K Drama ခေတ်ဦးအစမှာ နာမည်ကြီးခဲ့တဲ့ ကိုရီးယားမင်းသမီး (၁၃ )ယောက်

Image:IG/cele

ကိုရီးယားဇာတ်ကားတွေ ကို TV မှာ ကြော်ငြာတွေ အများကြီးကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီး ကြည့်ခဲ့ရာ ကေ န အခု ဆိုရင် တော့ အွန်လိုင်း က နေ အလွယ်တကူ ကြည့်လို့ ရ နေပါပြီ။ကိုရီးယား ဇာတ်ကားတွေ မြန်မာ နိုင်ငံမှာ စပြီး ရေပန်းစား ခဲ့တုန်းက ပရိသတ်ကြားမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ ကိုရီးယား မင်းသမီးတွေ ရှိပါတယ်။သူတို့ တွေ ကတော့…

1.Lee Young-Ae

ချန်ဂင်ဆိုပြီး မြန်မာ ပရိသတ် ကြားမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ မင်းသမီးပါ။အသက် (၄၉)နှစ်ရှိ နေ ပေမယ့် အခုထိ လှ မြဲ လှ နေစဲပါ။(၂၀၀၉)မှာ သူမထက် အသက် ၁၇ နှစ်ကြီးတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် နဲ့ လက်ထပ် ခဲ့ပါတယ်။(၂၀၁၁)မှာ သားတစ်ယောက်၊သမီးတစ်ယောက် အမြွှာ လေး မွေးခဲ့ပါတယ်။IG မှာ သုံး နေပြီး ပရိသတ်တွေ နဲ့ အဆက်အသွယ် မပြတ်ရှိနေတုန်းပါ။

 

View this post on Instagram

 

A post shared by 이영애 (@leeyoungae0824) on

2.Kim Hyun-joo

Glass Slippers ဆိုတဲ့ မြန်မာနာမည် ဖန်ခြေနင်းနဲ့ ယမင်း ရွှေစင် ဆိုတဲ့ ဇာတ်ကားကို ပရိသတ်ကြီး မှတ်မိကြ အုံးမှာပါ။မိန်း ကလေးေ တွကြားမှာ တော့ ဘတ် ချော အွန်းဆိုတဲ့ So Ji Sub က အဲ့ဒီတည်းက နာမည်ကြီး လာခဲ့တာပါ။Kim Hyun-joo က တော့ အဲ့ဒီဇာတ်ကားမှာတည်းက ပရိသတ်အားပေးမှု ရခဲ့တာပါ။အခုထိ လည်း အသက် (၄၃)နှစ် ဖြစ်တဲ့ အထိ အလှ မပျက် သေးပဲ ဇာတ်ကားတွေ ရိုက်ကူး နေတုန်းပါ။

3.Kim Ji-ho

Kim Ji-ho ကလည်း Glass Slippers ဇာတ်ကားမှာ Kim Hyun-joo  နဲ့ ညီအစ်မ နေရာ ကနေ သရုပ်ဆောင် ခဲ့သူပါ။(၂၀၁၇)တုန်းက Steel Rain ဇာတ်ကားရိုက်ပြီးတည်းက ဇာတ်ကားသစ်ရိုက်တာ မ တွေ့ရ သေးပါဘူး။ သူမရဲ့ အသက်က တော့ အခုဆိုရင် (၄၅)ရှိ နေပါပြီ။(၂၀၀၁)ခုနှစ်မှာတော့ မင်းသား Kim Ho-Jin  နဲ့ လက်ထပ်ပြီး (၂၀၀၄)မှာတော့ သမီးလေး တစ်ယောက် မွေးထားပါတယ်။

4.Kim Hee-Sun

 

View this post on Instagram

 

✨holiday come early with #chopard #쇼파드

A post shared by (@lovely.katie.k) on

ကိုရီးယားမင်းသမီးတွေထဲမှာဆိုရင် တော့ အသားညိုညို လေးနဲ့ လှ တဲ့ မင်းသမီးပါ။အသည်းချင်းတူရင် ကြည်ဖြူ ပါ့မယ် ရှင် (Tomato (1999)ဆိုတဲ့ ဇာတ်ကားမှာ လီဟန်နီဆိုတဲ့ ဇာတ်ကောင် နေရာ ကနေ သရုပ်ဆောင် ခဲ့တာပါ။အဲ့ဒီ ဇာတ်ကား ကြောင့် ခရမ်းချဉ် ပင် စမ်းစိုက်ကြည့်တဲ့ သူက စိုက်၊ရိုရို (သေချာတော့ မမှတ်မိတော့) ကစားစရာ လေး ကလည်း  မြန်မာ လူမျိုးတွေ ကြားမှာ တော်တော် ရေပန်းစားခဲ့ပါတယ်။အခုထိ လှ နေစဲ ဇာတ်ကား တွေရိုက်နေစဲပါ။ The Lady in Dignity (2017) ဒရမ်ကား ရိုက်ထားပါတယ်။(၂၀၀၇)မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်နဲ့ လက်ထပ်ပြီး (၂၀၀၉)မှာ သမီးလေး တစ်ယောက် မွေးထားပါတယ်။အသက် ကတော့  (၄၃)နှစ် ရှိ နေပါပြီ။

