ကျေးဇူးတော်နေ့မှာ လူတစ်ဦးကို ဘဝပြောင်းစေမယ့် အလှူတစ်ခုလုပ်ခဲ့တဲ့ Justin Timberlake

Instagram- Justin Timberlake, Facebook- Tim Stitt

Justin Timberlake ကတော့ ဒီကိုလည်းလာဖူးတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့အတွက်ကြောင့် ပရိတ်သတ်တွေနဲ့လည်း တော်တော်လေး ရင်းနှီးပြီးလောက်မှာပါ။ Daily Mail ရဲ့ဖော်ပြချက်အရ Justin Timberlake တစ်ယောက် ကျေးဇူးတော်နေ့မှာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေမယ့် အလှူကြီးတစ်ခုကို လုပ်ခဲ့တယ်ဆိုပြီးတော့ ဖတ်လိုက်ရပါတယ်။

 

View this post on Instagram

 

A post shared by Justin Timberlake (@justintimberlake)

ကောင်လေးရဲ့နာမည်ကတော့ Jake Stitt ပါတဲ့။ အသက်ကတော့ ၁၇ နှစ်ရှိလို့နေပါပြီ။ Jake ဟာ သူ့ဘဝတစ်လျှောက်လုံး မသန်စွမ်းဖြစ်လာခဲ့ပြီးတော့ wheelchair ပေါ်မှာပဲ အမြဲတမ်း နေထိုင်နေခဲ့ရတာပါ။ မိသားစုကလည်း မပြည့်စုံရှာပါဘူး။ ဒါကြောင့် wheelchair နဲ့ Jake ကို သူတို့အနေနဲ့ မြို့ထဲစုံအောင် ပို့ပေးဖို့တောင်မှပဲ မတတ်နိုင်ရှာကြပါဘူး။ Wheelchair တွန်းနိုင်တဲ့ နီးနီးနားနားပတ်ဝန်းကျင်လောက်ကိုပဲ Jake တစ်ယောက်ရောက်ဖူးခဲ့တာပါ။

READ
ကမ်းခြေထက်က ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပုံရိပ်တွေ မျှဝေလိုက်တဲ့ မေပန်းချီ

ဒါပေမယ့် Jake တစ်ယောက် ကတော့ သူနေထိုင်တဲ့ Tennessee မှာတော့ ဆယ်လီတစ်ယောက်ပါပဲ။ ဘာကြောင့်လဲဆိုရင် Jake ဟာ အိမ်ရှေ့လေးမှာ အမြဲတမ်းထိုင်ပြီးတော့ “Honk If You Are Happy” ( ပျော်ရင် ဟွန်းလေးတီးသွားပါ ) ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့ အမြဲတမ်း ပြုံးပျော်နေတာကိုတွေ့ရလို့ပါပဲ။ ကားသွားကားလာတွေဟာ Jake အိမ်ရှေ့ရောက်တိုင်း Jake ကိုမတွေ့ရင်တောင်မှပဲ ဟွန်းလေးတွေ တီးသွားပြီး Jake လေးကို အဖော်ပြုပေးခဲ့ကြပါတယ်။

 

View this post on Instagram

 

A post shared by Justin Timberlake (@justintimberlake)

Jake အကြောင်း Justin Timberlake လည်း လူမှုကွန်ယက်ကနေတစ်ဆင့် သိသွားခဲ့ပါတယ်။ သိသွားခဲ့ပြီးချင်းချင်းမှာပဲ ဒေသခံတွေရဲ့အကူအညီကိုရယူကာ Jake အတွက် ကျေးဇူးတော်နေ့ လက်ဆောင်ပို့ပေးချင်လို့ပါဆိုပြီးတော့ surpirse အစီအစဉ်တစ်ခုကို စီစဉ်ခဲ့ပါတယ်။ တစ်ရက် Jake တစ်ယောက် သူ့ဆီကို ရဲကားတွေ အတန်းလိုက်ကြီး ဟွန်းတွေတီးကာ ရောက်လာခဲ့တာကို မြင်သတဲ့။ ဒါနဲ့ပဲ နောက် အနီရောင်ာဖဲကြိုးနဲ့ ကားအမည်းတစ်စီးကိုလည်း တွေ့ခဲ့ရပါတယ်။

READ
Goblin ဇာတ်ကားနဲ့ Best Drama Actor ဆုရခဲ့တဲ့ Gong Yoo

ဒီကားဟာ Justin Timberlake ဆီကနေ Jake ကို လက်ဆောင်ပေးတဲ့ ကားပါတဲ့။ ကားရဲ့ထူးခြားချက်ကတော့ wheelchair အတင်အချကို အလွယ်လွယ်ကူကူလုပ်လို့ရနိုင်တဲ့ စနစ်ပါဝင်နေတာပါပဲ။ ဒေါ်လာ ၃၅,၀၀၀ တန်ကားကြီးကို Justin Timberlake က ဝယ်ပေးခဲ့တာပါ။ ဒီကားကြီးကိုစီးပြီး Jake တစ်ယောက် မြို့ထဲတင်မဟုတ်ဘဲ တခြားနေရာတွေကိုပါ ခရီးထွက်နိုင်သွားပါပြီ။

penny

SHARE