ငါးနှစ်အတွင်း ပထမဆုံး အယ်ဘမ်သစ်ထွက်ရှိမယ့် Justin Bieber

Image:IG/Justin Bieber

Justin Bieber ကတော့ အခုဆိုရင် သူ့ရဲ့ ဂီတ လှုပ်ရှားမှုတွေ ကို သေချာ ပြန်လုပ်တော့မယ်လို့ IG ကနေ အသိပေး လိုက်ပါတယ်။(၂၀၂၀) မှာ ပရိသတ်ရှေ့ မှောက်ကို ပြန်လာ တော့မယ်လို့  သူကိုယ်တိုင် ကြေညာ အတည်ပြု လိုက်တာပါ။ဒီဇင်ဘာ (၂၄)ရက်နေ့တုန်းက သူ့ရဲ့ IG မှာ Post တစ်ခု တင်လိုက်ပါတယ်။အဲ့ဒီ Post မှာတော့ #Bieber2020 ဆိုပြီး ရေးထားပါတယ်။ဒါဟာ သူ့ရဲ့ အယ်ဘမ်ကိုလည်း ရည်ညွန်းတာ ဖြစ်နိုင်ပေမယ့် အသေးစိတ်ကိုတော့ JB က မပြော ခဲ့ပါဘူး။

 

 

View this post on Instagram

 

#BIEBER2020 super-trailer on youtube now

A post shared by Justin Bieber (@justinbieber) on

JB ကတော့ သူ့ရဲ့  သီချင်း Yummy ကို ဇန်န၀ါရီ (၃)ရက်နေ့မှာ ထွက်ရှိ မယ်လို့ ကြေညာခဲ့ပါတယ်။JB က တော့ သူ့ရဲ့  IG မှာ သဲကန္တရ တစ်ခု၊ဓါတ်ဆီ ဆိုင်တစ်ဆိုင်ကို နောက်ခံ ထားပြီး ရိုက်ထားတဲ့ ပုံတွေကို တင်ထားပါတယ်။ Fan တွေ ကတော့ ဒါဟာ အသစ်ထွက်မယ့် Yummy ထဲက ပုံတွေ လို့ တစ်ထစ်ချ ယုံကြည် နေကြပါတယ်။ နောက်ခံစကားပြောမှာတော့ Jb က “ လူသားတစ်ယောက်ဖြစ်တဲ့ အတွက် ကျတော်တို့က အကုန်လုံးတော့ ပြည့်စုံ မနေ ပါဘူး/ကျတော့် အတိတ်၊ကျတော့် အမှားတွေ ဒါတွေ အားလုံးကို ကျတော် ဖြတ်ကျော် နေရပါတယ်။

READ
ဟောင်ကောင်က ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ဆောင်းဟေကို
Image:IG/Justin Bieber
Image:IG/Justin Bieber

ကျ တော်ရောက် နေတဲ့ နေရာက ဘုရားသခင်က ကျတော်နဲ့ ကိုက်ညီတဲ့ လို့ သူရှိစေချင်တဲ့ နေရာမှာ ကျတော် ရှိနေတယ်လို့ ယုံကြည်တယ်။ ဒါဟာ အရင် တုန်းက ထွက်ဖူးတဲ့ အယ်ဘမ်တွေနဲ့ ကွာခြား မယ်လို့ ကျ တော်ခံစား ရတယ်။Tour ဖျော်ဖြေဖို့ အတွက် စိတ် တွေ အရမ်းလှုပ်ရှားနေပြီ။ကျတော်တို့ အားလုံးမှာ မတူညီတဲ့ ဖြစ် ရပ် တွေရှိ တယ်။ကျတော့်မှာရှိတဲ့ အရာကို ပရိသတ်တွေကို ဝေမျှ ပေးရမှာ အရမ်းစိတ်လှုပ်ရှားနေပါပြီ။ဂီတ ဆိုတာ ကျတော် လုပ်ခဲ့သမျှ အရာတွေထဲက ကျတော် အချစ်ဆုံး အရာ တစ်ခု..” ဆိုပြီး ပြောခဲ့ပါတယ်။JB ကတော့ (၂၀၂၀) ဇူလိုင်နဲ့ စက်တင်ဘာ တို့ မှာ အယ်ဘမ်သစ်အတွက် ဖျော် ဖြေ ရေးUS  tour စမယ်လို့ မျှော်လင့်ရပါတယ်။UK ကတော့ မကြေညာရသေးပါဘူး။

 

View this post on Instagram

 

Santa coming to town

A post shared by Justin Bieber (@justinbieber) on

Source:JB/IG/wiki  & theguardian.

SHARE