Bottle Cap Challenge အတွက် Tom Cruise ကို စိန်ခေါ်လိုက်တဲ့ Justin Bieber

@justinbieber, @tomcruise/Instagram

အရင်တစ်ခေါက်တုန်းက Justin Bieber ဟာ Tom Cruise ကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ စိန်ခေါ်ပြီးနောက် အခုလည်း နောက်ထပ်တစ်ကြိမ် ထပ်မံစိန်ခေါ်ခဲ့တယ်လို့ Daily Mail မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Justin Bieber ဟာ သူ့ရဲ့ Instagram မှာ ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး Tom Cruise အပါအဝင် သူ့ရဲ့ဇနီးလေး Hailey ကိုပါ စိန်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။ စိန်ခေါ်တာကတော့ အခုတလော ဆယ်လီတွေကြားမှာ ခေတ်စားနေခဲ့တဲ့ Bottle Cap Challenge ကိုပါ။

ဆယ်လီတွေဖြစ်တဲ့ UFC Featherweight Champion တစ်ဦးဖြစ်သူ Max Holloway, အဆိုတော် John Mayer, Errolson Hugh, ဟောဝိဝုဒ်ရဲ့ အက်ရှင်မင်းသားကြမ်းတစ်လက်ဖြစ်တဲ့ Jason Statham တို့အပြင် ဟောင်ကောင်အက်ရှင်မင်းသား Donnie Yen, အဆိုတော် Swan Lee တို့အပြင် တခြားသော ဆယ်လီတွေတော်တော်များများကြားမှာ ခေတ်စားလို့နေခဲ့ပါပြီ။

READ
နေမကောင်းပေမယ့် အပြုံးမပျက်တဲ့ မင်းသမီးလေး ရွှေမှုံရတီ

Justin Bieber ဟာလည်း ခေတ်နဲ့အညီ Bottle Cap Challenge လုပ်ကာ စည်းမျဉ်းအတိုင်းပဲ ထပ်မံစိန်ခေါ်မယ့်လူတွေရဲ့ နာမည်ကို ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ဘာကြောင့် အခုနောက်ပိုင်း Tom Cruise ကိုပဲ စိန်ခေါ်နေရသလဲဆိုတာတော့ စိတ်ဝင်စားစရာပဲ။ Justin Bieber ရဲ့ Bottle Cap Challenge လေးကို ကြည့်ကြပါဦးလား။

View this post on Instagram

I nominate Tom cruise and Hailey Bieber

A post shared by Justin Bieber (@justinbieber) on

Penny

SHARE