Hailey Baldwin နဲ့ စေ့စပ်သတင်းကို အတည်ပြုလိုက်တဲ့ Justin Bieber

Hailey Baldwin နဲ့ စေ့စပ်သတင်းကို အတည်ပြုလိုက်တဲ့ Justin Bieber

Justin Bieber န့ သူ့ရဲ့ ချစ်သူ မော်ဒယ်မလေး Hailey Baldwin တို့ရဲ့ စေ့စပ်သတင်းကတော့ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ ပရိသတ်တွေကြားမှာ အတော်လေးကို နာမည်ကြီးခဲ့ပါတယ်။တွဲနေမှန်းသိပေမယ့် ရုတ်တရက်ကြီး ထွက်ပေါ် လာတဲ့ စေ့စပ်သတင်းကြောင့် ပရိသတ်တွေက လုံးဝအံ့အားသင့်ခဲ့ပါတယ်။အခုဆိုရင်တော့JB က သူ့ရဲ့ စေ့ စပ် သ တင်းနဲ့ပတ်သက်ပြီး Instagram ကတစ်ဆင့် အတည်ပြုလိုက်ပါတယ်။Hailey Baldwin အပေါ် ထားတဲ့ သူ့ရဲ့ အချစ်တွေကိုလဲ ဖွဲ့နွဲ့ ပြခဲ့ပါတယ်။
“Hailey  ငါမင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို အရမ်းချစ်တယ်..ဒါကြောင့် မင်းနဲ့ပတ်သက်တဲ့ သေးသေး လေး ကအစ သိဖို့၊မင်းကို စိတ်ရှည်၊ကြင်နာစွာ ချစ်ဖို့ ငါ့ဘ၀ရဲ့အချိန်တွေကို ပေးမယ်လို့ ကတိပြုခဲ့ပါတယ်…ငါကတိ ပေးပါတယ်.. မိသားစုကို ဦးဆောင်မယ်၊ငါတို့ လုပ်သမျှအရာအားလုံး၊ဆုံးဖြတ်ချက်တွေ အားလုံးကို Jesus ရဲ့ ဂုဏ် သိက္ခာ၊သူ့ရဲ့ သန့်ရှင်းတဲ့ ၀ိဥာဏ်တော်ရဲ့ လမ်းညွှန်မှုနဲ့ အညီ လုပ်သွားမယ်..” ဆိုပြီး ပုံတွေနဲ့ အတူ ပြောထားပါ တ ယ်။” ငါ့ရဲ့ နှလုံးသားက အပြည့်အ၀ မင်းအတွက်ပါပဲ..မင်းကိုပဲ ငါ့ဘ၀ရဲ့ နံပါတ် တစ် နေရာမှာ  ထားပါ့မယ်.. မင်းက ငါ့ဘ၀ရဲ့ အချစ်ပါ Hailey Baldwin  …မင်းကလွဲပြီး တခြားဘယ်သူနဲ့ မှ ငါ့ဘ၀ရဲ့ အချိန်တွေကို မကုန်ဆုံး ချင်ဘူး.. မင်းက ငါ့ဘ၀ကို ပိုကောင်းအောင် လုပ်ပေးတယ်..ငါတို့ တစ်ယောက်နဲ့ တစ်ယောက် အားပေးကူညီမှုတွေ ရှိခဲ့တယ်..” ဆိုပြီး ပြောခဲ့ပါတယ်။စေ့စပ်လိုက်တာနဲ့ပတ်သက်ပြီးလဲ..”ဘုရားသခင်က ဖန်တီးပေးမှုကတော့ တကယ့်အချိန်ကိုက် ပါပဲ..ငါတို့တွေ (၇) လ (၇) ရက်နေ့မှာ စေ့စပ်ခဲ့ကြတယ်.(၇) ဆိုတဲ့ ဂဏန်းဟာ တကယ်ဘာသာရေးအယူဝါဒအရလဲ တကယ့်ကို ပြီး ပြည့် စုံတဲ့ ဂဏန်းပါ..စကားမစပ် ဒါကို ငါကြိုတင်စီစဉ်ခဲ့တာမဟုတ်ဘူး..ဘာပဲဖြစ်ဖြစ် ဘုရားသခင်က ငါတို့ရဲ့ အနာဂါတ်ကို ပိုပြီး စိတ်ချ သေချာစေခဲ့တယ်..ကလေးအယောက် (၇၀)လောက် ယူကြရင် ရော.. ဘုရားသ ခင်က ငါ့ အတွက် ဇနီး တစ်ယောက်နဲ့ ကောင်းတဲ့ အရာကို ရှာဖွေပေးခဲ့တယ်..ဒီနှစ်ကတော့ ကောင်းသောနှစ်ပဲ..” ဆိုပြီး ရေးထားပါတယ်။
