K-pop ၀ါသနာအိုးတွေအတွက် အခွင့်အလမ်းသစ်ကြီး

윤정

အောင်မြင်တဲ့ ကေပေါ့ Idolတစ်ယောက် ဖြစ်ချင်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခုထွက်ပေါ်လာပါပြီ။

K-pop ဟာ မြန်မာနိုင်ငံအပါအ၀င် အာရှမှာသာမကဘဲ အခုဆိုရင် ဥရောပကိုပါ စိုးမိုးလာနေပြီဆိုတာ အားလုံးလည်းသိကြမှာပါ။ အထူးသဖြင့် ဆယ်ကျော်သက် ကလေးတွေရဲ့ အဓိက အိမ်မက်ကြီးတစ်ခုလို့ ဆိုရလောက်အောင်ထိ K-popရဲ့လွှမ်းမိုးနိုင်စွမ်းအားက ကြီးမားနေပါတယ်။

လက်ရှိအောင်မြင်နေတဲ့ EXO ၊ BTS နဲ့ BLACKPINK ၊ အဖွဲ့တို့ တွေဟာ နိုင်ငံတကာ music chart တွေမှာ သမိုင်းမှတ်တိုင်သစ်တွေ တင်လာနိုင်ပြီဖြစ်ပါတယ်။

 သူတို့အခုလို သမိုင်းသစ် မတင်နိုင်ခင်ချိန်ကတည်းက K-pop လောကဟာ ကမ္ဘာ့အနုပညာရပ်ဝန်းမှာ ခြေကုပ်ယူပြီး ခိုင်မာလာတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မျိုးဆက်သစ်အဖွဲ့တွေဟာ တဟုန်ထိုးအောင်မြင်လာနေသလို၊ အခုဆိုရင် K-pop ၀ါသနာအိုးလေးတွေအတွက် အခွင့်အလမ်းသစ်တစ်ခုပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

ဒါကတော့ ဆိုးလ်မြို့မှာ K-pop ၀ါသနာပါသူ လူငယ်မျိုးဆက်သစ်တွေအတွက် AirBnB က အောင်မြင်တဲ့ K-pop Idol တစ်ယောက်ဖြစ်အောင် သီချင်းဘယ်လို ဆို၊ ဘယ်လိုကရမယ်ဆိုတာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အောင်မြင်တဲ့ K-popအဖွဲ့တွေဟာ သူတို့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေ၊ သူတို့ရဲ့ကိုယ်ပိုင်စတိုင်တွေကို အသစ်သစ်ဖြစ်နေအောင် အမြဲတီထွင်လုပ်ဆောင်ကြရပါတယ်။ဒါဟာ အဖွဲ့တစ်ဖွဲ့အောင်မြင်မှုအတွက် အခရာကျတဲ့ အချက်တစ်ချက်လို့ဆိုရမှာပါ။

윤정

EXO ၊ BTS BLACKPINK TWICE, SEVENTEEN, Red Velvet    တို့လို နာမည်ကြီးအဖွဲ့တွေက သူတို့ဖျော်ဖြေရေးconceptတွေကို ဘယ်လို တည်ဆောက်တယ်ဆိုတာ၊မတူညီတဲ့ဂီတပုံစံတွေနဲ့ ပရိတ်သတ်တွေကိုဘယ်လိုဆွဲဆောင်တယ်တယ်ဆိုတာတွေကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

K-pop Idol တွေရဲ့အောင်မြင်မှုဟာ သူတို့ကိုရူးသွပ်စွဲလမ်းတဲ့ ပရိတ်သတ်တွေအတွက် လေယာဉ်ကွင်းမှာ မိုးလင်းမိုးချုပ်စောင့်ပြီး တစ်ခနလေးမြင်ရတာတောင် နောက်တကောက်ကောက်လိုက်နေကြတဲ့အထိ စွဲလမ်းကြသူတွေပါ။ idolsတွေရဲ့အခွေအယ်လ်ဘမ်တွေရဖို့ နည်းမျိုးစုံနဲ့ကြိုးစား ၀ယ်ယူကြသူတွေပါ။ မျက်နှာလေးမြင်ရရုံ၊ အသံလေးကြားရရုံနဲ့ ရူးမတတ်ပျော်ရွှင်ကြသူတွေပါ။

သူတို့ကိုယ်သူတို့ K-pop starတွေ နဲ့တူအောင် သူတို့ idols တွေနဲ့တူအောင် plastic surgeriesဆိုတဲ့ မျက်နှာခွဲစိတ်ကုသမှုတွေကို ငွေတွေအမြောက်အမြားအကုန်အကျခံပြုလုပ်လာကြပါတယ်။

အခုဆို AirBnBကျေးဇူးကြောင့် K-pop starဖြစ်ချင်သူတွေအတွက် အခွင့်အလမ်းသစ်တွေစောင့်ကြိုနေပြီဖြစ်သလို၊ ကျွမ်းကျင်တဲ့ K-

pop idolတစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးသွားတော့မှာမို့ K-popper တွေအတွက် အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် လမ်းစတွေထွက်ပေါ်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

Khaing

SHARE