ဟောလိဝုဒ်အနုပညာရှင်တွေနဲ့အတူ တွဲတွေ့ခဲ့ရဖူးတဲ့ ကိုရီးယားအနုပညာရှင်များ

koreaboo

ကေပေါ့အနုပညာရှင်တွေကတော့ အာရှမှာသာမက အနောက်တိုင်းမှာပါ သူတို့ရဲ့ အနုပညာတွေကို ဖြန့်ကျက်နေပြီဖြစ်ပြီး အနောက်တိုင်းက ဟောလိဝုဒ်အနုပညာရှင်တွေနဲ့လည်း ပူပေါင်းပြီး အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။ ဟောလိဝုဒ်အနုပညာရှင်တွေနဲ့အတူတွဲပြီးတော့ တွေ့ခဲ့ရဖူးတဲ့ ကေပေါ့အနုပညာရှင်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

TWICE နဲ့ Camila Cabello

သူတို့တွေကိုတော့ ဂျပန် ရှိုးတစ်ခုမှာ အတူတွေ့ရတာဖြစ်ပါတယ်။

koreaboo

EXO အဖွဲ့ဝင် Chanyeol နဲ့ Far East Movement

သူတို့တွေကတော့ “Freal Luv” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အတူဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

koreaboo

BTS နဲ့ Steve Aoki

သူတို့ကတော့ နာမည်ကျော် “MIC Drop” သီချင်းကို အတူဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

koreaboo

Jay Park နဲ့ Jay-Z

ဒီပုံကတော့ ၂၀၁၈ ခုနှစ်ရဲ့ Grammy ဆုပေးပွဲအကြိုပါတီမှာရိုက်ခဲ့တာဖြစ်ပါတယ်။ Jay Park ကတော့  Jay-Zရဲ့  Roc Nation နဲ့ လက်မှတ်ထိုးထားတာဖြစ်ပါတယ်။

READ
လှေစီးပြီး ရေဘေးဒုက္ခတွေ့နေတဲ့သူတွေဆီကို အရောက်သွားခဲ့တဲ့ မအေးသောင်း
koreaboo

Jay Park နဲ့ Beyoncé

ဒီပုံကတော့ Grammy ဆုပေးပွဲအကြိုပါတီက ဓါတ်ပုံပဲဖြစ်ပါတယ်။

koreaboo

T-ARA နဲ့ Wiz Khalifa

ဒီပုံကတော့ ၂၀၁၃ ခုနှစ် အောက်မေ့ဖွယ်အခမ်းအနားရဲ့ စင်နောက်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

koreaboo

BIGBANG’s G-Dragonနဲ့ Paris Hilton

ဒီပုံကတော့ ဟောင်ကောင်မှာ ကျင်းပတဲ့ MAMA  ဆုပေးပွဲမှာ နှစ်ယောက်အတူရိုက်ခဲ့တာဖြစ်ပါတယ်။

koreaboo

Tiffany နဲ့ Tom Hiddleston

Thor: The Dark World အတွက် ကိုရီးယားမှာ ပရိုမိုးရှင်းလာဆင်းစဉ်က Tiffany ဦးဆောင်တဲ့ Wide Open Studio အစီအစဉ်မှာ ပါဝင်ခဲ့စဉ်က ဖြစ်ပါတယ်။

koreaboo

Sandara Park နဲ့ Justin Bieber

Jay Park ရဲ့ AOMG ကို ဖွင့်တဲ့ပါတီပွဲမှာ Justin က Dara ကို ကပ်တိုးလေး နမ်းခဲ့ပါသေးတယ်။

READ
Captain America ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ WWE နပန်းသမား/သရုပ်ဆောင် John Cena
koreaboo

CL နဲ့ASAP Rocky

CL ကတော့ အနောက်တိုင်းက အနုပညာရှင်တွေတော်တော်များများနဲ့ ရင်းနှီးတယ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်မှာပါ။

koreaboo

April

SHARE