရွယ် အဖွားအို
Chicago Police Department

ဇန်နဝါရီလ (၂၉) ရက်နေ့မှာ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် Jessie ဟာ တရားခံညီအစ်ကိုနှစ်ယောက်တည်းမှ တစ်ဦးဖြစ်သူကို အရင်ဆုံး ဖုန်ဆက်ကာ ဇာတ်တိုက်ခဲ့တာပါ။ Abimbola Osundairo ဆိုသူနှင့်အရင်ဆုံး မျက်နှာချင်းဆိုင်တွေ့ကာ စကားပြောခဲ့ပြီး ဒေါ်လာ (၁၀၀) ပေးကာ Olabinjo နဲ့ Abimbola တို့ နှစ်ဦးကို အကျီင်္အဝတ်အစားနဲ့ လည်ပင်းမှာစွတ်ဖို့ ကြိုးကို သွားဝယ်ခိုင်းခဲ့ပါတယ်။

အခုအချိန်မှာတော့ Jessie ကို နိုင်ငံကူးလက်မှတ်ကိုသိမ်းပစ်ကာ ဒေါ်လာ (၁) သိန်းနဲ့ အာမခံထားခဲ့ရပါတယ်။ နောက်ထပ်ရုံးတင်စစ်ဆေးဖို့ကိုတော့ မတ်လ (၁၄) ရက်နေ့လို့ သတ်မှတ်ခဲ့ပါတယ်။

Instagram

Source: BBC , CNN

Penny

SHARE