အနုပညာမျိုးရိုးကဆင်းသက်လာတဲ့ ကိုးရီးယား Celebrity များ

မတူညီတဲ့ကျောထောက်နောက်ခံတွေကလာကြတဲ့အနုပညာသည်တွေဟာ အိမ်မက်တွေ၊ စိတ်ကူးတွေအကောင်အထည်ဖော်နိုင်ဖို့ အတိုက်အခိုက်တွေကိုအံ့တုရင်း အနုပညာနယ်ပယ်မှာနေရာတစ်ခုရအောင်ကြိုးစားဖန်တီးကြရပါတယ်။
တစ်ချို့တွေက အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ မိဘနဲ့ဆန့်ကျင်ပြီးအနုပညာလမ်းကိုကြိုးစားလျှောက်လှမ်းကြရသလို၊​တစ်ချို့တွေကတော့နဂိုတည်းကမိသားစုဝင်တွေဆီက အနုပညာအရည်အသွေးတွေအမွေရထားပြီးသားပါ။ ဒီလိုမိဘတွေ(သို့)ဆွေမျိုးသားချင်းအနုပညာသည်တွေကနေ ဆင်းသက်လာတဲ့ K-pop idol တွေကတော့….

1. Gong Minzy

Minzy ရဲ့ မကြာခင်မှာထွက်ရှိတော့မယ့်​”NINANO” solo သီချင်းအတွက်သူမကိုယ်တိုင်ဖန်တီးကပြထားတဲ့ ကကွက်တွေကိုကြည့်ရုံနဲ့ သူမဟာ Dancing မှာပါရမီရှိသူတစ်ယောက်ဆိုတာသံသယဖြစ်စရာတောင်မရှိပါဘူး။ ဒါဟာသူမရဲ့အဘွားဖြစ်သူ၊​ရှေးဟောင်းအကအဖွဲ့က Gong Ok Jin ရဲ့အနုပညာသွေးကြောင့်ပါ။ Mizy ဟာသူမခုလိုအကမှာစိတ်အားထက်သန်တာ သူ့အဘွားကြောင့်​ဖြစ်ကြောင်းဆိုခဲ့ဖူးပါတယ်။

2. T-ara’s Boram

ဖျော်ဖြေသူမျိုးဆက်ကဆင်းသက်လာတဲ့ Boram ဟာသူတို့မိသားစုရဲ့တတိယမြောက်အနုပညာမျိုးဆက်ပါ။ သူမရဲ့အဖေ Jeon Yeong Rok ဟာကိုရီးယားနာမည်ကြီးအဆိုတော်တွေဖြစ်ခဲ့တဲ့ Hwang Hae နဲ့ Baek Sul Hee တို့်ရဲ့သားဖြစ်ပြီး၊ ၈၀ ခုနစ်ရဲ့နာမည်ကျော်အဆိုတော်တစ်​​ယောက်​ပါ။သူမအ​မေ Lee Min Young က​တော့ နာမည်​​ကျော်​ သရုပ်​​ဆောင်​တစ်​ဦးပါ။

3. BTOB’s Hyunsik

BTOB အဖွဲ့ရဲ့ Lead Vocalist ဖြစ်တဲ့ Hyunsik ဟာအဖွဲ့လိုက်သီဆိုဖျော်ဖြေတဲ့အဆိုတော်​Im Ji Hoon ရဲ့သားပါ။ Hyunsik ဟာအစပိုင်းက Idol တစ်ယောက်ဖြစ်ဖို့ရည်ရွယ်ချက်မရှိခဲ့ပေမယ့်လည်း၊ သူ့အဖေရဲ့အားပေးမှုတွေကြောင့် သူရဲ့အိမ်မက်ကိုသိလာပြီုးအကောင်အထည်ဖော်​နိုင်​ခဲ့တာပါ။

READ
အီတလီနိုင်ငံကိုရောက်နေတဲ့ အဆိုတော်လိမ္မော်သီး

4. BTOB’s Ilhoon

BTOB အဖွဲ့ရဲ့အဓိက Rapper ဖြစ်တဲ့ Ilhoo ဟာ Joo လို့လူသိများတဲ့အဆိုတော်၊သရုပ်ဆောင် Jung Min Joo ရဲ့မောင်လေးဖြစ်ပါတယ်။ သူတို့မောင်နှမနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်အမြဲအားပေးရင်းခိုင်မာတဲ့သံယောဇဉ်တွေနဲ့ချည်နှောင်ထားတယ်လို့ဆိုပါတယ်။