READ
အလှသွေးကြွယ်နေတဲ့ ယွန်းယွန်း

5.Chae Rim

 

View this post on Instagram

 

#ParkChaeRim #Chaerim #chaerim #chaelim #parkchaerim

A post shared by Park Chae Rim Fan Page (@parkchaerim_2803) on

မြန်မာ ပရိသတ်တွေ ကြားမှာ တော့ ဆန်းမီ ဆိုပြီး နာမည်ကြီးခဲ့တာပါ။အဲ့ဒီ ခေတ်မှာ သူမရဲ့ ဆံပင်စတိုင် လေးက တော်တော် လေး နာမည်ကြီးပါတယ်။အဲ့ ခေတ်က ဆည်းဆာရင်ခုန်သံ (All About Eve (2000) ဆိုတဲ့ ဇာတ် ကားက အရမ်းကို နာမည်ကြီးခဲ့ပါတယ်။မြန်မာပရိသတ်တွေ ကြားမှာ ဒါရိုက်တာရင်နဲ့ ဆန်းမီ ဆိုပြီး တ ဖွ ဖွ ပြော ခဲ့ရ တဲ့ အထိ နာမည်ကြီးခဲ့တာပါ။နောက်ပိုင်းမှာတော့ တရုတ်ကားတွေ ရိုက်ခဲ့ပါတယ်။တရုတ်ကား ရိုက်ရင်းနဲ့ပဲ တရုတ် မင်းသား Gao Ziqi နဲ့ (၂၀၁၄)မှာ လက်ထပ်ခဲ့ပါတယ်။ဒါက သူမရဲ့ ဒုတိယ အိမ် ထောင်ပါ။ပထမ အိမ် ထောင် ကတော့ သူမထက် အသက် (၁၄)နှစ်ကြီးတဲ့ အဆိုတော်  Lee Seung-hwan နဲ့ (၂၀၀၃)မှာ လက်ထပ်ပြီး (၂၀၀၆)မှာ ကွာရှင်းခဲ့တာပါ။IG ဖွင့်ထားပြီး သူမရဲ့ နေ့စဉ်လူနေမှု ဘ၀ လေးကို ဝေမျှ ပေး နေတုန်းပါ။အခုထိ လှ နေတုန်းပါ။

 

View this post on Instagram

 

많이 지친상태..졸립다

A post shared by (@chaelim_328) on

6.Choi Ji-Woo

 

View this post on Instagram

 

@fabianafilippi #choijiwoo #hallyustar #goddess #beauty #ygstage #ygfamily #최지우 #지우히메

A post shared by C͙h͙o͙i͙ J͙i͙ W͙o͙o͙ 최지우 (@choijiwoo_cjw) on

ပရိသတ်တွေ ကို မျက်ရည်နဲ့ မျက်ခွက် ဖြစ် အောင် လုပ်ခဲ့တဲ့ အငို မင်းသမီးပါ။Crush Landing On You ဇာတ်ကားထဲမှာတောင် ဧည့်သည် သရုပ်ဆောင် အနေနဲ့ ပါဝင် ပေးခဲ့ပါတယ်။သူမရဲ့  Winter Sonata (2002), Stairway to Heaven (2003) ဆိုတဲ့ ဇာတ်ကားတွေ က တော့ မြန်မာ ပရိသတ်ေ တွ အခုထိ အမှတ် ရ နေတုန်းပါ။(၂၀၁၈) မတ် မှာ လက်ထပ်ပြီး (၂၀၂၀)မေ (၁၆)ကမှ သမီးလေး တစ်ယောက် မွေးခဲ့ပါတယ်။

7.Han Ye-Seul

 

View this post on Instagram

 

✨✨ #젤라또팩토리 #gelatofactory

A post shared by 한예슬 (@han_ye_seul_) on

အခုနောက်ပိုင်းမှာေ တာ့ ကားရိုက်တွေ ကြဲ သွားပေမယ့် အဲ့ဒီတုန်းက အရမ်းလှ တဲ့ မင်းသမီး ဆိုပြီး ပရိသတ် ကြားမှာ နာ မည်ကြီးခဲ့သူပါ။Birth of a Beauty (2014), Miss Gold Digger (2007) ၊ Penny Pinchers (2011)  တို့က နာမည်ကြီး ပါတယ်။(၃၈)နှစ် ဆိုပေမယ့် တစ်နေ့ တခြား နုလှ နေတဲ့ အပျိုကြီးပါ။

8.Ha Ji-won

နောက်ထပ် တစ်နေ့ တခြား နု နေ လှ နေတဲ့ အပျိုကြီး  က တော့ Ha Ji-Won ပါ။ Hwang Jini (2006),  Empress Ki (2013) ၊Something Happened in Bali ၊ Secret Garden (2010), The King 2 Hearts (2012) ၊Hospital Ship (2017) တို့ ကို ရိုက်ထားပါတယ်။အခုထိ လည်း နာမည်ကြီးေ နတဲ့ မင်းသမီး တစ်ယောက်ပါ။သူမရဲ့ အသက် ကတော့ (၄၁)နှစ်ပါ။

