ဆုတ်ချိုမီးဘေးအတွက် များပြားတဲ့ငွေကြေးပမာဏကို လှူဒါန်းခဲ့ကြတဲ့ကေပေါ့ပရိသတ်တွေ

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကေပေါ့ ပရိသတ်တွေကတော့ သူတို့ရဲ့ အိုင်ဒေါတွေရဲ့ နာမည်နဲ့ အလှူအတန်းတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ သူတို့တွေကတော့ လတ်တလောမှာဖြစ်ပွားနေတဲ့ ဂန်ဝန်နယ်က တောမီးလောင်မှုမှာ ပါဝင် လှူဒါန်းခဲ့ကြပါသေးတယ်။ ဧပြီလ ၇ ရက်နေ့မှာတော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Hopebridge က မီးဘေးအန္တရာယ်အတွက် စုစုပေါင်း အလှူငွေ ၇.၃၆၅ ဘီလျံ အထိ ရရှိထားပြီဖြစ်ကြောင်းကို ပြောခဲ့ပါတယ်။

လှူဒါန်းသူတွေထဲမှာတော့ ကေပေါ့ ပရိသတ်တွေလည်း တော်တော်များများပါဝင်ခဲ့ပြီး Kang Daniel ရဲ့ နာမည်နဲ့ လှူဒါန်းသူ အယောက် ၄ထောင်၊ BTS နာမည်နဲ့ လှူဒါန်းတဲ့သူ အယောက် ၉၂၀ နဲ့ EXO, MAMAMOO, NU’EST, MONSTA X, NCT, The Boyz တို့အပြင် အခြားသော အနုပညာရှင်တွေရဲ့ နာမည်နဲ့လည်း လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

READ
မကြာခင်ကျင်းပမယ့် Show နဲ့ပတ်သက်ပြီး စိုင်းစိုင်းရဲ့ မေတ္တာရပ်ခံစာ..

ဒါ့အပြင် Yoo Jaesuk, Psy, IU, Kim Heechul, Yoon Jisung, Song Joongki နဲ့ Suzy တို့ကလည်း မီးဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

source: kstarlive

SHARE