Hailey Baldwinကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ Justin Bieberရဲ့ မိခင်

Justin Bieber ရဲ့ မိခင်ကတော့ Hailey ကို ချွေးမတစ်ယောက်အဖြစ် အသိအမှတ်ပြုတာထက်တောင် ပိုတယ်ဆိုတာကို ဆိုရှယ်မီဒီယာပေါ်ကနေ ပြသလိုက်ပြီဖြစ်ပါတယ်။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Justin Bieber ရဲ့ မိခင်Pattie Mallette ကတော့ သားဖြစ်သူရဲ့ ဇနီးအသစ်စက်စက်လေးဖြစ်တဲ့ Hailey ရဲ့ ၂၂နှစ်ပြည့် မွေးနေ့ အတွက် ကြာသပတေးနေ့က မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

daily mail

Justin Bieber ရဲ့ မိခင်ကတော့ “မွေးနေ့မှာ ပျော်ရွှင်ပါစေ Hailey !! I LOVE YOU!! မင်းလို သမီးတစ်ယောက်ကို ပိုင်ဆိုင်ရတာ အရမ်းကို ကျေးဇူးတင်စရာကောင်းပါတယ်” ဆိုပြီတော့ တွစ်တာပေါ်မှာ ရေးသားထားပြီး မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

Justin နဲ့ Haileyတို့ကတော့ လွန်ခဲ့တဲ့ ၂လလောက်က နယူးယောခ့်မှာ တိတ်တဆိတ်လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Hailey ကတော့ သူမရဲ့ အင်စတာဂရမ်မှာပါ Hailey Rhode Bieber လို့ပြောင်းလဲရေးသားခဲ့ပြီဖြစ်ပါတယ်။

READ
အမိုက်စား ဖက်ရှင်နဲ့ လက်မှတ်ထိုးပွဲကို တက်ရောက်လာတဲ့ ပိုပို
daily mail
daily mail

ပရိသတ်တွေကတော့ ယောက္ခမရဲ့ အချစ်ခံရတဲ့ Hailey အတွက် အရမ်းကို ဝမ်းသာနေကြပါတယ်။

daily mail

Source: Daily mail

SHARE