ကလေးဘယ်နှစ်ယောက် ယူမလဲဆိုတဲ့ မေးခွန်းကို ပြန်ဖြေလိုက်တဲ့ JB

Image:IG/Hailey & JB

Justin Bieber  နဲ့  Hailey တို့ လက်ထပ်ထားတာ နှစ်နှစ် လောက်ရှိပါပြီ။အိမ် ထောင် သက် နှစ်နှစ်  လောက်ရှိနေပြီမို့ အခုဆိုရင်တော့ ဘယ်တော့ လောက် ကျရင် ကလေးယူမလဲ ၊၊ဘယ်နှ ယောက် လောက် ယူမလဲဆိုတာကို မီဒီယာတွေ နဲ့ ပရိသတ်တွေ က အရမ်းကို စိတ်ဝင် စားနေကြပါတယ်။Justin Bieber ကိုယ်တိုင်ကလည်း ကလေးတွေ ကို ချစ်တက် မယ့် ပုံပါ။အရမ်း ချစ်ပြီး လူတကာ အားကျ အောင် ရို ပြတတ်တဲ့ သူတို့ စုံတွဲ ရဲ့ ကလေးယူမယ့် အစီအစဉ် နဲ့ ပတ်သက်ပြီး JB က အခုလို ထုတ်ပြောခဲ့ပါတယ်။

Image:IG/JB
Image:IG/JB

The Ellen Show မှာ ပါဝင် ခဲ့ချိန် မှာ JB က ပြောခဲ့တာပါ။အဲ့ဒီ Show မှာတော့  JB ကို မေးခွန်းတွေ မေး ခဲ့ပါတယ်။ကလေးဘယ်နှစ်ယောက်လောက်ယူမလဲ ဆိုတဲ့ မေးခွန်း အတွက် JB ကတော့  အကောင်းဆုံး အ ဖြေ ကို ပြန် ပေးခဲ့ပါတယ်။JB က ” ကလေး ဘယ်တော့ယူမလဲ ဆိုတာကတော့  Hailey  အပေါ်မှာပဲ မူတည် ပါတယ်။ဘာလို့လဲဆိုတော့ ဒါက သူမရဲ့ ခန္ဓာကိုယ်လေ..” ဆိုပြီး ပြောခဲ့ပါတယ်။ ကလေးယူရင် ကိုယ်ဝန်ဆောင်ရမယ့်သူက Hailey  မို့ ဇနီးဖြစ်သူ အဆင် ပြေတဲ့  အချိန် ၊ဇနီးဖြစ်သူ ရဲ့ ဆန္ဒ အပေါ် မူတည်တယ်လို့  ဖြေ ခဲ့ပါတယ်။

READ
ပင်လယ်ကမ်းခြေကိုရောက်နေတဲ့ ချစ်စရာဓါတ်ပုံ လေးတွေတင်လိုက်တဲ့ မေပန်းချီ
Image:IG/JB
Image:IG/Hailey

တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးနဲ့ ပေးထားကြတဲ့ နာမည်ပြောင်လေးတွေကိုလည်း Ellen က မေးခဲ့ပါတယ်။JB က ရှက်ရှက်နဲ့ပဲ  Hailey  က သူ့ကို “goo goo” အပြင် တခြား ထူးထူးဆန်းဆန်း နာမည်တွေ ပါ ခေါ်တယ်လို့ ဖြေခဲ့ပါတယ်။ Hailey က တော့  မတ်လ (၁)ရက်နေ့က ကျ ရောက်တဲ့ JB ရဲ့ မွေးနေ့ အတွက် သူမရဲ့ IG မှာ မွေးနေ့ ဆုေ တာင်း Post တင်ခဲ့ပါတယ်။ခင်ပွန်းဆိုတဲ့ အသုံးအနှုန်းအစား happy birthday best friend ဆိုပြီး ဆုတောင်း ပေးခဲ့ပါတယ်။

 

View this post on Instagram

 

happy birthday best friend. thank you for putting a smile on my face every single day.. I love you

A post shared by Hailey Baldwin Bieber (@haileybieber) on

ချစ်စရာ ကောင်းတဲ့ လူငယ်စုံတွဲလေး Justin Bieber  နဲ့  Hailey  တို့ က တော့ (၂၀၁၈) က လက်ထပ်ခဲ့တာပါ။ကလေးကိုတော့ သူတို့နှစ်ယောက် ရည်ရွယ်ထားတဲ့ အချိန် တစ်ခု ရောက်ရင်တော့ ယူဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။

Source:themirror

SHARE