Music Video အသစ်ကြောင့် တက်တူးတွေပျောက်ကုန်တာလား ဆိုတာကို ဖြေရှင်းခဲ့တဲ့ JB

Instagram- @justinbieber

Justin Bieber ရဲ့ ခန္ဓာကိုယ်ပေါ်မှာ နေရာအလွတ်မကျန်အောင် တက်တူးတွေအပြည့်ရှိနေတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒါပေမဲ့လည်း မကြာသေးခင်တုန်းက ထွက်ထားခဲ့တဲ့ music video မှာတော့ အဲဒီ တက်တူးတွေကို သူ့ခန္ဓာကိုယ်ပေါ်မှာ လုံးဝမမြင်တွေ့ရတော့ပါဘူး။

ဒါကြောင့် ပရိသတ်သတ်တွေတော်တော်များများက အဲဒီတက်တူးတွေကို ဖျက်ပစ်လိုက်တာလား၊ ဒါမှမဟုတ် ကွန်ပြူတာ effect နဲ့ပဲ ဖျောက်ထားတာလား ဘာလားဆိုပြီးထင်ကြေးပေးနေခဲ့ကြပါတယ်။ သူ့တက်တူးတွေကလည်း အရင်ကတည်းကလုံးဝမရှိသလိုမျိုးကြီး ဖြစ်နေတော့လေ။ Music video ကတော့ Anyone ပါတဲ့။

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber)

ပရိသတ်သတ်တွေ အငြင်းပွားနေတဲ့ ကိစ္စကို Justin Bieber တစ်ယောက် သူ့ရဲ့ Instagram ပေါ်မှာ ဗီဒီယိုတစ်ခု တင်ပြီးတော့ပဲ ဖြေရှင်းခဲ့ပါတယ်။ အဲဒါကတော့ ဒီလိုပါ။ Justin Bieber တစ်ယောက် သူ့ရဲ့တက်တူးတွေကို ဆေးမှုတ်ပြီး ဖျောက်ပစ်လိုက်တာပါတဲ့။

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber)

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber)

Body paint လို့လည်း ခေါ်တဲ့ ခန္ဓာကိုယ်ဆေးမှုတ်နည်းပညာကို သုံးပြီးတော့ တစ်ကိုယ်လုံးက တက်တူးတွေကိုဖျောက်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုခန္ဓာကိုယ်တစ်ခုလုံး ဆေးမှုတ်ဖို့အတွက် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ Justin Bieber ရဲ့ အသားအရောင်နဲ့လိုက်ပြီးတော့ တစ်ထပ်တည်းကျတဲ့ ဆေးအရောင်နဲ့ မှုတ်ခဲ့တာဖြစ်ပါတယ်။ ဒါလေးကတော့ ဗီဒီယိုလေးပါ။

 

 

View this post on Instagram

 

A post shared by Justin Bieber (@justinbieber)

penny

SHARE