လက်ရှိ အမေရိကရဲ့ ဒုတိယသမ္မတကတော့ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Kamala Harris ပါ။ သူမဟာ ဒုတိယသမ္မတဖြစ်ခွင့်ရခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ ကလေးတွေကစလို့ ဟိုးအသက်ကြီးတွေအဆုံး အခုအချိန်မှာတော့ Kamala Harris ကို လေးစားလို့မဆုံးဖြစ်နေကြပါတယ်။
အခုလည်း Kamala နဲ့ ပတ်သက်ပြီးတော့ နာမည်ကြီးနေတဲ့ အကြောင်းအရာတစ်ခုရှိနေပါတယ်။ အဲဒါကတော့ Kamala ရဲ့ fashion ပါ။ Kamala တစ်ယောက် သူမရဲ့ မဲစွယ်ကာလမှာကတည်းကိုက အမြဲတမ်းလိုလို suiteကိုပဲ ဝတ်ဆင်တတ်တာ သတိထားမိမှာပါ။ အခုလည်း Joe Biden သမ္မတကျန်းကျိန်ပွဲကို တက်ရောက်ခဲ့တဲ့ Kamala ဟာ သူဝတ်နေကျ suite အပြည့်ကိုပဲ ဝတ်ဆင်ထားခဲ့ပါတယ်။ ဖိနပ်ကိုလည်း သူမရဲ့ လက်ဆွဲ brand တစ်ခုဖြစ်တဲ့ Converse ကိုပဲ ဝတ်ဆင်ထားခဲ့တာပါ။ နောက်ထူးထူးခြားခြားပြင်ဆင်လာတာဆိုလို့ ပုလဲလက်ဝတ်ရတနာလေးတွေပဲ ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။
View this post on Instagram
View this post on Instagram
တလောကတုန်းကလည်း Kamala တစ်ယောက် VOGUE မဂ္ဂဇင်းနဲ့ ဓာတ်ပုံရိုက်ခဲ့တုန်းကဆိုရင်လည်း သူမရဲ့ signature look ဖြစ်တဲ့ ကုတ်ဝမ်းဆက်၊ ပုလဲရတနာနဲ့ Converse ဇိနပ်ကို စီးခဲ့ပါသေးတယ်။ အဲဒီကစပြီးတော့ Kamala ဖက်ရှင်ဆိုပြီး နာမည်ကြီးလာခဲ့တာပါ။

၂၀၁၆ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း အမေရိကက အမျိုးသမီးတွေကြားထဲ campaign တစ်ခုခေတ်စားခဲ့ပါသေးတယ်။ #WearWhiteToVote ဆိုတဲ့စကားလုံးနဲ့ ရွေးကောက်ပွဲမှာ အမျိုးသား-အမျိုးသမီး တန်းတူအခွင့်ရေးရရှိရေးအတွက်ဆိုပြီးတော့ အဖြူရောင်တွေဝတ်ကာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ Hillary Clinton ရဲ့ နှစ်ပေါ့။
Kamala Harris landed in Milwaukee today and walked off the plane wearing Converse Chuck Taylor shoes pic.twitter.com/iU7YVan8fF
— Alexis Benveniste (@apbenven) September 7, 2020
အခုလည်း Kamala Harris တစ်ယောက် ဒုသမ္မတဖြစ်ပြီဆိုတော့ Kamala ဝတ်နေကျ Converse ဖိနပ်လေးတွေဟာ နာမည်ကြီးလာခဲ့ကြပါတယ်။ Twitter ပေါ်မှာလည်း အမျိုးသမီးလေးတွေဟာ သူတို့မှာရှိနေတဲ့ Converse ဖိနပ်လေးတွေကို Kamala ကို ဂုဏ်ပြုတဲ့အထိန်းမှတ်အနေနဲ့ အလှတွေဆင်ပြီးတော့ ပိုစ့်တွေတင်နေခဲ့ကြပါတယ်။


တစ်ချို့ဆိုရင် suite ကို Converse ဖိနပ်စီးပြီး ပုလဲလက်ဝတ်ရတနာတွေနဲ့ တွဲပြီးတောင် ဝတ်နေကြပါပြီတဲ့လေ။
View this post on Instagram
View this post on Instagram
penny