Shawn နဲ့ Camila တို့ရဲ့ ခပ်ဆန်းဆန်းအနမ်းကို မှတ်ချက်ပေးလိုက်တဲ့ Justin Bieber

shawn /justin instagram

ကောင်မလေးတွေရဲ့ အသဲစွဲအဆိုတော်တစ်ယောက်ဖြစ်တဲ့ Shawn ကတော့ သူ့ရဲ့ ကောင်မလေး Camila  နဲ့အတူ ဗီဒီယိုတစ်ခုကို အင်စတာဂရမ်ပေါ်မှာ တင်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုကတော့ ကြည့်ရှုသူ ၁၇ သန်းတောင် ရှိသွားခဲ့ပြီဖြစ်ပါတယ်။

shwan instagram
shwan instagram

ဗီဒီယိုအစမှာတော့ Shawn က “ငါတို့နှစ်ယောက် နမ်းတဲ့ပုံစံက ထူးဆန်းတယ်။ ငါးတွေလို နမ်းနေကြတယ်လို့ ပြောနေကြတာတွေ တွစ်တာပေါ်မှာတွေ့တယ်။ ” လို့ပြောခဲ့ပြီး အဲဒီအချိန်မှာတော့ Camilaက Shawnရဲ့ စကားကို အားရပါးရထောက်ခံလိုက်ပြီး “အဲဒါက ငါတို့ ခံစားချက်ကို တော်တော်ထိခိုက်စေတယ်” ဆိုပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Shawn နဲ့ Camila တို့က သူတို့နှစ်ယောက် ဘယ်လိုနမ်းလဲဆိုတာ ပြခဲ့ပြီး ငါးလို နမ်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပြန်ခနဲ့လိုက်တာဖြစ်ပါတယ်။

READ
စစ်မှုထမ်းတဲ့ နေ့ကျရင် မငိုဘူးဆိုတဲ့ Ji Chang Wook

 

 

View this post on Instagram

 

A post shared by Shawn Mendes (@shawnmendes) on

Justin Bieber ကတော့ အဲဒီဗီဒီယိုအောက်မှာ “မင်းတို့တွေ အရမ်းကြောင်တာပဲကွာ။ဒါပေမဲ့ ငါကြိုက်တယ်” ဆိုပြီးတော့ ကွန်းမန့်ရေးသားခဲ့တာဖြစ်ပါတယ်။ Shawn နဲ့ Camila တို့ရဲ့ အနမ်းဗီဒီယိုကတော့ အင်တာနက်ပေါ်မှာလည်း အတော်လေး ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ ရရှိနေတာဖြစ်ပါတယ်။

shwan instagram

Source: Herald Publicist

SHARE