READ
ပုရိသအပေါင်းကို အသည်းတွေကြွေသွားအောင် လုပ်လိုက်တဲ့ ခင်ဝင့်ဝါ

9.Kim Tae-Hee

မကြာသေးခင်ကမှ Hi Bye, Mama! ဇာတ်ကား ရိုက်ပြီးတာပါ။ Love Story in Harvard (2004) နဲ့ စပြီး နာမည်ကြီးခဲ့တာပါ။ မင်းသား Rain နဲ့  (၂၀၁၇)ဇန်န၀ါရီ မှာ  လက်ထပ်ပြီး (၂၀၁၇) အောက်တိုဘာမှာ သမီးလေးတစ်ယောက် (၂၀၁၉) စက်တင်ဘာမှာ သမီးလေး တစ်ယောက် မွေးထားပါတယ်။အသက် (၄၀)ပါ။

10.Shin Min-A

 

View this post on Instagram

 

@chanel.beauty @ellekorea

A post shared by Shinmina (@illusomina) on

Shin Min A က လည်း အခုထိ ဇာတ်ကားတွေ မနား တမ်း  ရိုက် နေတုန်းပါ။ A Love to Kill (2005), My Girlfriend Is a Nine-Tailed Fox (2010), Oh My Venus (2015) တို့ ကတော့ သူမရဲ့ နာမည်ကြီး ဇာတ်ကားတွေ ပါ။Kim Woo-bin နဲ့ (၂၀၁၅)တည်းက စ တွဲ ခဲ့တာပါ။သူမရဲ့ အသက်က တော့ (၃၆)နှစ်ပါ။

11.Jun Ji-Hyun

 

View this post on Instagram

 

#스톤헨지#stonehenge#전지현 #全智賢#junjihyun#모델 #giannajun#jeonjihyun #チョンジヒョン#全智贤

A post shared by 전지현 Gianna Jun OFFICIAL (@junjihyun_81) on

My Sassy Girl (2001) ဆိုတဲ့ ဇာတ်ကားနဲ့ စ နာမည်ကြီး ခဲ့တာပါ။အခုထိလည်းနာမည်ကြီး ထိပ်တန်း မင်းသမီး တစ်ယောက် အဖြစ် နဲ့ ရပ်တည် နေတုန်းပါ။(၂၀၁၂)မှာ လက်ထပ်ခဲ့ပါတယ်။ပထမဆုံး ကလေး သားလေးကိုတော့ (၂၀၁၆) ဖေ ဖော်ဝါရီ မှာ မွေးပါတယ်။ဒုတိယ သားလေး ကိုလည်း (၂၀၁၈) ဇန်န၀ါရီမှာ မွေးခဲ့ပါတယ်။အသက် (၃၈)နှစ်ပါ။

12.Son Ye-Jin

 

View this post on Instagram

 

행복한 추석보내세요!!

A post shared by 손예진 (@yejinhand) on

Son Ye-Jin ကလည်း ဟိုးအရင်တည်း ကေ န အခုထိ နာမည်ကြီး နေတဲ့ မင်းသမီး တစ်ယောက်ပါ။မကြာ သေးခင် ကမှ Crush Landing On  You နဲ့  တ ကျော့ပြန်လည် နာမည်ကြီးခဲ့တာပါ။အသက် (၃၈)နှစ်ရှိတဲ့ အပျိုကြီး မမ တစ်ယောက်ပါ။

13.Song Hye-Kyo

 

View this post on Instagram

 

@suecommabonnie @photokyj80 @halolee7 @with.hyunkyoung @b_joeun @raymondchae

A post shared by Hyekyo Song (@kyo1122) on

အွန်စောဘ၀ တည်းက ပရိသတ် အားပေးမှုကို ရလာတာပါ။ဒီနေ့ အထိ လဲ တစ်နေ့တခြား အလှ တွေ တိုး နေတဲ့ ကိုရီးယား မင်းသမီး တစ်ယောက်ပါ။ Descendants of the Sun မှာ အတူ တွဲ သရုပ်ဆောင် တဲ့ သူမထက် ငယ်တဲ့ မင်းသားဆောင်ဂျွန်ကီ နဲ့ (၂၀၁၇) အောက်တိုဘာ (၃၁)မှာ လက်ထပ်ပြီး (၂၀၁၉) ဇွန် (၂၇)မှာ ကွာရှင်း တော့မယ်လို့ ကြေညာခဲ့ပါတယ်။ဇူလိုင် (၂၀၁၉)မှာ တော့ တရားဝင် ကွာရှင်းပြတ်စဲ ခဲ့ပါတယ်။အသက် (၃၈)နှစ် အထိ လှ နေတုန်းပါ။

#SHWEMOM(ref;wiki)

SHARE