အသရေဖျက်မှုနဲ့ ဒေါ်လာသန်း (၂၀) လျော်ကြေးပေးဖို့ အမှုဖွင့်ထားတဲ့ JB

Instagram- @justinbieber

Danielle ဆိုတဲ့ အမျိုးသမီးနာမည်နဲ့ ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တုန်းက Justin Bieber ဟာ fan တွေကို suprise လုပ်မယ်ဆိပြီး Texas က Austin ကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Four Season ဆိုတဲ့ ဟိုတယ်မှာ JB ဟာ သူ့ကို လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တယ်ဆိုပြီး Twitter မှာ ဖွင့်ချလာခဲ့ပါတယ်။

ဒီကိစ္စဟာ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီးလို့ ငြိမ်နေခဲ့ပေမယ့ ယခုဇွန်လထဲမှာပဲ Twitter မှာ တစ်ကျော့ပြန်ပေါ်လာခဲ့ပြီး JB ဖက်က အဲနေ့ညက Selena Gomez နဲ့အတူတူရှိနေခဲ့တယ်ဆိုတာ သက်သေတွေနဲ့တကွ ထုတ်ပြောပြလာခဲ့တဲ့အထိ ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့လည်း ရပ်တန့်မသွားဘဲ အခုဆိုရင် တရားဥပဒေအရ အရေးယူမှုတွေတောင်ဖြစ်လာခဲ့ပါပြီ။ Austin က Danielle အကြောင်းကိုဖတ်ချင်ရင် ဒီမှာနှိပ်ဖတ်ပါ။

ထပ်ပြီး ၂၀၁၄ ခုနှစ်၊ Austin က Danielle အပြင်ကိုမှ Jane Doe-2 ဆိုတဲ့ Kadi နာမည်နဲ့ Twitter account ပိုင်ရှင်ဟာလည်း ၂၀၁၅ ခုနှစ် မေလ ၅ ရက်နေ့ နယူးယောက်က ဟိုတယ်တစ်ခုမှာလည်း သူမကို Justin Bieber က လိင်အကြမ်းဖက်မှုပြုခဲ့တယ်ဆိုပြီး ပြောပြလာခဲ့ပြန်ပါသေးတယ်။

CNN မှ ဖော်ပြချက်အရ Danielle နဲ့ Jane Doe-2 တို့နှစ်ဦးကို Justin ကို တရားဥပဒေအရရင်ဖို့ တရားစွဲဆိုလိုက်ပါပြီလို့သိခဲ့ရပါတယ်။ တရားစွဲဆိုတဲ့အပြင်ကိုမှ Justin Bieber က ဒေါ်လာသန်းပေါင်း ၂၀ ကိုလည်း နစ်နာကြေးအဖြစ်တောင်းခံခဲ့ပါတယ်တဲ့။ ကိစ္စတွေက ပိုရှုပ်ထွေးလာပြီမလို့ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါပဲ။

READ
ကျောင်းသူဘဝတုန်းက စိတ်ကူးယဉ်ခဲ့ရတာလေးကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ နေခြည်ဦး

Penny

SHARE