မိန်းမလိုချင်​ပါတယ်​လို့ ဆိုလာတဲ့ ဂျက်​စတင်​ဘီဘာ

ဘီဘာဟာ လွန်​ခဲ့တဲ့နှစ်​​လ​လောက်​က Purpose Tour အတွက်​ Australia ကို​ရောက်​​နေစဉ်​အတွင်း သူနဲ့​တွေ့ဆုံဖို့​မျှော်​လင့်​​နေတဲ့ မကြာခင်​လူ့​လောကကြီးကိုစွန့်​ခွာသွား​တော့မယ့်​လူနာ​တွေကို​တွေ့ဆုံခဲ့ပါတယ်​။
အဲ့ထဲကလူနာ​ကောင်းမ​လေးတစ်​​ယောက်​က ဘီဘာကို ဘဝအတွက်​အပြောင်းအလဲလုပ်​ချင်​တာ​တွေရှိလား​မေးတဲ့အခါမှာ​တော့ ဘီဘာက “ရိုးသားစွာ​ပြောရရင်​ချစ်​သူမိန်းက​လေးတစ်​​ယောက်​​လိုချင်​ပါတယ်​။ကျ​နော်​တကယ်​​လေး​လေးနက်​နက်​​နဲ့ကိုလိုချင်​တာပါ။ ပိုပြီး​လေးနက်​စွာ​ပြောရရင်​…ကျ​နော်​လက်​ထပ်​ချင်​တာပါ။ ခု​ချက်​ချင်း​တော့မဟုတ်​ဘူး။ ဒါ​ပေမယ့်​ မကြာခင်​မှာ​တော့ ​လက်​ထပ်​ချင်​ပါတယ်​” လို့ပြန်​​ဖြေခဲ့ပါတယ်​။
ဒါက​တော့သူ​ဖြေခဲ့တဲ့ Video File ပါ။
https://youtu.be/Wlaeg2FRnDE
၂၀၁၅ ခုနစ်​မှာ Selena Gomez နဲ့လမ်းခွဲပြီး​နောက်​ပိုင်း ဘီဘာရဲ့ Relationship သတင်း​တွေဟာရှုပ်​ပွခဲ့​ပေမယ့်​ ခု​ချိန်​မှာ​တော့ ချစ်​သူအတည်​တကျထားချင်​​နေတဲ့ပုံပါပဲ။
ကဲ…Purpose Tour အတွက်​ကမ္ဘာပတ်​​နေတဲ့ ဘီဘာအတွက်​ ကမ္ဘာတစ်​ဝန်းက ဘယ်​မိန်းက​လေးမဆို သူလက်​ထပ်​မယ့်​မိန်းက​လေးဖြစ်​နိုင်​ပါတယ်​​နော်​။ Belieber(Fangirl) ​တွေလည်း စိတ်​ကူး​တွေတကယ်​လက်​​တွေ့ဖြစ်​လာနိုင်​တာပါ​နော်​။
Grinny (Shwemom)
Source: Glamour
SHARE