သူ့ကိုယ်သူ Justin Bieber လောက် ရုပ်ဖြောင့်တယ်လို့ ဟာသလုပ်ပြောခဲ့တဲ့ Lewi Capaldi

Instagram_JustinBieber/Instagram_LewisCapaldi

Lewis Capaldi ဆို အသက်(၂၃)နှစ်အရွယ်ရှိပြီပြီဖြစ်တယ့် စကော့လူမျိုးတေးရေးတေးဆိုတစ်ဦးပါ။ သူဟာ “2019 Brit Awards”ဆုပေးပွဲမှာ ဝေဖန်သူများအကြိုက်ဆုံးအဆိုတော်ဆု စာရင်းထဲမှာ ဆန်ကာတင်ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

 

[email protected] Calamari

ဒါ့ပြင် ၂၀၁၉ခုနှစ် Marchမှာ သူ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Someone You Loved”ဟာ UK နိုင်ငံရဲ့ တစ်ကိုယ်တော်သီချင်းဆုကို ၇ပတ်ကြာ နံပါတ်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် October 2019 မှာ ထိုသီချင်းဟာ US Billboard Hot 100တွင် နံပါတ်တစ်သီချင်းအဖြစ် မှတ်တမိးတင်ခဲ့တာ ဖြစ်ပါတယ်။

Lewisဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၆.၁.၂၀၂၀)မှာ သူရဲ့ Twitter မှတစ်ဆင့် selfieပုံရိုက်ပြီး တင်ခဲ့ပါတယ်။ ထို့နောက် အဆိုပါပုံတွင် “ဒီပုံရိုက်ပြီးမှ သူ့ကိုယ်သူကြည့်မိတာ Justin Bieberနဲ့ Shawn Mendesထက် ငါကပိုချောနေပါလား” လို့ ဟာသပုံစံ ရေးသားခဲ့ပါတယ်။ Justin Bieberက အဆိုပါပို့စ်အောက်မှာ “ဟုတ်တယ်…မင်းပိုချောပါတယ်”လို့ နောက်ပြောင်ပြီး ရိုးရိုးရှင်းရှင်းလေးပဲ ပြန်ရေးခဲ့ပါတယ်။

[email protected] Capaldi


ဒါပေမယ့် အချို့ပရိသတ်တွေကတော့ “မင်းကိုယ်မင်း သေချာပြန်ကြည့်၊ တခြားစီပဲ” “မင်းပုံစံက လက်မကြီးပေါ်မှာ ဆံပင်မွှေးပေါက်နေသလိုပဲ” အစရှိသဖြင့် ကြမ်းတမ်းစွာ မှတ်ချက်ပေးခဲ့ပါတယ်။ Lewsi ကတော့ “မင်းတို့ပြောတတွေက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ”လို့ ယဉ်ကျေးစွာ မှတ်ချက်ပြန်ပေးခဲ့ပါတယ်။ Lewis ဟာ များသောအားဖြင့် သီချင်းတွေရေးရင်းနဲ့သာ အချိန်ကုန်လေ့ရှိပါတယ်။


Pyi Hein Kyaw

SHARE