JB နဲ့ Hailey တို့ရဲ့ Wedding Date နဲ့ မင်္ဂလာပွဲ အစီအစဉ်တစ်ချို့ ထွက်ပေါ်

Justin Bieber နဲ့  Hailey Baldwin တို့ ဘယ်တော့မင်္ဂလာပွဲဆင်နွှဲမလဲ ဆိုတာကို အရမ်းသိချင်နေကြတဲ့ ပရိသတ် တွေ အတွက် အဆုံးမှာတော့ သူတို့နှစ်ယောက်ရဲ့ Wedding Date  ထွက်ပေါ်လာပါပြီ။ သူတို့နှစ်ဦးဟာ အခုဆိုရင် တရားဝင် လင်မယားဖြစ်သွားပေမယ့် မင်္ဂလာပွဲကတော့ အခုထိ မကျင်းပရသေးပါဘူး။ လက်ထပ်ထားတဲ့ အကြောင်း ကိုလည်း တော်တော်ကြာမှ Official အသိပေးခဲ့တာပါ။ တရားရုံးမှာ သူတို့နှစ်ယောက်ကို တွေ့လိုက်ပြီးတည်းက နှစ်ယောက် သား လက်ထပ်လိုက်ကြပြီလား ဆိုပြီး မီဒီယာတွေ မှာ ဖော်ပြခဲ့တာပါ။ New York City ရဲ့ တရားရုံးမှာ လက်ထပ်ခဲ့ကြတာပါ။ Hailey Baldwin က ဆိုရင် သူမရဲ့ IG နာမည်ကိုပါ haileybieber ဆိုပြီး ပြောင်းလဲ ပစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေ သိချင်နေတဲ့ မင်္ဂလာပွဲကျင်းပမယ့် ရက်ပါ ထွက်ရှိလာခဲ့ပါပြီ။

dailymail
dailymail
dailymail

သူငယ်ချင်း၊မိသားစုတွေနဲ့ အတူ ကျင်းပမယ့် မင်္ဂလာပွဲကိုတော့ ဖေဖော်ဝါရီ (၂၈) မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ Page Six မှာ ဖော်ပြခဲ့တာပါ။ ဖေဖော်ဝါရီ(၂၈)ဆိုပြီး JB က ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ အဆိုတော်ရဲ့ မင်္ဂလာပွဲမို့ အကသမားတွေနဲ့ DJ တွေ ပါဝင် သွားမယ်လို့ သိရပါတယ်။ Bieber ရဲ့ Personal DJ သမား DJ Tay James က ပွဲမှာ သူ့ရဲ့ လက်ရာကို အစွမ်းပြသွားမယ်လို့ သိရပါတယ်။ မင်္ဂလာပွဲ နဲ့ပတ်သက်ပြီး လက်တလောသိရတဲ့ အချက်တွေကတော့ ဒီလောက်ပါပဲ။ ဘယ်နေရာမှာ ကျင်းပ မှာလဲ ဆိုတာကိုတော့ အခုထိ မသိရ သေးပါဘူး။Baldwin  ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက သူမရဲ့ စိတ်ကူးထဲက မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အခုလို အင်တာဗျူး ဖြေခဲ့ဖူးပါတယ်။

READ
(၂၀၁၇)မှာ လက်ထပ်ခဲ့ကြတဲ့ ကမ္ဘာကျော်ဆယ်လီများ
dailymail
dailymail
dailymail

သူမအနေနဲ့ ဖြစ်ချင်တဲ့ စိတ်ကူးထဲက မင်္ဂလာပွဲကတော့ အရမ်းကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပဲ ဒီအတိုင်း အကျဉ်း ချုံး ပြီး တောအုပထဲက တစ်နေရာရာ..West Coast လို နေရာမှာ ကျင်းပချင်တယ်လို့ ဆိုပါတယ်။ သတင်းတွေ ကတော့ ပွဲကို JB ရဲ့ အိမ်ကြီးရှိရာ ကနေဒါနိုင်ငံ Waterloo မြို့မှာ ကျင်းပမယ်လို့ ထင်ကြေး ပေးနေကြပါတယ်။ လက်တလော မှာတော့ သူတို့လင်မယားဟာ လော့အိန်ဂျလိစ်မှာပဲ အနေများနေကြပါတယ်။ ဒါကြောင့်လည်း တစ်ချို့ကတော့ မင်္ဂလာ ပွဲ ကို ကယ်လီဖိုးနီးယားမှာပဲ ကျင်းပနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

dailymail
dailymail
dailymail

Source Elle

SHARE