ဆုပေးပွဲတစ်ခုမှာ အမြင်ရိုင်းတဲ့ အဝတ်အစားနဲ့ ဖျော်ဖြေခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ Hyolyn

ကေပေါ့အဆိုတော် Hyolynကတော့ ပြီးခဲ့တဲ့ တနလာင်္နေ့က ကျင်းပခဲ့တဲ့  ၂၀၁၈ခုနှစ်ရဲ့ KBS Drama Awardsမှာ ငွေရောင် အင်္ကျီတိုတိုလေးကို ဝတ်ဆင်ခဲ့ပြီး ဖျော်ဖြေခဲ့တာကြောင့် ဝေဖန်သူတွေက သူမကို တင်သားတွေကို အကုန်မြင်နေရတယ်ဆိုပြီး  အင်တာနက်ပေါ်မှာ ဝေဖန်စာတွေရေးသားခဲ့ကြပါတယ်။ အဲဒီပွဲကို လာကြတဲ့ မင်းသား၊မင်းသမီးတွေကလည်း သူမရဲ့ ဖျော်ဖြေမှုကို ကြည့်နေစဉ်မှာ တော်တော်လေး အဆင်မပြေတဲ့ အပြုံးတွေ နဲ့ ကြည့်နေကြတာကို တွေရပါတယ်။

Hyolyn ကတော့ Spring Watch ဆိုတဲ့ သီချင်းကို သီဆိုဖော်ျဖြေခဲ့တာဖြစ်ပြီး See Sea နဲ့  Dally သီချင်းတွေကိုလည်း ဖျော်ဖြေပေးခဲ့ပါသေးတယ်။ Hyolyn ကတော့ နာမည်ကျော်တဲ့ အဆိုတော်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူတစ်ယောက်ဖြစ်ပေမဲ့လည်း လုံလုံခြုံခြုံရှိတဲ့ ပွဲတက်ဝတ်စုံတွေဝတ်ပြီး တက်ရောက်လာကြတဲ့ ပွဲလာပရိသတ်တွေကတော့ Hyolynရဲ့ ဖျောဖြေနေစဉ်မှာ တော်တော်လေးကို ရှောခ့်ရနေတဲ့ ပုံတွေဖြစ်နေကြပါတယ်။

READ
ချစ်စရာကောင်းလွန်းတဲ့ ခေတ်နဲ့ သစ်တို့ရဲ့ ဗီဒီယိုအသစ်လေးတွေတင်လိုက်တဲ့ ချစ်သုဝေ

အွန်လိုင်းပေါ်မှာတော့ သူမရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး”ဒါနင့်ရဲ့ ဖျော်ဖြေပွဲမဟုတ်ဘူး” “ဒါက ဒရာမာဆုပေးပွဲ အဆိုတော် ဆုပေးပွဲမဟုတ်ဘူး” စသဖြင့်ဝေဖန်မှုတွေ ရေးသားခဲ့ကြပါတယ်။

 

Source: South China Morning Post

SHARE