ရှိုးပွဲတစ်ခုမှာဆီးပုလင်းတွေနဲ့ပစ်ပေါက်ခံရဖူးကြောင်းဖွင့်ပြောလာတဲ့Justin Timberlake

Youtube-The Graham Norton Show

Justin Timberlake ကိုတော့ မြန်မာနိုင်ငံက ပရိတ်သတ်တော်တော်များများ သိလောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းက ပြည်သူ့ရင်ပြင်ထဲမှာ ကျင်းပခဲ့တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲတော်မှာ မြန်မာနိုင်ငံက အဆိုတော်တော်တော်များများနဲ့တောင် သီချင်းတွေ ဆိုဖူးကြတာကို မှတ်မိကြအုံးမှာပါ။  Justin Timberlake ဟာ အခုလက်ရှိအချိန်မှာတော့ တော်တော်အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Timberlake ဟာ သူနာမည်မကြီးသေးခင်တုန်း ဆိုခဲ့တဲ့ ရှိုးပွဲတစ်ခုမှာ ဆီးပုလင်းတွေနဲ့ ပစ်ပေါက်ခံရဖူးကြောင်း The Graham Norton Show နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၇ နှစ်ကျော် ၂၀၀၃ ခုနှစ်လောက်တုန်းက နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Mick Jagger ဟာ သူကျင်းပတဲ့ Toronto SARS ပရဟိတ ရှိုးပွဲတစ်ခုမှာ သီချင်းဆိုဖို့ Timberlake တို့ တီးဝိုင်းကို ခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ စင်ပေါ်ကိုရောက်ပြီး သီချင်းဆိုနေတဲ့ အချိန်မှာ စင်အောက်က ပရိသတ်တစ်ချို့ဟာ Timberlake တို့ကို ဆီးပုလင်းတွေနဲ့ စင်အောက်က ပစ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

READ
ကမ်းခြေမှာ အရမ်းတွေ Ro နေတဲ့ နန်းဆုနဲ့ G Fatt

“ ပရိသတ်တွေကလည်း နည်းတာမဟုတ်ဘူးဗျ။ အနည်းဆုံး လူ ၅ သိန်းလောက်ရှိတယ်။ ကျွန်တော်ဆိုနေတဲ့အချိန် ရုတ်တရက်ကြီး တစ်ဘူးပြီးတစ်ဘူး ကောက်ပေါက်ကြတာပဲ။ ကျွန်တော်တောင်အဲဒီအချိန်က စိတ်ထဲမှာ တစ်ပုဒ်လောက်ဆိုပြီး ပြန်ဆင်းမယ်ပေါ့။ ပရိသတ်ကိုလည်း တောင်းပန်ရသေးတယ်။ ဒီတစ်ပုဒ်ပြီးရင် ဆင်းပါတော့မယ်ဆိုပြီး။ ဒါပေမယ့် လူအုပ်ကိုကျွန်တော် ထိန်းနိုင်ခဲ့တယ်ထင်လို့ နောက်တစ်ပုဒ်စမ်းဆိုကြည့်တယ်။ အဲဒီအချိန်မှာ ဘာနဲ့မှ ထပ်မပေါက်တော့ဘူး” လို့ Justin Timberlake က ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာ လူကြိုက်များ နာမည်ကြီးတဲ့ အနုပညာရှင်တွေဖြစ်နေပေမယ့်လည်း အစပိုင်းမှာတော့ ဒီလိုမျိုး ဆိုးဝါးတဲ့ အတိတ်တွေရှိခဲ့ဖူးကြပါတယ်။

Pyi Hein Kyaw

SHARE