Trump ကြောင့် သတင်းစာရှင်းလင်းပွဲမှာ (၂၁)စက္ကန့်တိတိ စွန့်အသွားတဲ့ ကနေဒါဝန်ကြီးချုပ်

Instagram- @justinpjtrudeau, @realdonaldtrump

လက်ရှိအမေရိကန်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ကပ်ဘေးတစ်ခုတည်းတင်မဟုတ်တော့ပါဘူး။ ပြည်နယ်တိုင်းလိုလိုရဲ့ လမ်းမတွေပေါ်မှာ လူပေါင်း ရာနဲ့ထောင်နဲ့ချီအောင် စီတန်းလှည့်လည်မှုတွေဖြစ်နေခဲ့ပါပြီ။ အကြောင်းအရင်းကိုလည်း အားလုံးသိကြမယ်ထင်ပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ ကနေဒါဝန်ကြီး Justin Trudeau တို့နှစ်ယောက်ဟာ ဟိုးအရင်နှစ်တွေတုန်းကတော့ ဆက်ဆံရေးအခြေအနေမှာ တရင်းတနှီးရှိခဲ့ပေမယ့်လည်း ကြားထဲနိုင်ငံရေးအဖုအထစ်တွေကြောင့် ခပ်တန်းတန်းဖြစ်သွားခဲ့ပါပြီ။

https://www.instagram.com/p/CA6xyi3BCOT/

https://www.instagram.com/p/CAWF-3xAPN6/

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Justin Trudeau ကို အမေရိကန်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအတွက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သတင်းထောက်တစ်ဦးကထပြီး မေးခွန်းတစ်ခုမေးခဲ့တယ်။ “ဝန်ကြီးအနေနဲ့ အမေရိကန်သမ္မရဲ့ လုပ်ုရပ်တွေအပေါ် အကြံပေးဖို့ တွန့်ဆုတ်နေပုံရတယ်ဆိုတော့ ကျွန်တော်တစ်ခုလောက်မေးချင်ပါတယ်။ အကြံလည်းမပေးချင်ဘူး၊ မှတ်ချက်လည်း မပေးချင်ဘူးဆိုရင် ဝန်ကြီးအနေနဲ့ ဘယ်လိုသတင်းမျိုးပါးနေတယ်လို့ ကိုယ့်ကိုယ်ကို ထင်ပါသလဲ။”

READ
ရေခဲပြင်ကြီး ကွဲထွက်လာတာတောင် မှော်ဆန်နေတဲ့ Lake Michigan

အဲဒီလိုပြောလည်းပြောရော ကနေဒါဝန်ကြီး Justin Trudeau အနေနဲ့ သတင်းထောက်မေးတာကို ဘာမှ ပြန်မတုန့်ပြန်တောာ့ပါဘူး။ မတုန့်ပြန်တဲ့အပြင် ၂၁ စက္ကန့်တိတိ ငြိမ်ကျသွားခဲ့ပါတယ်တဲ့။ လူတွေကတော့ မေးခွန်းသတ်တဲ့အတွက် ဘာဖြေလို့ဖြေရမှန်းမသိဘဲ စွန့်အသွားခဲ့တယ်ဆိုပြီး People မဂ္ဂဇင်းမှာဖော်ပြထားခဲ့ပါတယ်။

နောက်မှ စကားတစ်လုံးချင်းကို ဖြေးဖြေးချင်းနဲ့ သူတို့အနေနဲ့ အမေရိကန်မှာ ဖြစ်ပျက်နေတဲ့ သွေးပျက်ဖွယ်ဖြစ်ရပ်တွေကို အားလုံးသိပြီးကြလောက်မှာပါ၊ အခုအချိန်ဟာ လူထုနဲ့စည်းလုံးရမယ့်အချိန်ဖြစ်ပြီး လူထုအသံကိုလည်း နားထောင်ရမယ့် အချိန်ဖြစ်တယ်ဆိုပြီး သေချာစဉ်းစားပြီးမှ သတင်းထောက်ရဲ့ စကားကို ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

ဗီဒီယိုအပြည့်အစံကိုဒီမှာကြည့်နိုင်ပါတယ်။

Penny

SHARE