Hailey  ကလည်း တနင်္လာနေ့ နေ့လယ်ပိုင်းလောက် က တွစ်တာကတစ်ဆင့် သူမရဲ့ စေ့စပ်သတင်းကို အတည်ပြု ခဲ့ပါတယ်။”ဒီလို ပျော်ရွှင်မှုမျိုးကို ထိုက်တန်ပိုင်ဆိုင်အောင် ဘ၀မှာ ဘာလုပ်ခဲ့မိလဲ မသေချာဘူး..ဒါပေမယ့် ကျမဘ၀မှ အတူလက်တွဲသွားဖို့ ဒီလို မယုံ နိုင် စရာကောင်းလောက်တဲ့ လူတစ်ယောက်ကို ကျမကို ပေးတဲ့ အတွက် ကျေးဇူးတော် ကို ချီးမွင်းပါတယ်..ကျေးဇူးတော််ကို ချီးမွင်းဖို့ စကားလုံးတောင်မရှိတော့ပါဘူး” ဆိုပြီး ရေးထားပါတယ်။သူတို့ နှစ်ဦးဟာ Bahamas မှာ စေ့စပ်ခဲ့ကြတာပါ။Justin  က စေ့စပ်လက်စွပ်ကိုတော့ နယူးယော့ခ်စီးတီးမှာတုန်းက စီစဉ် ခဲ့တာပါ။ ဒါက ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်တာဖြစ်နေပေမယ့် Justin  က သူနဲ့ Hailey ကြားက အနှိုင်းမဲ့ သံယော ဇဉ် ကို သိထားပြီးသားပါ ဆိုပြီး Source တစ်ခုက ပြောပါတယ်။propose လုပ်တဲ့ အချိန်လေးကတော့ ပျော်စရာအခိုက် အတန့်လေးဖြစ်ခဲ့ပြီး Hailey က အံ့သြနေပုံရပေမယ့် သူတို့ တွေအရမ်းကို ချစ်ကြတယ်လို့ လဲ သိရပါတယ်။
စေ့စပ်လက်စွပ်ရဲ့ ပုံတွေ ထွက်လာပေမယ့် ပရိသတ်တွေ အားလုံးက နှစ်ယောက်လုံးရဲ့ နှုတ်က ဖွင့် ပြောတာကို စောင့် ဆိုင်းနေခဲ့ကြတာပါ။အခုဆိုရင်တော့ ပရိသတ်တွေရဲ့ ဆန္ဒလဲ ပြည့်မြောက်ခဲ့ပါပြီ။JB က ပိုပျော်နေပြီး Hailey နဲ့ အရမ်းကို အတူရှိနေချင် တဲ့ ပုံပေါက်နေပါတယ်။JB ရဲ့ မိသားစုတွေကလဲ သူတို့နှစ်ယောက်ကို သဘော တူ အားပေး ကြပါတယ်။သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ (၃)နှစ်တည်းက တွဲနေပြီဆိုပြီး သတင်းထွက်ပေါ် ခဲ့တာပါ။ဒါပေမယ့် နောက်ပိုင်း မှာ နှစ်ယောက်သား ခေတ္တလမ်းခွဲခဲ့ကြပါတယ်။ပြန်တွဲတာ သိပ်မကြာသေးပါဘူး။ပြီးခဲ့တဲ့ ရက်တွေ ကဆိုရင် နှစ်ယောက်အတူတူ Miami နဲ့  New York City တို့ ကို အတူသွားလာ ခဲ့ကြပါတယ်။
READ
ဧပြီ (၂၅) မင်္ဂလာပွဲကို ရက်ရွှေ့လိုက်တဲ့ နေ၀င်းနဲ့ အိမ့်ချစ်ချော

Source eonline

SHARE