ကျောက်ဆောင်ကိုသာ ထွင်းထုပြီးဆောက်ထားတဲ့ အိန္ဒိယက ဘုရားကျောင်း

Kailasa ဘုရားကျောင်းဟာ အိန္ဒိနိုင်ငံ၊ Aurangabad, Maharashtra ဒေသ၊ Ellora မှာတည်ရှိတဲ့ ကျောက်ဂူဘုရားကျော်းဖြစ်ပါတယ်။ Ellora ကျောက်ဂူဘုရားကျောင်း (၃၄) ကျောင်းထဲက (၁၆) ခုမြောက် ဘုရားကျောင်းလည်းဖြစ်ပါတယ်။

Wiki

ခုနှစ်အနေနဲ့ကတော့ (၈) ရာစုနှစ်မှာ Krishna 1 ဘုရင်မှ တည်ဆောက်ခဲ့တယ်လို့ ယူဆကြပါတယ်။ ရှီဗာဘုရားကျောင်းဖြစ်ပြီး Pallava နဲ့ Chalukya တို့ရဲ့ ဗိသုကာလွှမ်းမိုးမှုတွေကိုတွေ့ရပါတယ်။

ဘုရားကျောင်းဟာ ကျောက်တွေနဲ့ချည်း ထွင်းထုထားတာ ဖြစ်တဲ့အတွက် အတွေးထဲမှာတော့ ကျောက်တုံးကျောက်ဆိုင်ခဲတွေကို တစ်ခုချင်းထွင်းထုပြီးမှ ပေါင်းစည်းကာဘုရားကျောင်းတည်ထားတယ်လို့ ထင်မြင်ကြမိမှာပါ။ သို့ပေမယ့် တကယ်တမ်းမှတော့ Kailasa ဘုရားကျောင်းဟာ ကြီးမားလှတဲ့ ကျောက်ဆောင်ကျောက်တုံးကြီး တစ်တုံးတည်းကိုသာ တစ်ဆက်တည်း ထွင်းထုကာ အခုလို ဗိသုကာလက်ရာမြောက် ဘုရားကျောင်းကြီးအဖြစ် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

Wiki

ကျောက်ဆောင်တစ်ခုတည်းကို တစ်ဆက်တည်း ထွင်းထုတာဟာ သာမန်လူတွေဖို့ ခက်ခဲလှတဲ့ တည်ဆောက်မှုမျိုးဖြစ်တာကြောင့် ဒီဘုရားကျောင်းဟာ လူစင်စစ်တွေက ဆောက်ထားတာရော ဟုတ်ရဲ့လားဆိုပြီး အယူအဆတွေရှိနေပါတယ်။

READ
ကလေးတွေကို မကောင်းဆိုးဝါးမကပ်နိုင်အောင် မောင်းထုတ်ကြတဲ့ စပိန်ရိုးရာဓလေ့
Wiki

Kailasa ဘုရားကျောင်းဟာ သူ့တည်ဆောက်ပုံ တစ်ခုတည်းတင် စိတ်ဝင်စားဖွယ်ကောင်းတာမဟုတ်ပါဘူး။ ဘုရားကျောင်းမှာထည့်သွင်းထွင်းထုထားတဲ့ ပန်းပုရုပ်တွေနဲ့ ဗိသုကာလက်ရာတွေဟာ အမျိုးအစားတစ်ခုတည်းကမဟုတ်ပါဘူး။ ဆိုလိုချင်တာ ဒီဘုရားကျောင်းကိုတည်ဆောက်ရာမှာ မတူညီတဲ့ဓလေ့ပေါင်းစုံမှ ပညာရှင် ၊ လက်ရာရှင်တွေ အတူတူပူးပေါင်းကာတည်ဆောက်ထားတာပါ။ လူမျိုး၊ ဓလေ့မတူတဲ့အပြင် လက်ရာတွေကို aလ့လာကြည့်မယ်ဆိုရင်လည်း ထုဆစ်ထားတဲ့ကာလတွေ မတူညီတာကြောင့် ထူးခြားစိတ်ဝင်စားဖွယ် ရှိနေခဲ့ပါတယ်။

Wiki

တည်ဆောက်ခဲ့တဲ့ ကာလကို သေချာပြန်ကြည့်မယ်ဆိုလျှင် (၈) ရာစုနှစ်မှာတော့ စတင်တည်ဆောက်နေတာဖြစ်ပေမယ့် အပေါ်မှာဖော်ပြခဲ့တဲ့ Krishna 1 ဟာ ဘုရားကျောင်းကို ပြီးမြောက်အောင် မတည်ဆောက်နိုင်ခဲ့ပါဘူး။ Krishna 1 ပြီးနောက်ပိုင်း ထီးနန်းဆက်ခံသူဟာလည်း ဒီဘုရားကျောင်းကို ပြုပြင်ပြောင်းလဲမှုတွေ၊ ဆက်လက်တည်ဆောက်မှုတွေ လုံးဝမလုပ်ခဲ့ဘူးလို့ ပညာရှင်တွေက ယူဆခဲ့ကြပါတယ်။

Wiki

နောက်ပိုင်း Dhruva Dharavarsha, Govinda III, Amoghavarsha, နဲ့ Krishna III ဆို့လက်ထပ်တွေကျမှ ဘုရားကျောင်းကို ပြီးပြတ်အောင်ဆောက်လုပ်နိုင်ပြီး ချဲ့ထွင်မှုတွေ၊ ဗိသုကာလက်ရာအလှတွေကို ပြန်ပြီးတည်ဆာက်ခဲ့ကြတယ်လို့ ခန့်မှန်းရပါတယ်။

READ
နှင်းလူအရုပ်ပေါင်းများစွာနဲပ အလှဆင်ထားတဲ့ တရုတ်နိုင်ငံရဲ့ ရေခဲမြို့တော်

ဘုရားကျောင်းတွင်းမှ အချို့သောဗိသုကာလက်ရာတွေကတော့ ဘုရားကျောင်းလုံးဝတည်ဆောက်ပြီးစီးပြီး ဆယ်စုနှစ် ၃ နှစ်သို့မဟုတ် ၄ နှစ်လောက်ကြာမှ ထပ်မံထည့်ဖြည့်ခဲ့တဲ့ လက်ရာတွေရှိပါတယ်။

Wiki

ဒီပုံဟာဆိုလျှင်တော့ အိန္ဒိယရဲ့အကောင်းဆုံး ဗိသုကာလက်ရာလို့တောင်ဆိုနိုင်တဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။ ဗိသုကာလက်ရာတွေ၊ ထွင်းထုထားတဲ့ ပန်းပုပုံသဏ္ဍာန်တွေကို ယနေ့ခေတ်ပညာရှင်များက တတ်နိုင်သလောက် အဓိပ္ပာယ်ဖော်ခဲ့ကြပေမယ့် ရှေးအခါက နတ်ဘုရားနဲ့သမိုင်းကြောင်းတွေကြောင့် အချို့သောလက်ရာများဟာတော့ အခုအချိန်အထိ အဓိပ္ပာယ်မဖော်နိုင်လျက်ရှိပါသေးတယ်။

Source: Anonews, Wiki

Penny

 

 

 

SHARE