5. Girls’ Generation’s Sunny

Sunny ဟာ ​College band တွေနဲ့အကျွမ်းတဝင်ရှိခဲ့တဲ့ဖခင်ဖြစ်သူရဲ့အားပေးမှုကြောင့် အနုပညာလမ်းကိုလျှောက်ဖြစ်ခဲ့တာပါတဲ့။ သူမဟာ Girl Group တစ်ခုဖြစ်တဲ့ Sugar အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ်အနုပညာလုပ်ငန်းကိုစတင်ခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့တာကြောင့်​SM Entertainment ရဲ့ ခုလက်ရှိအောင်မြင်ကျော်ကြားနေတဲ့ Girl Generation အဖွဲ့သို့ဝင်ရောက်ခဲ့ပါတယ်။ ဒီ SM Entertainment ကိုတော့သူမရဲ့ ဦးလေးဖြစ်သူ ၇၀ခုနစ်ရဲ့နာမည်ကျော်အဆိုတော်ဖြစ်ခဲ့တဲ့ Lee Soo Man ကတည်ထောင်ခဲ့တာပါ။

6. f(x)’s Krystal

Jungမျိုးရိုးညီအစ်မနှစ်ယောက်ဖြစ်တဲ့ Jessica နဲ့ Krystal ဟာသူတို့ငယ်စဉ်က SM Entertainment ရဲ့ trainee တွေအဖြစ်ကမ်းလှမ်းမှုကိုရရှိခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကို Jessica ကလက်ခံခဲ့ပေမယ့်​၊ Krystal ကတော့အရမ်းငယ်လွန်းတာကြောင့်​မိဘတွေကသဘောမတူခဲ့ပါဘူး။နောက်ပိုင်းမှာတော့အစ်ဖြစ်သူ Jessica အဆက်နဲ့ f(x) အဖွဲ့ရဲ့ lead vocalist အဖြစ်စတင်ခဲ့ပြီး၊ acting ပိုင်းကိုပါလုပ်ကိုင်လျက်ရှိပါတယ်။

READ
သူမရဲ့ ချစ်သူနဲ့၁နှစ်ကျော်တွဲပြီးနောက်ပိုင်းမှာ ကိုယ်ဝန်ရှိသွားပြီဖြစ်တဲ့ Iskra Lawrence

7. Thunder

MBLAQ အဖွဲ့ဝင်​Thunder ဟာအစ်မဖြစ်သူ 2NE1 အဖွဲ့ဝင် Sandra Park ရဲ့အားပေးကူညီမှုတွေကြောင့်အနုပညာလုပ်ငန်းကိုစတင်ဖြစ်ခဲ့တာပါတဲ့။ အစက Soccer ကစားကျွမ်းကျင်သူတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ Thunder ဟာနောက်ဆုံးမှာတော့သူ့ဝါသနာကိုစွန့်လွတ်ပြီး၊ Auditioning အပိုင်းကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။ Thunder ဟာ ၂၀၁၆ ဒီဇင်ဘာမှာ “Sign” MV ကိုတစ်ကိုယ်တော်ပွဲဦးထွက်MV အဖြစ်ထွက်ရှိခဲ့ပြီး၊ ဒီ MV မှာအစ်မဖြစ်သူ Dara ကဧည့်သည်သရုပ်​ဆောင်အဖြစ်ပါဝင်ရိုက်ကူးပေးထားပါတယ်။

8. TWICE’s Jeongyeon

တက်သစ်စ Vocalist ဖြစ်တဲ့ Twice အဖွဲ့ဝင်​Jeongyeon ဟာသရုပ်ဆောင်​Gong Seung Yeon ရဲ့ညီမပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Inkigayo ရဲ့ Host အဖြစ်​July 3, 2016 ကနေ January 22, 2017 အထိလုပ်ကိုင်ခဲ့ပါတယ်။ Twice အဖွဲ့ဟာမကြာသေးမီကပဲ Comeback Song အနေနဲ့ “Signal” MV ထွက်ရှိခဲ့ပြီး၊ ဂျပန်နိုင်ငံမှာကျင်းပမယ့် ပထဦးဆုံးပွဲဦးထွက်ကိုတော့ June လမှာကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Grinny (shwemom)
Source: Soompi

SHARE