လည်ပင်းမှာ နှင်းဆီပုံ တက်တူး ထိုးလိုက်တဲ့ Justin Bieber

Image:IG/JB

တက်တူး ထိုးရတာ ကြိုက်ပြီး တကိုယ်လုံးနီးပါးတက်တူးတွေ ပြည့်နေတဲ့ Justin Bieber က တော့ သူ့ရဲ့ ကိုယ်ပေါ်မှာ နောက်ထပ် တက်တူး သစ် ထိုးလိုက်ပါတယ်။နှင်းဆီပုံတက်တူး ကြီး ပါ။သူ အကြိုက်ဆုံး တက်တူး Artist တစ်ယောက်ဖြစ်တဲ့ Dr.Woo ဆီမှာ ပဲ ထိုးခဲ့တာပါ။ဒီအ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြ ထားပါတယ်။

 

View this post on Instagram

 

jet legged

A post shared by Justin Bieber (@justinbieber) on

အသက် (26)နှစ်ရှိနေတဲ့ Pop Star က တော့ သူ့ရဲ့ လည်ပင်းတစ်လျောက်မှာ ရိုးတံရှည် နှင်းဆီ တက်တူးကို  ထိုး လိုက်ပါတယ်။’@_dr_woo_ thank you for the [rose]’ ဆိုပြီး သူ့ရဲ့ IG Story မှာ JB က တင် ထားပါတယ်။တက်တူး က တော့ မှင် နက်နဲ့ ထိုးထားတာပါ။ဆူးတွေ ၊ရိုးတံ တွေ၊အရွက် တွေ နဲ့ပါ ဝေေ၀ ဆာဆာ ပါတဲ့ နှင်းဆီ တက်တူး ပါ။JB က တော့ တက်တူး သစ်လေးကို အရမ်းကို သ ဘောကျ နေပုံ ရပါတယ်။သူ့ရဲ့ တက်တူးကို ရှုထောင့် ပေါင်းစုံ က နေ ရိုက်ပြီး ပရိသတ်တွေကို ဝေမျှ ထားတာပါ။ပုံနဲ့ တင် အားမရ လို့  တက်တူး ထိုး နေတဲ့ ဗီဒီယိုဖိုင် ကိုပါ တင်ထားပါတယ်။

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber) on

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber) on

Dr. Woo  က တော့ Drake, Travis Scott, Sky Ferriera နဲ့ Hailey တို့ ကိုပါ တက်တူး ထိုး ပေးဖူးပါတယ်။JB ရဲ့ တက်တူးတွေကိုလဲ သူပဲ ထိုးပေးတာပါ။လည်ပင်း ပေါ်က  ‘Forever’ တက် တူးက လည်း Dr.Woo ရဲ့ လက်ရာပါ။Hailey နဲ့ လက်ထပ်တဲ့ အထိမ်းအမှတ် အဖြစ် ထိုးထားတဲ့ တက်တူးပါ။အဲ့ဒီတက်တူး နဲ့ Dr.Woo ပဲ ထိုး ပေးထားတဲ့ Hailey ရဲ့ Lover တက်တူး တို့ က ပုံစံ ချင်းဆင်ပါတယ်။

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber) on

 

View this post on Instagram

 

Lil idea vibe

A post shared by Justin Bieber (@justinbieber) on

JB က တော့ အခုနောက်ပိုင်းမှာ အလုပ် တွေ ပြန်လုပ် ဖြစ် နေပါတယ်။ဧည့်ခန်းထဲမှာ စန္ဒရားတီး သီချင်းဆို နေတဲ့ ဗီဒီယိုဖိုင် ကိုလည်း တက်တူး ထိုးတဲ့ ဗီဒီယို မတိုင်ခင်က IG မှာ တင်ခဲ့ပါတယ်။ဇနီး ဖြစ်သူ နဲ့ Idaho ဆီကို ခရီးသွားခဲ့ပြီး မကြာ သေးခင်ကမှ ပြန်လာတာပါ။Hailey က တော့ ခင်ပွန်းနဲ့ အတူတူ Coeur d’Alene ကန်ကြီးမှာ ပျော်နေတဲ့ ပုံကို သူမရဲ့ IG မှာ တောင် တင်ခဲ့ပါသေးတယ်။

 

View this post on Instagram

 

✨✨ last few weeks were equal parts dreamy and adventurous

A post shared by Hailey Baldwin Bieber (@haileybieber) on

 

View this post on Instagram

 

Hailey : “what did you get me into Justin”

A post shared by Justin Bieber (@justinbieber) on

#SHWEMOM

SHARE