Fan တွေ ဝေဖန်တာခံ နေရတဲ့ JB နဲ့ Hailey တို့ရဲ့ (၂၀၁၆)က ဗီဒီယိုဖိုင်

Image:IG/JB & Hailey Baldwin

Justin Bieber ၊Selena Gomez နဲ့ Hailey Baldwin တို့ ကတော့ အခုချိန် ထိ ပရိသတ် တွေနဲ့ မီဒီယာတွေရဲ့ အထူးစောင့်ကြည့်တာကိုခံ နေရတုန်းပါ။Selena Gomez  နဲ့ Justin Bieber တို့ ကတော့ ငယ်ချစ်တွေ ဖြစ်တဲ့အပြင် ကမ္ဘာ ကျော်စုံတွဲ တစ်တွဲ လည်း ဖြစ်ခဲ့တာ မို့ အခုထိ သူတို့နှစ်ယောက်ရဲ့ ကို လူတွေက တွဲမြင်နေကြတုန်းပါ။ JB နဲ့ Hailey လက်ထပ်ပြီးတာ တောင် မှ  သူတို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းက ဒီမှာပဲ ပြီးမှာ လား ဘာတွေ ဆက် ဖြစ်မလဲ ဆိုတာကို  အားလုံးက စိတ်ဝင်တစားေ စာင့်ကြည့်နေစဲပါ။JB က ဇနီးဖြစ်သူ အပေါ် အရမ်းတွေ ချစ်ပြ၊ ကြင်နာ ပြ နေတာ တောင်မှ တစ်ချို့ ပရိသတ်တွေက Selena ဆီကို ပြန်လာချင်နေပုံရတယ်ဆိုပြီး ပြောဆို မှုတွေ ရှိ နေစဲပါ။

Image:IG/JB
Image:IG/JB

Justin Bieber  ကတော့ သူ့ရဲ့ IG မှာ (၂၀၁၆)ခုနှစ် တုန်းက သူနဲ့ Hailey ပျော်မြူး ခဲ့ကြတဲ့ အမှတ်တရ ဗီဒီယို ဖိုင် လေးကို တင်လိုက်ပါတယ်။(၂၀၁၆) New Year ကာလ တုန်းက Caribbean က ကျွန်း တစ်ကျွန်းမှာ အ တူ ပျော် နေကြတဲ့ ဗီဒီယိုဖိုင်ပါ။ဗီဒီယိုဖိုင်ထဲမှာတော့ တင်းနစ်ကွင်းထဲမှာ JB က Hailey  ကို ကျီစယ်နေတာကို  တွေ့ရ မှာပါ။(၂၀၁၆) ဇန်န၀ါရီ (၂)ရက်နေ့က ဗီဒီယိုဖိုင်ဆိုတော့ အဲ့ဒီအချိန်က Selena Gomez  နဲ့ လည်း မပြတ်မသား  ဇာတ်လမ်းပြန်စ ဖို့  လုပ်နေတဲ့ အချိန်  ဆိုပြီး Fan တွေက ထောက်ပြ ခဲ့ပါတယ်။အဲ့ဒီ ခရီးက ပြန်လာ တဲ့ အချိန်မှာပဲ JB နဲ့ သူနဲ့ Selena နဲ့ ဇာတ်လမ်းကို ပြန်စ တာ ဆိုပြီး IG အသုံးပြု သူ တစ်ယောက်က Comment ၀င် ရေးခဲ့ပါတယ်။

READ
နှစ်သစ်ကူးပိတ်ရက်မှာ ချစ်သူနဲ့အတူ သာသာယာခရီးထွက်နေတဲ့ နေခြည်ဦး
Image:IG/JB

 

View this post on Instagram

 

Hailey n i 2016

A post shared by Justin Bieber (@justinbieber) on

အဲ့ဒီ အချိန် တုန်းကJustin Bieber နဲ့ Hailey တို့ က နှစ်ယောက် အတူ ဖက်ထားတဲ့ ပုံတွေကို IG မှာ အပြန် အလှန် ရှယ်ခဲ့ဖူးပါတယ်။ဗီဒီယိုဖိုင်ကိုတော့ JB က အခုမှ ရှယ်ခဲ့တာပါ။IG Follower တစ်ယောက် ဆိုရင် ” Selena ဆီကို ပြန်သွားဖို့ မင်းသူ့ကို ထားခဲ့တဲ့ အချိန် ကာလ က ပေါ့..” ဆိုပြီး Comment ရေးခဲ့ပါတယ်။JB နဲ့ Hailey တို့ ကတော့ (၂၀၁၆)တုန်းက ခဏ လေးပဲ တွဲ ခဲ့တာပါ။JB ရဲ့ Purpose Tour စတဲ့ (၂၀၁၆) မတ် မှာတော့ သူတို့ နှစ်ယောက် လမ်းခွဲ ခဲ့ပါတယ်။အဲ့ဒီနောက် သိပ် မကြာခင်မှာပဲ L.A မှာ လုပ်တဲ့ JB ဖျော် ဖြေပွဲကို Selena က လာကြည့် ခဲ့ပါတယ်။

READ
လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်ခဲ့ဖူးကြောင်း ၀န်ခံလိုက်တဲ့ မင်းသား Choi Il Hwa
Image:IG/JB

JB နဲ့  Selena  တို့ ကတော့ (၂၀၁၇) အောက်တိုဘာမှာ အတိအလင်း ပြန်တွဲ ခဲ့တာပါ။(၂၀၁၇) အောက်တိုဘာ ကနေ (၂၀၁၈) အထိ ကာလ တစ်လျောက် လုံး အတူ ရျှိနေခဲ့ ကြတာပါ။နောက်ပိုင်း Selena နဲ့ သူနဲ့ ဇာတ်လမ်း တစ်ခန်း ပြန်ရပ်ချိန်မှာတော့ Hailey နဲ့ သူငယ်ချင်း လို ပြန်နေရာကနေ သိပ်မကြာခင်မှာပဲ ပြန် တွဲ ခဲ့တာပါ။ဒီ တစ်ကြိမ် မှာတော့ ကြာကြာ မတွဲ လိုက်ပဲ  (၂၀၁၈) စက်တင်ဘာ (၁၃)မှာတော့ နယူးယော့ခ် တရားရုံးမှာ ရုတ်တရက် ကြီးလက်ထပ်ခဲ့ပါတယ်။

Image:IG/JB

Justin Bieber  ကတော့ ဇနီးဖြစ်သူနဲ့ အမှတ်တရ ဖြစ်အောင် (၂၀၁၆)တုန်းက ဗီဒီယိုဖိုင်ကို တင်ခဲ့ပေမယ့် Fan တွေ ကတော့ ဒီခရီးက ပြန်လာပြီး Selena ကို ပြန်တွဲ ဖို့ Hailey ကို စွန့်ပစ်ခဲ့တဲ့ အချိန်၊ မိန်းမ နှစ်ယောက် ကြား မပြတ်မသား ဖြစ်နေတဲ့ အချိန် ဆိုပြီး အမျိုးမျိုး ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

Image:IG/JB

Source:hollywoodlife

SHARE